part -42

4.5K 680 32
                                    

မနက်စာစားဝိုင်းမှာ

ခါတိုင်းလို ပျင်းရိပျင်းတွဲ ပုံမဟုတ်ပဲ…

Active ဖြစ်နေတဲ့ ကြွေ့ကို ဦးမင်းနောင် သေချာလိုက်ကြည့်နေလိုက်မိသည်။

ပေါင်မုန့်တွေကို မီးကင်လိုက်…

ယိုသုတ်လိုက်…ပြန်ချထားလိုက်….

ဘီစကွတ်တွေကို ရေခွက်ထဲ ထည့်စိမ်လိုက် လုပ်နေတဲ့

ကြွေ့ပုံက တော်တော်လေး အသိလွတ်နေတဲ့ ကလေးငယ်လို….

ဦးမင်းနောင် ဘာမှမပြောပဲ ကြည့်ပဲကည့်နေလိုက်သည်။

ရိပ်မိတာပေါ့…

ကြွေ… ဟိုကောင်လေးနဲ့ တစ်ခုခု ဖြစ်လာမှန်း…..

ခံစားရလည်း ခဏပေါ့ ကြွေရယ်…..

ဒါ ဘဝ တစ်ခုလုံးမဟုတ်သေးပါဘူး…..

တခဏတာ နာကျင်ရတာဟာ တစ်ဘဝစာ ရင့်ကျတ်ဖို့ဆို နာကျင်သင့်တယ်လို့ Daddy ယူဆထားပါတယ်...

ကြွေကတော့ တစ်ယောက်တည်း အလုပ်ရှုပ်နေဆဲ..

တကယ်တော့ ရှုပ်ထွေးနေတဲ့ ကြွေ့အတွေးတွေကို နေရာမပေးချင်လို့

အလုပ်များနေအောင် တမင်လုပ်နေရတာကို….. ဘယ်သူက သိမှာလဲ

ဒါတောင် နားထဲ တစ်ချက်တစ်ချက် ကိုးမာန် ရဲ့ အဆီငေါ်မတည့်တဲ့

စကားသံတွေ ကြားယောင်နေမိတာ…

လမ်းခွဲမယ်တဲ့လား…..

အဟက်….

သွေးရူးသွေးတန်း နဲ့ ပြောမှန်း သိသာ နေတာကို….

ကြွေကြိုးက ဦးနှောက် မရှိတဲ့ အရူးမို့လား…

ဒါလေးတောင် မရိပ်မိရအောင်…

ဘာအကြောင်းပဲရှိရှိ ကြွေကတော့ ခင်ဗျားကို လက်လွှတ်မှာ မဟုတ်..

ဘဝမှာ….

တကယ်ချစ်ခဲ့ဖူးတာ

ခင်ဗျားတစ်ယောက်တည်းပဲ မို့လို့ပါ…

ထိုစဉ်…

သတင်းစာကို စားပွဲပေါ်တင်ပြီး ထထွက်သွားသော Daddy ကြောင့် ကြွေ အသက်မဲ့စွာ ပြုံးလိုက်မိပြန်သည်။

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Unde poveștirile trăiesc. Descoperă acum