Part - 52

3.5K 515 81
                                    

Zawgyi ver
___________

" မေမေ သဘောမတူဘူး သား!"

" မေမေ~~"

" ဟင့်အင်း...မေမေ လုံးဝသဘောမတူဘူး
ဒီမင်္ဂလာပွဲ မလုပ်ပါနဲ့ သားရယ်"

သွန်းမာန် ဘာမှပြန်မပြောပဲ သက်ပြင်းသာ
အသာချလိုက်မိသည်။
ကြိုးလေး နဲ့ လက်ထပ်မယ်ဆိုတာကို
မေမေ က အသည်းအသန်တားနေတာကြောင့်
သွန်းမာန် ဘာဆက်ပြောရမှန်းကိုမသိ။

" honey... သား စကားဆုံးတဲ့အထိ
နားထောင်ပေးလိုက်ပါဦး "

သွန်းမာန် ဖေဖေက ဖျောင်းဖျ ပေမယ့်
မေမေက လုံးဝငြင်းဆန်နေဆဲ။

" နားမထောင်ချင်ဘူး.... မေမေ အဲ့ကလေးကို
ကြည်ဖြူနိုင်မယ်မထင်ဘူး .."

" မေမေ.. သားပြောတာ ခဏလေး စိတ်အေး
အေးနဲ့ နားထောင်ပေးနော် ..."

မေမေ ငြိမ်သွားတာကို Screen ပေါ်မှာ မြင်လိုက်ရတာနဲ့ သွန်းမာန် ဆက်ပြောလိုက်သည်။

" ကြိုးလေးက သားနဲ့ လက်ထပ်ရမှ ပျော်နိုင်မယ် ထင်တယ်..
သား ကြိုးလေး ကို ပျော်စေချင်တယ် မေမေ.."

" သားရယ်... "

မေမေ စိတ်လျှော့ချလိုက်ပြီဆိုတာ သွန်းမာန်
ခန့်မှန်းမိလိုက်သည်။
မေမေက ဒီလိုပါပဲ....
သွန်းမာန်ကို အမြဲ အလျှော့ပေးနေကျ...

ဟိုး တစ်ချိန်က အရူးထခဲ့တုန်းကရော...
အခုရော...
မေမေတို့က နားလည်ပေးခဲ့ကြတာ...

မေမေက ငိုတော့မယ့် အရိပ်အယောင်ပြလာတာ
ကြောင့် ဖေဖေက ပခုံးလေးဖက်ပြီး အသာအယာ
နှစ်သိမ့်ပေးလေသည်။

ထိုအခြေနေကို မြင်ရလေ သွန်းမာန်
မေမေတို့ကို ပိုအားနာလေ ဖြစ်ရတာကြောင့်
ခေါင်းကိုသာ ငုံ့ထားလိုက်မိသည်။
.
.
.
.
အားလုံး ငါ့အပြစ်တွေပါပဲ....
.
မေမေ မျက်ရည်တွေကလည်း ငါ့ကြောင့်...
.
ကြိုးလေးရော...
ဦးမင်နောင်ကြိုးရော...
.
.
အားလုံး ငါ့ကြောင့်....
ငါမကောင်းခဲ့တာ...
.
.
~~~~~~~~~~~

" နောက်တစ်ချပ် ထပ်ပေးဦး "
.......

ဂျွပ်.... ဂျလွတ်...

" နောက်တစ်ချပ် "
........

" အုန်းသီးများများထည့်ပေး .. နို့ဆီလျှော့ "

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now