Ep - 17

7.8K 1K 200
                                    

at pinky cafe

အိမ်မှာ တစ်ခုခု ဖြစ်လာပုံရသော ကြိုးလေး...
စူပုတ်နေတာမဟုတ်ပေမယ့် မျက်နှာ မကောင်းဖြစ်နေသော ကြိုးလေး ...

သွန်းမာန် စီစဉ်လာတာလေးသိရင် ကြိုးလေးစိတ်အပြောင်းအလဲ ဖြစ်သွားနိုင်သည်လေ...

အတွေးနဲ့အတူ သွန်းမာန် စကားစလိုက်သည်။

" ဒီနေ့ဘာနေ့လဲ သိလား ကြိုးလေး?"

coffee မွှေနေရာက မျက်လုံးလေး လှန်ကြည့်လာတဲ့ ကြိုးလေး...
ခဏ စဉ်းစားနေပုံရပြီး...

" သောကြာနေ့..."

သွန်းမာန် ဆက်ပြောမယ့် စကားလုံးတွေ ပျောက်လုပျောက်ခင် ဖြစ်သွားရသော အဖြေတိုတိုလေး...

အေးလေ ... ကြိုးလေး ဖြေတာလည်း မမှားပါ
မျှော်လင့်တကြီး အမှတ်မရှိ မေးမိသည့် ကိုယ့်ကိုယ်ကိုယ် သာအပြစ်တင်ရတော့မှာပင်။

" အဲ့လို စိတ်ပျက်နေတဲ့ ရုပ်ကြီး ဖြစ်မသွားစမ်းပါနဲ့ ကိုးမာန်ရာ...... ပြောစရာရှိတာ ကွေ့ဝိုက်မနေပဲ တည့်ပြော......"

" ဒီနေ့ ငါတို့ ခင်မင်တာ ရက် ၅၀ ပြည့်တဲ့နေ့လေ... "

ကြွေ ပြုံးလိုက်မိသည်။
ဘယ်နေ့ကို အတည်ယူပြီး တွက်ချက် လာလဲတော့မသိ...
ကြွေ မှတ်မိတဲ့ နေ့က အစပြုရရင်ဖြင့် ရက် ၅၀ မကတော့လောက်ပါ...။

" အဲ့ဒီတော့?"

" ဒီမှာ လက်ဆောင်!"

မျက်စိရှေ့ရောက်လာတဲ့ စက္ကူဘူး လေးကို ကြွေ အတော်ကြာ စိုက်ကြည့်နေလိုက်မိသည်။

လက်ဆောင်တဲ့လား......

" အမှတ်တရတွေ ရဲ့ အထိမ်းအမှတ်အဖြစ် ဒီ snow ball လေးကို လက်ဆောင်ပေးတာ... ဒီ snow ball ထဲက အီဖယ် မျှော်စင်လေးကို တွေ့တယ်မလား ? အဲ့နေရာကို တစ်နေ့ အလည်သွားကြမယ်လေ..."

" တော်တော် စိတ်ကူးယဉ်တက်တာပဲနော်.."

ကြွေ့စကားကြောင့် ကြောင်အမ်းအမ်း ဖြစ်သွားရတဲ့ သွန်းမာန်...

ကြွေကတော့ သွန်းမာန် ထုတ်ပြနေတဲ့ snow ball လေးကိုသာ စိုက်ကြည့်နေရင်း......

" လက်ရှိ အခြေနေတောင် ဘာမှန်း ရေရာတာမဟုတ်ပဲနဲ့ ဟိုး...... အဝေးက မမြင်ရတဲ့ အနာဂတ် အတွက် စိတ်ကူးတွေ ကြို ယဉ်နေတာ... စိတ်ပျက်စရာပဲ"

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now