part -43

4.9K 693 31
                                    

ဒေါက်…

ဒေါက်…

ဒေါက်….

လူခေါ် bell ရှိရက်နဲ့ တံခါးခေါက်သံ ကြီး ထွက်လာတာကြောင့်

သွန်းမာန် အာရုံစိုက်ပြီး သေချာ နားထောင်နေလိုက်သည်။

ဒုန်း…

ဒုန်း…

ဒုန်း….

တံခါးထုနေတဲ့ အသံ…

သံတံခါးကို ထုနေတာကြောင့် အသံက တော်တော်လေး ဆူဆူ ညံညံ ထွက်နေတာ…

သွန်းမာန် ပြတင်းပေါက်ကနေ ကြည့်လိုက်တော့…

ဟင်?.

ကြိုးလေး..

သွန်းမာန်ရဲ့ ခြံတံခါးက ခါးလောက်ထိပဲရှိတဲ့ ခြံစည်ရိုးတံခါးလေးကို

ခြေရော လက်ရောသုံးပြီး ထုနှက်နေတာ…

အော်..

ဒီကလေးနှယ်…

လက်တွေ ခြေတွေ နာကုန်ရော့မယ်..

သွန်းမာန် ကြည့်နေဆဲမှာပင် တံခါးကို အဆက်မပြတ် ထုနေပြန်တာ..

ဒီပုံအတိုင်းဆို ဘေးအိမ်တွေက ထွက်စူးစမ်းကြတော့မယ်..

သွန်းမာန် ဘာလုပ်ရမှန်း မသိ ဖြစ်နေစဉ်မှာပင်..

နားထဲကို အဆက်မပြတ် ဝင်လာတဲ့ တံခါးသံကြောင့်

သွန်းမာန် ထိုင်မနေနိုင်တော့ပဲ ထွက်လာခဲ့လိုက်သည်။

ဒုန်း

ဒုန်း

ဒုန်း

သွန်းမာန်ကို မြင်ပုံမရပဲ တံခါးကို ခြေထောက်နဲ့ ကန်နေဆဲ…

ဂျလောက်

ကျွီ..

“ ကြိုး..’’

ဟင်?

သွန်းမာန် စကားတောင် မဆုံးလိုက်..

သွန်းမာန်ကို တစ်စက်ကလေးတောင်မကြည့်ပဲ

တံခါးဖွင့်ပေးလိုက်တာနဲ့ အိမ်ထဲကို တန်းဝင်သွားတဲ့ ကြိုးလေး

ကိုကြည့်ပြီး သွန်းမာန် ကြောင်တောင်တောင် ဖြစ်ပြီး ခြံရှေ့မှာ ကျန်ခဲ့ရ

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now