ဒေါက် -- ဒေါက်--- ဒေါက်
အခန်တံခါးခေါက်သံကြောင့် သွန်းမာန် အိပ်ချင်မူးတူးနဲ့ ထထိုင်လိုက်မိသည်။
နာရီကိုကြည့်လိုက်တော့ ည ၁ နာရီ ထိုးလု ထိုးခင်...
အပြင်မှာကလည်း မိုးတွေ သည်းထန်စွာ ရွာနေသေးတာကို......
ဒေါက်-- ဒေါက်-- ဒေါက်
အဆက်မပြတ် တံခါးခေါက်နေတာကြောင့် သွန်းမာန် အတွေးရပ်ပြီး ... တံခါးသွားဖွင့်လိုက်လေသည်။
တံခါးဝမှာ ရပ်နေသည့် hotel ဝန်ထမ်းလေး...
" ဆရာ့အတွက် Lattee coffee လာပို့တာပါ"
" ဟေ! ဒီအချိန်ကြီး coffee ဘာလုပ်ရမှာလဲ??"
သွန်းမာန် အိပ်ချင်တာတောင် ပျောက်သွားရသည်။
ဒီ အချိန် ကြီး coffee တဲ့..." ဟိုဘက်အခန်းက အစ်ကိုလေးက သူ့အတွက် black coffee မှာရင်း ဆရာ့ကိုပါ Lattee ဝင်ပေးဖို့မှာလို့ပါ"
ဟိုဘက်ခန်း??
ကြိုးလေးက ဒီအချိန် ထိမအိပ်သေးတာလား??hotel ဝန်ထမ်း ကိုင်ထားတဲ့ ဗန်းလေးပေါ်က coffee နှစ်ခွက်ကိုကြည့်ပြီး သွန်းမာန် သက်ပြင်းချလိုက်သည်။
" ကိုယ့်ကိုပဲ ပေးလိုက်တော့ ကိုယ်သွားပေးလိုက်မယ်"
hotel ဝန်ထမ်းလေးဆီက ဗန်းလေး လက်ပြောင်းယူပြီး ဘေးခန်း တံခါးကို ခေါက်လိုက်လေသည်။
.
.
.
" ဝင်ခဲ့ပါ..."သွန်းမာန် တံခါးဖွင့်ပြီး ဝင်လာလိုက်တော့ ပြတင်းတံခါး ဝမှာ မတ်တပ်ရပ်နေသော ကြိုးလေး......
ဒီလောက် မိုးတွေ ရွာနေတာကို ......
သွန်းမာန် ဗန်းကို စားပွဲပေါ်တင်လိုက်ပြီး coffee ခွက် နှစ်ခွက်ကိုင်ကာ ကြိုးလေး ရှိရာသို့ လျှောက်လာလိုက်သည်။
" ဒီ အချိန်ထိ မအိပ်ပဲ ဘာလုပ်နေတာလဲ ကြိုးလေး?"
" လျှပ်စီးလက်တာကို ကြည့်နေတာ... အရမ်းလှလို့..."
" ပေါက်ပေါက်ရှာရှာကွာ...... အန္တရာယ်များတယ် မကြည့်နဲ့တော့..."
ကိုးမာန် ရဲ့ စကားတစ်ခွန်းနဲ့ ချက်ချင်းအကြည့် လွှဲလိုက်တဲ့ ကြွေ...
YOU ARE READING
ကွှကွေိုး ကြွေကြိုး (Zawgyi+Unicode)
Teen Fictionစိတ်ကူး အိမ်မက် နဲ့ လက်တွေ့ အားလုံးမှာ ဖြစ်တည်မှုက ချည်နှောင်ထားတဲ့ ကြိုး ကြွေ ကြိုး စိတ်ကူး အိမ်မက် နဲ့ လက်တွေ့ အားလုံးမှာ ဖြစ်တည်မှုက ချည်နှောင်ထားတဲ့ ကြိုး ကြွေ ကြိုး