part - 46

5.3K 882 91
                                    

ဖျောက်...
ဖျောက်...
ဖျောက်...

မိုးရေစက် တစ်ဖျောက်ဖျောက် ကျနေတဲ့ အသံလာရာနေရာကို ကြွေ လှမ်းကြည့်လိုက်တော့..
ကြွေ မိုးခိုနေတဲ့ အမိုး အစွန်းကနေ ကျနေတဲ့ မိုးရေစက်
တွေရဲ့ အသံ...

ကြွေ သဘောကျစွာ ပြုံးလိုက်မိသည်။

ဟင်?

ကြွေကြိုး ပြုံးလိုက်တာပါလား?

ဒီလိုအခြေနေမှာ ပြုံးနိုင်သေးတယ်လား
Roy အံ့သြလွန်းစွာ ပါးစပ်အဟောင်းသား ဖြစ်နေပြီး..

" ကြွေ..ကြိုး? "

ကြွေ ပခုံးကို လှမ်းကိုင်လိုက်တော့ ထုံပေပေ မျက်နှာလေး
နဲ့ လှည့်လာတဲ့ ကြွေ...
နှုတ်ခမ်းထက်မှာက အပြုံး ခပ်ရေးရေးလေးနဲ့..

ဘုရားစူး.. ကြွေကြိုး တကယ် ပြုံးနေတာပဲ!

" မင်း... မင်း အခု ပြုံးနေနိုင်သေးတာလား ကြွေကြိုး?''

Roy မယုံနိုင်စွာ ထပ်မေးလိုက်မိသည်။
အကြောင်းစုံသိပြီးချိန်မှာ တစ်ခုခု ခံစားနေရမှာ ကျိန်းသေတာကို...
ဘယ်လိုလုပ်ပြီး...

" ငါ မပြုံးနိုင်စရာ အကြောင်း ဘာရှိလို့လဲ?''

အေးစက်စက် တုံ့ပြန်လာတဲ့ ကြွေ..

" မင်း အဖေနဲ့ ကိုသွန်း ရဲ့ ပတ်သတ်မှုကိုသိပြီး ဘာမှ မခံစားရဘူးလား..?''

ကြွေ သက်ပြင်းချလိုက်မိသည်။
ဒီ လူလောက နဲ့ကတော့ ခက်ပါရောလား..

ခံစားချက်တိုင်းကို မျက်နှာအမူရာမှာ တွေ့ရဖို့
မျှော်လင့်နေကြတာ...
ရူးမိုက်လိုက်လေခြင်း.....

" အတိတ်လေ... . လက်ရှိဘဝမှာ
ကြော်ငြာဝင်ရုံလောက်ပဲ တန်ကြေးရှိတဲ့ အတိတ်ကို
ငါက ဘာလို့ခံစားနေရမှာလဲ...?''

" မင်း... တကယ် အဆင်ပြေတယ်ပေါ့..?''

" Romeo တောင် သူ့ရဲ့အချစ်ဦးက Juliet မဟုတ်ခဲ့ဘူး Roy....
ငါက အမေ့ခံ အမှတ်တရ လက်တစ်ဆုပ်စာနဲ့  အချစ်ဦး ဘဝထက်...
ရာဇဝင်တွင်မယ့် အချစ်ဆုံး ဘဝကို ပိုသဘောကျတယ် ''

ကြွေ့လေသံက တကယ့်ကို အေးဆေး....

" မင်းတကယ် အဆင်ပြေတယ်ဆိုရင်တော့ ငါဝမ်းသာပါတယ် ကြွေ..... ဒီ အဖြစ်ပျက်တွေ မင်းသိရင် မင်းခံစားသွားရမှာ ငါစိုးရိမ်နေခဲ့တာ...''

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Όπου ζουν οι ιστορίες. Ανακάλυψε τώρα