Ep - 18

7.5K 1K 269
                                    

သွန်းမာန် ကားကို အမြန်မောင်းလာပေမယ့် coffee ဆိုင်ကို တော်တော်လေး နောက်ကျပြီးမှ ရောက်လာလေသည်။

ညနေ ၅ နာရီခွဲ ဆိုသော အချိန်က ပုံမှန်အားဖြင့် မှောင်ရိပ်သန်းချိန် မဟုတ်သော်ငြား......
ဒီနေ့မှ မိုးက သည်းထန်စွာရွာပြီး မှိုင်းအုံ့နေတာမို့ ကားကိုတောင် မနည်းဂရုစိုက် မောင်းနှင်လာရတာ.........

ဟင်??
coffee ဆိုင်ထဲမှာလည်း ကြိုးလေး မရှိပါလား......
မစောင့်နိုင်တော့လို့များ ပြန်သွားပြီလား???

စိတ်ဆိုးသွားရင် ပြသနာ...

သွန်းမာန် စိတ်ရှုပ်ထွေးစွာ ဆိုင်အပြင်ဘက် ကို အမှတ်တမဲ့ကြည့်လိုက်မိတော့...

ကားလမ်းတစ်ဖက် မိုးရေးထဲမှာ ဝိုးတစ်ဝါး မြင်လိုက်ရတဲ့ ကြိုးလေး......

သွန်းမာန် မျက်လုံးပြူးသွားရသည်။

ဒီလောက် မိုးရွာနေတာကို ......... မိုးရေထဲ ဘာများလုပ်နေရတာလဲ ကြိုးလေးရယ်......

သွန်းမာန် ကားလမ်းအမြန်ကူးပြီး ရောက်လာတော့ မိုးရေအရွှဲသား နဲ့ ကြိုးလေးက ပြုံးပြီး ကြိုနေလေသည်။

" ကားရပ်ကတည်းက တွေ့တယ် ...... ခင်ဗျား ဘာလုပ်မလဲ စောင့်ကြည့်နေတာ"

" ကြိုးလေးရယ် မိုးရေထဲမှာ ဘာလုပ်နေတာလဲ??"

" အစကတည်းက ဒီမှာထိုင်စောင့်နေတာ... မိုးက သူ့ဘာသာရွာလာတာလေ "

" မိုးရွာရင်လည်း ဆိုင်ထဲမှာဖြစ်ဖြစ် စောင့်နေတာမဟုတ်ဘူး..."

" ဒီနေရာမှာ ကျွန်တော် အရင်ထိုင်နေတာလေ ... မိုးရွာတာနဲ့ပဲ ကျွန်တော်ထိုင်နေရာက ထပေးရမှာလား??"

ပတ်လည်တွေရိုက်နေသော စကားဝိုင်းကို သွန်းမာန် နိုင်အောင် ဆက်မပြောနိုင်တော့...

" အဲ့လို ခေါင်းမာနေတာနဲ့ အအေးမိပြီး ဖျားတော့မှာပဲ ... လာ ကားထဲဝင် အိမ်လိုက်ပို့ပေးမယ်"

ထိုအခါ...
ရုတ်တရက် တည်ငြိမ်သွားတဲ့ ကြိုးလေးရဲ့ မျက်ဝန်းတွေ နဲ့အတူ......

တိုးတိုးလေး ပြောပေမယ့် တည်ငြိမ်မှု အပြည့်နဲ့ စကားသံ......

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now