part - 48

5.9K 786 95
                                    

အထုတ်အပိုးတွေ သိမ်ဆည်းသင့်သလောက် သိမ်းဆည်း
ပြီးကြောင်း အခန်းထောင့်က ခရီးဆောင်အိတ် နှစ်လုံးက သက်သေ ပင်။

သွန်းမာန်  coffee ခွက်လေးကိုင်ရင်း တစ်အိမ်လုံးကို
လှည့်ပတ်ကြည့်နေမိသည်။
ဒီ တစ်အိမ်လုံးကို သူ့စိတ်ကြိုက်...ပြင်ဆင် ထားခဲ့တာ..

ဒီနိုင်ငံမှာ အခြေချပြီး.... ပျော်ပျော်ရွှင်ရွှင်နေသွားရဖို့က
သွန်းမာန်ရဲ့စိတ်ကူး....
ဒါပေမယ့်...

သူအခုတစ်ကြိမ်လည်း... ထပ်ပြီး ထွက်ပြေးရဦးမှာပါလေ.

တိုက်ဆိုင်မှုဆိုတာ... အလကားသက်သက် ဖြစ်လာတာမှ
မဟုတ်ပဲ....
အစကတည်းက သိခဲ့ရမှာ...
ကြိုးလေးသာ... ဦးမင်းနောင်ရဲ့ သားမှန်း...
သူ့ကြောင့် အနာဂတ်ပျောက်ခဲ့ရတဲ့ ကလေးမှန်း...
ကြိုသိခဲ့ရင်....

ပတ်သတ်ဖို့မပြောနဲ့....
ခပ်လှမ်းလှမ်းကနေတောင် ကြည့်ဖြစ်ခဲ့မှာမဟုတ်...

အခုလည်း.... အချိန်မှီပါသေးတယ်....
သွန်းမာန် ထွက်သွားတော့မှာပဲ...
ကြိုးလေး အတွက် မငဲ့တာ မဟုတ်ပေမယ့်...
သွန်းမာန် လိပ်ပြာမလုံလို့...

ကြိုးလေးရဲ့ အပြုမူတွေကိုမြင်လိုက်တိုင်း...
သူ့ပယောဂ မကင်းခဲ့တာကို ... သူအသိဆုံးလေ...

ဟူး....
လောကကြီးက အမြဲ ပြီးပြည့်စုံမနေဘူးပဲ....
လိင်တူ စိတ်ဝင်စားတဲ့ ကိုယ့်ဘဝကိုယ် သိမ်ငယ်မှု
တစ်စက်လေးမှ မရှိရအောင် မိဘဆွေမျိုး အသိုင်းဝိုင်း
တွေက ဖေးမ နားလည်ပေးခဲ့ပေမယ့်.....

အချစ်ဆိုတဲ့ အရာအောက်မှာ အမြဲ သိမ်ငယ် ခံစားခဲ့ရတာ....
ငါ့ ဝဋ်ကြွေးပဲ ဖြစ်မှာပါ...

.
.
ဦးမင်းနောင်.... ခင်ဗျားကို ရင်ခုန်ခဲ့တဲ့ အပြစ်ကြွေးက..
သိပ်များလွန်းတယ်....
.
.
ဒါပေမယ့်..... ကျွန်တော် ကျေအောင်ဆပ်မှာ..
ဒီဘဝ...
ဒီမျှ... အပြီး...။

~~~~~~~~~~~~~~~~~~~~
At Novotel Hotel...

ဒေါက်...ဒေါက်...ဒေါက်...
.
.
.

ကြွေ အခန်တံခါးခေါက်သံအဆုံးမှာ တံခါးဖွင့်လာသူက
Fredy...

" ရောက်လာပြီကိုး... ဝင်ခဲ့လေ..''

ကြွေ ခပ်စူးစူး တစ်ချက်ကြည့်ပြီး ဝင်လာခဲ့လိုက်တော့
ကုတင်ပေါ်မှာ လှဲအိပ်နေသော Daddy ကို
တွေ့လိုက်ရလေသည်။

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now