part - 47

5.3K 812 89
                                    

အခန်းထဲမှာ ဟိုသည်လျှောက်ရင်း ဂဏှာမငြိမ် ဖြစ်နေရတာက...
ဒေါ်ကြွေရွက်ဝါ....
..
ကုတင်ပေါ်မှာ ထိုင်လိုက်....
ချက်ချင်းဆိုသလို ပြန်ထပြီး ပြတင်းပေါက်နား
လျှောက်သွားလိုက်နဲ့
ဗျာများနေရတဲ့ အကြောင်းက....

ကြွေ့စကားကြောင့်.....

" မင်္ဂလာဆောင် '' တဲ့လေ....

ဘယ်လိုလုပ်ပြီး အဲ့အခြေနေထိ တွေးနိုင်ရတာလဲ ကြွေ...
တွဲသွား တွဲလာ လုပ်ရာကနေ....

ရည်းစား အဆင့်ထိ တက်တာကိုတော့ နားလည်လက်ခံ
နိုင်ပေမယ့်.....

လက်ထပ်ဖို့အထိကတော့ တကယ့်ကို နားလည်ဖို့
ခဲယဉ်းနေတာ အမှန်.....

ယောက်ျား နှစ်ယောက်ရဲ့ လက်ထပ်မှုက...
ဘယ်လိုပဲ အကျဉ်းချုံး လုပ်လုပ် တိုးတိုးတိတ်တိတ် ပြီးသွားနိုင်ဖို့မရှိ..
အနည်း နဲ့ အများ ဝေဖန်ပြောဆိုခံရမှာ...

ကိုမင်းနောင်လည်း ယောက်ျားတွေ နဲ့ တွဲသွားတွဲလာ
လုပ်နေတာ မှန်ပေမယ့်...
သူ့အရှိန်ဝါ နဲ့ သူမို့ ဒီလို သတင်းက အပြင်မပျံ့...
ဆွေမျိုး လည်း နည်းတာကြောင့် အပြစ်ပြောမယ့်သူလည်းမရှိ..

ကြွေကတော့ အဲ့လိုမဟုတ်...
ကိုမင်းနောင် နဲ့ သူ့ရဲ့ သားဆိုတာ လူတိုင်း သိနေတာကို..
ဒီအကြောင်းသာ သိလို့ကတော့ ဒေါ်ကြွေရွက်ဝါ
ဆွေမျိုး အလယ်မှာ မျက်နှာ ဖော်နိုင်တော့မှာမဟုတ်...

.
.
.
ပြီးတော့ ငယ်သေးတဲ့ ကြွေ့ဘဝကိုလည်း
ဒီလို မျိုး အဖြစ်မခံနိုင်....

ဟိုကောင်လေးကလည်း မကြာခင်ပြန်တော့မှာပဲကို...
ဒီကြားထဲ ကြွေ့ကို ထိန်းထားနိုင်ရင် အဆင်ပြေပြီ...

ဟုတ်တယ်....
ဟိုကောင်လေး ပြန်သွားရင် အဆင်ပြေပြီ...

.
.
တီ..တီ..တီ

Ph မြည်သံကြောင့် အတွေးစပြတ်သွားပြီး
ph အမြန်ကိုင်လိုက်မိသည်။

" ကြွေရွက်ဝါ.... မျိုးမင်း ပြန်ရောက်ပြီလား?''

Ph ကိုင်ကိုင် ချင်း ကြားလိုက်ရတာက ကို မင်းနောင်
ရဲ့အသံ...

" ဒီညနေ ပြန်ရောက်မှာ...ဘာလို့လဲ?''

" ကိစ္စရှိလို့ပါ... ညနေပြန်ရောက်ရင် အိမ်မှာပဲ စောင့်နေလို့ပြောပေး...''

ကွှကွေိုး ကြွေကြိုး
(Zawgyi+Unicode)Where stories live. Discover now