Part - 26

7.8K 1K 100
                                    

at Fuji restaurant...

သီးသန့် VIP ခန်းထဲမှာ မျက်နှာချင်းဆိုင် ထိုင်နေသော သူနှစ်ယောက်......

တိတ်ဆိတ်ငြိမ်သက်နေတဲ့ အခန်း အခြေနေမှာ ...

သွန်းမာန် ကပဲ စကားစပြောဖို့ ဆုံးဖြတ်လိုက်သည်။

" ဘာလို့ တွေ့ဖို့ ချိန်းတာလဲ?"

မထင်မှတ်ထားသည့် အမေးစကားကို ကြားလိုက်ရလို့ ဖြစ်မည်။
မျက်နှာချင်းဆိုင်က ဦးမင်းနောင်ကြိုး မျက်ခုံးအစုံ တွန့်ချိုးသွားတာကို သွန်းမာန် မြင်လိုက်ပါသည်။

" မင်း တွေ့ချင်မယ် ထင်လို့လေ...... အရင်တုန်းက မင်းဆိုရင် ငါ့ကို တွေ့ရဖို့ ကြိုးစားနေမှာ"

" အရင်တုန်းက ကိစ္စကို ခဏခဏ အစ ပြန်မဖော်ပါနဲ့လား ဦးမင်းနောင်..."

" ဘာလို့လဲ?"

" ကျွန်တော်တို့ကြားက အတိတ်က ကောင်းခဲ့တာမှ မဟုတ်ပဲ......"

" ဒါပေမယ့် အဲ့ အတိတ်ကို မင်းမမေ့နိုင်သေးဘူးလေ ...... ဒါကြောင့်လည်း ငါ မင်းကို တွေ့ဖို့ပြောတော့ မင်းချက်ချင်း ရောက်လာတာပဲ မလား..."

သွန်းမာန် သက်ပြင်းတစ်ချက်ချလိုက်ပြီး......

" မေ့ပစ်ဖို့ ကြိုးစားနေပြီးသားပါ...... အခု ကျွန်တော့်မှာ တန်ဖိုးထားရမယ့်သူ ရှိနေပြီ... ကျွန်တော် ခင်ဗျားနဲ့ ဒီ့ထက်ပို မတွေ့တော့ဘူး"

ပြောပြီးတာနဲ့ သွန်းမာန် ထိုင်ရာက ထပြီး ပြန်ဖို့ ပြင်ဆင်လိုက်သည်။

သွန်းမာန် အကြိမ်ကြိမ် စဉ်းစားပြီးမှ ထုတ်ပြောခဲ့တာ...

တော်ပြီ...ကြိုးလေးအတွက် ဒီလူနဲ့ ဆက်ပြီး တွေ့ဖို့ မသင့်တော့......

အတိတ်ကို အတိတ်အဖြစ်သာ ထားနိုင်တာ အကောင်းဆုံး အဖြေတစ်ခု......

" မင်းငါ့အပေါ် ဒီလို လုပ်ပိုင်ခွင့်မရှိဘူး သွန်းမာန်သစ်!"

" ဘာဗျ?"

သွန်းမာန် ခြေလှမ်းတွေရပ်တန့်သွားရသည်။
ဒီလူ ဘာကိုဆိုလိုတာလဲ?

အနည်းငယ်တင်းမာနေသော မျက်နှာထားနှင့် ဦးမင်းနောင်ကြိုးက သူ့စကားသူဆက်လေသည်။

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now