Part - 55

2.5K 424 47
                                    

Zawgyi ver...

မင်းဂုဏ်ရောင် ရဲ့ မင်္ဂလာဆောင်မှာ ကြွေ
နာမည်အတော်ကြီးသွားတာတော့အမှန်ပင်။

သတို့သမီးကို ဆိုင်ခန်းနေရာ ဖယ်ခိုင်းတဲ့အပြင်
မိသားစုတွေရဲ့ ဆူပူပြောဆိုမှုကို တစ်ချက်ကလေး
မျက်နှာမပျက် တဲ့ ထိုကောင်လေးက
ကနေဒါ အခြေစိုက် Legend coporation ရဲ့
တစ်ဦးတည်းသော သား သွန်းမာန်သစ်ရဲ့
လက်တွဲဖော်တဲ့လေ.....

သွန်းမာန်သစ်ကို လက်ဆွဲပြီး မဏ္ဍပ်တိုင်တက်
စိန်ခေါ်သွားတဲ့ ကြွေကြိုးဆိုတဲ့ ထိုကလေးက
အခုတလော လူချမ်းသာ အသိုင်းဝိုင်းရဲ့
Hot topic တစ်ခု ဖြစ်လို့နေလေသည်။

မင်္ဂလာဆောင် ပြီးခါနီးမှာ ဖြစ်သွားတဲ့ အခြေနေကို
ကြုံလိုက်ရတဲ့သူနည်းပေမယ့်
တစ်ဆင့်စကား တစ်ဆင့်ကြားလို့ အသိုင်းဝိုင်းကြားမှာ အတော်လေး ပျံ့နှံ့ နေလေပြီ။

ကြွေကြိုး ဆိုတဲ့ ကောင်လေးက အစပြုလို့
Hotel လုပ်ငန်းစုပိုင်ရှင် ဦးမင်းနောင်ကြိုး နဲ့
ဒေါ်ကြွေရွက်ဝါ ရဲ့ အိမ်ထောင်ရေး
အတွင်းသတင်းတွေကလည်း
လူအများစပ်စုချင်စရာ...

ဒီသတင်းတွေရဲ့ ရိုက်ခတ်မှုကြောင့်
မင်းဂုဏ်ရောင်တစ်ယောက်
မင်္ဂလာဆောင်ပြီးပြီးချင်း မိဘအိမ်ပြန်ရောက်နေရသည်လေ...
အဆစ် အနေနဲ့ ဒေါ်ကြွေရွက်ဝါ လည်း အိပ်ရာထဲ လဲနေသည်တဲ့.....
.
.
.
.

" လုပ်ချင်ရာ လုပ်လိုက်ရတော့
ကျေနပ်သွားပြီလား ?"

ကြွေ တစ်ချက် မျက်လုံးလှန်ကြည့်ပြီး ချက်ချင်း အကြည့်ပြန်လွှဲကာ ခပ်တိုးတိုး ဆိုလေသည်။

" မလုပ်ချင်ပါဘူး... ဒီလိုပဲ ကြုံလို့ "

သွန်းမာန် ပြောမနိုင်ပါ။
ကြိုးလေးကို ဘယ်လို ဘယ်နည်းလမ်းနဲ့
ပြောရမှန်း ကိုမသိတာ...

မြက်ခင်းပြင်မှာ စိန်ပြေနပြေထိုင်ပြီး ၁ပိသာ
ကျော်လောက်သည့် လိမ္မော်သီး အိတ်ဘေးချပြီး
တစ်လုံးပြီး တစ်လုံး စားသောက်နေဟန်က
ကြွေကြိုးမှ ကြွေကြိုး အစစ်...

" အဲ့ စိတ်ဝင်စားစရာ မကောင်းတာ
ထားပြီး
ဟိုရက်တွေက ခင်ဗျား လိပ်လိုအခွံထဲ
ဝင်ပုန်းပြီး ပျောက်နေတဲ့ အကြောင်းပြောရအောင် "

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now