Ep - 22

8.2K 1.2K 234
                                    

ဖျောက်...... ဖျောက်......ဖျောက်

မနက်စောစော ရွာနေတဲ့ မိုးသံက နားထဲမှာ သံစဉ်တစ်ခုအလား...
ကြွေကတော့ ထုံးစံအတိုင်း အိပ်ရာပေါ်မှာ ငြိမ်ငြိမ်လေး ထိုင်နေရင်း.........

မနေ့ကအဖြစ်ကို ပြန်တွေးနေလိုက်မိသည်။
ရုတ်တရက် ထူးထူးဆန်းဆန်း အပြုမူတွေနဲ့ ကိုးမာန်…

တလောကလုံး ကိုယ့်ဘက်မှ မရှိတဲ့အချိန် မားမားမတ်မတ် ရောက်လာပေးတဲ့ ကိုးမာန်

ကြွေ မဲ့ပြုံးလေးပြုံးလိုက်မိပြန်သည်။

ကျွန်တော့်ကို ယုံတယ်တဲ့လား??

ကိုယ့်ကိုယ်ကိုယ်တောင်တစ်ခါတစ်လေ မယုံရဲတာကို……
ခင်ဗျားက……… ဘယ်လိုစိတ်မျိုးနဲ့လဲ?

ဘာစကားမှ မတုံ့ပြန်ပဲ ဒီအတိုင်းပြန်လာခဲ့ပေမယ့် တစ်ညလုံးလည်း အိပ်မရ……
တဖြည်းဖြည်းနဲ့ အိပ်စက်ချိန်ကိုပါ ထိပါးလာတဲ့ ကိုးမာန်……

ဒီလိုသာဆို ခက်ရချည်ရဲ့……

ကြွေ အိပ်ရာကနေ ထလာပြီး ပြတင်းပေါက်ရှိရာသို့လျှောက်လာလိုက်သည်။

ကောင်းကင်က နတ်သမီးမျက်ရည်တွေကတော့ သည်းထန်စွာ ကျဆင်းနေဆဲ။

မိုးရေတွေလိုပဲ…
ကျွန်တော် တားဆီးထားတဲ့ စိတ်တံခါး ပျက်စီးသွားတဲ့အခါ …
ကျွန်တော့် ခံစားချက်တွေ အတားအဆီးမရှိ ခင်ဗျားအပေါ် သက်ရောက်သွားမှာ …

ခင်ဗျား စိုးရိမ်ရကောင်းမှန်း မသိပေမယ့်
ကျွန်တောာ်ကတော့ စိုးရိမ်နေမိတယ်……

ဒီလောက်မြန်မြန် ဆန်ဆန် ကျွန်တော့်စိတ်ကို တိမ်းညွှတ်အောင် လုပ်နိုင်တဲ့ ခင်ဗျား ……
တကယ်မကောင်းဘူး.……

အခုတော့ ……… ကျွန်တော် ဘာဆက်လုပ်ရတော့မလဲ……
.
.
.
.
.
.
.
တွေဝေမှုတွေနဲ့ ဝေခွဲရခက်နေတဲ့ အကြောင်းအရင်းတွေရဲ့ ခေါင်းစဉ်က………

အချစ်ဆိုတာများလား?????

တကယ်ပဲ
အဲ့အချစ်ဆိုတာကို မဖြစ်မနေ နေရာပေးသင့်နေပြီလား???????

~~~~~~~~~~~~~~~~~~~~~~
at Uni…

ကြွေ အတန်းပြီးလို့ စာသင်ခန်းထဲကနေအထွက် ရှေ့ကနေ ပိတ်ရပ်လိုက်တဲ့ Roy…

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Unde poveștirile trăiesc. Descoperă acum