Ep - 15

8.4K 1K 198
                                    

" ဒီလို ကြည့်တော့လည်း မင်းက ကလေးအတိုင်းပဲ "

ပုဂံအမှတ်တရ လက်ပန်းချီ ဆွဲတာကို ငြိမ်နေတဲ့ ကြွေ......
အရင်းမရှိ အဖျားမရှိ ကိုးမာန် စကားကြောင့် ပြုံးလိုက်မိသည်။

ဘေးနားမှာ ထိုင်ပြီး လက်ပန်းချီဆွဲနေတာကို ကြည့်လိုက်......
ကြွေ့ကို ကြည့်လိုက်နဲ့ အလုပ်ရှုပ်နေသော ကိုးမာန်......

ကြွေ သိတာပေါ့......
ထိုင်စောင့်နေရတာကို ကိုးမာန် စိတ်မရှည်တော့ဘူးလေ...

" ခင်ဗျား ဘယ်မှသွားဖို့ မစဉ်းစားနဲ့နော်...... "

" အေးပါကွာ... မသွားပါဘူး ညီလေး မြန်မြန်လေး လုပ်ပေးလိုက်ပါကွာ..."

ကြွေ့ လက်ကို ပန်းချီဆွဲပေးနေတဲ့ ကောင်လေး ခေါင်းညိမ့်ပြီး ခပ်သွက်သွက် လှုပ်ရှားနေတာကြောင့်...

" အဲ့လောက် လောနေရင် ကိုယ့်ဘာသာပဲ သွားလိုက်ပါတော့လား?"

" မိုးရွာလာမှာစိုးလို့ပါကွာ..."

" မိုးတွင်းမိုးရွာတာ ဆန်းလို့လား?? မိုးရေစိုမှာကြောက်ရင် ကိုယ့်ဘာသာပဲ သွားလိုက်တော့ ကိုးမာန်...... ကျွန်တော်ကတော့ မိုးရေ အစိုခံပြီး နေခဲ့လိုက်မယ်"

ပြောနေတဲ့ လေသံက တည်ငြိမ်နေတာကြောင့် စိတ်ဆိုးနေတာ မဟုတ်ဟု ထင်ရပေမယ့်
စကားလုံးတွေက ရွဲ့နေမှန်း သိသာနေတာကြောင့်......

ကိုးမာန် တစ်ခုခုပြောဖို့ပြင်ပြီးမှ...

ပန်းချီဆွဲနေတဲ့ ကောင်လေးရဲ့ ပြုံးစစ မျက်နှာကြောင့် ကိုးမာန် ဆက်မပြောတော့ပဲ ငြိမ်နေလိုက်တော့သည်။

ဒီကောင်လေးနဲ့ အပြိုင် လိုက်ပြောနေရင်တော့ သွန်းမာန်တို့မလွယ်...

သူကတော့ အပြုံးမပျက်...

လက်ခုံမှာ ရေးဆွဲနေတဲ့ တဖြည်းဖြည်းပုံပေါ်လာသော ပန်းချီကိုသာ စိတ်ဝင်တစား ကြည့်နေလေသည်။

အခြေနေကြည့်ရတာတော့ နောက် နာရီဝက်လောက် စောင့်ရဦးမည့်ပုံပင်...

မတက်နိုင်......
ပါးစပ်လေးပိတ်ပြီး ငြိမ်ငြိမ်လေးစောင့်နေတာပဲ ကောင်းပါတယ်လေ......
.
.
.
.

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now