Part -30

6K 981 67
                                    

အသည်းကွဲတယ်......

လူတော်တော်များများသုံးလေ့ ရှိတဲ့ စကားစုလေး.....
.
.
.
အမှတ်တရလည်းမရှိ....
အပြန်လှန် ချစ်ခြင်းလည်းမပါခဲ့တဲ့ ပတ်သတ်မှုမျိုး
အတွက်ရော... အသည်းကွဲမှု ဆိုတာ အကျုံးဝင်ပါရဲ့လား.....

.
.
Roy တစ်ယောက်တည်း စားပွဲမှာထိုင်နေရင်း
အအေးခွက်လေးကို စိုက်ကြည့်ပြီး တွေးနေမိတာ...
.
.
ချစ်ရတာ လွယ်ပေမယ့်.....
မေ့ပစ်ဖို့ကျတော့... ဝင်္ကပါထဲ လမ်းပျောက်နေသလို
ယောင်လည်လည် ဖြစ်နေရတာ....
.
.
ပင်ပန်းလိုက်တာ...
.
.
ငါ.... မင်းကို အစကတည်းက မချစ်ခဲ့သင့်ဘူး..ဂုဏ်ရောင်

ငါ... နောင်တရတယ်...
.
.

ဟင်း.....
သက်ပြင်းသဲ့သဲ့ချလိုက်ပေမယ့်...
ရင်ထဲက တင်းကျပ်လေးလံ မှုကတော့ လျော့မသွား...

ချစ်ခဲ့မိတော့လည်း ခံရပေဦးမပေါ့..

အတွေးကို ခဏဖြတ်တောက်ပြီး
ဟိုသည်ငေးကြည့်နေစဉ်..

ုမြင်ကွင်း ထဲဝင်လာသူက..

ကိုသွန်း....

Roy ကြည့်နေဆဲမှာပင်...
VIP roomထဲက ထွက်လာတဲ့ လူကြောင့် Roy
မျက်မှောင်ကျုံ့လိုက်မိသည်။

ဂုဏ်ရောင့်ရဲ့ Daddy....

ကိုသွန်းနဲ့ တစ်ခုခု ပြောပြီး အခန်းထဲဝင်သွားကြတာ...

ခပ်ဟဟ ပွင့်နေတဲ့ တံခါး အတွင်းဖက်ကို
ကြည့်လိုက်မိတော့..
သဲသဲကွဲကွဲ မဟုတ်ပေမယ့်... အထဲမှာ တစ်ယောက်
ယောက် ရှိနေတာ ကျိန်းသေသည်။

တံခါးပိတ်သွားသည်ထိ Roy ငေးနေရင်း ဆက်တိုက်ဆိုသလို တွေးလိုက်မိတာ...

ဒါနဲ့ဆို ဂုဏ်ရောင့် Daddy နဲ့ ကိုသွန်းကို တွေ့တာ
နှစ်ကြိမ်ရှိပြီ..
သူတို့ရဲ့ ပတ်သတ်မှုက ဘာတွေလဲ....

ဒါကို ကြွေကြိုးကရော သိရဲ့လား..

.
အထဲမှာ ရှိနေတဲ့ သူကရော ဘာလဲ??
.
.
.
.
ခဏလေး မြင်လိုက်ရပေမယ့် ရိုးသားမှု အငွေ့အသက်
လုံးဝကိုမရ.....

ကြွေကြိုးက ကိုသွန်းကို ချစ်နေတာ သေချာနေတာကို....
ကိုသွန်း... ဘာတွေ လုပ်နေတာလဲ????
.
.
.
~~~~~~~~~~~~~~~~~~

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now