Part 2

6.5K 208 3
                                    

Part 2

" ဘာ!!!"

" ဖြေးဖြေးအော်ကျပါ မင်းတို့ကလည်း "

Mewနဲ့ Sam အော်လိုက်တာ နားတောင်ကွဲထွက်တော့မယ်

" Sing မင်းကွာ "

" ဟုတ်ပ Sing ရာ ဒီဖြူဖြူချောချော သေးသေးကွေးကွေး လက်ထဲမှာ မင်းက
သူလုပ်သမျှခံလိုက်ရတယ်လိုကွာ "

" မသိဘူးလေကွာ ငါမှအတွေ့အကြုံမရှီတာသူပဲ အစအဆုံး ဦးဆောင်သွားတာ "

" အဲ့တော့ မင်းခံလိုက်ရတော့
ဘယ်လိုနေလဲ "

" ပြန်မမေးကျနဲ့ကွာ ငါရှက်တယ် ပြီးတော့ အဲ့ကောင်လေးနဲ့ ငါထပ်တွေ့ချင်တယ်. "

" Sing မင်းအထိအတွေ့မှာသာယာလို့ရတယ် အဲ့ကောင်လေးကို စိတ်ဝင်စားလို့ မရဘူး ကြိုက်လို့မရဘူး ချစ်လို့ မရဘူး "

" ဘာလို့လဲ Sam "

"သူတို့က ရင်ခွင်ပေါင်းစုံခိုနားတဲ့ ပျော်တော်စက်လေကွာ သူတို့ဆီမှာ အချစ်မရှီဘူး ပိုက်ဆံပဲသူတို့ရင်ထဲမှာရှီတယ်. "

" ဒါပေမဲ့ ကောင်လေး ငါဆီက
ပိုက်ဆံတောင်းမသွားဘူး "

" မင်းက သူလုပ်သမျှ ခံလိုက်ရတော့ မတောင်းပဲနေတာပေါ့ကွ ဟားဟား ဟားဟား "

" မရယ်ကျနဲ့ အရူးကောင်တွေ ကောင်လေးကို ထပ်တွေ့ချင်တယ် စီစဉ်ပေး ဒါပဲ "

®®®®®

Kitအိမ်ပြန်ရောက်ရောက်ချင်း ရေမိုးချိုးပြီး ဆေးရုံကို ထွက်လာခဲ့သည်။ ဆေးရုံရောက်တာနဲ့ အခန်းထဲဝင်တော့ ကိုကို အိပ်ပျော်နေသည်။ ကိုကိုလက်ကို ကိုင်ပြီး ကိုကို
ကုတင်နားမှာ မှောက်ပြီး အိပ်ပျော်သွားသည်

" ညီညီ..ညီညီ "

" ကိုကို နိုးလာပြီလား "

" ညီ ဘာလို့ ဆေးရုံလာရတာလဲ
တစ်နေ့ကုန် အလုပ်တွေ လုပ်နေရတာကိုး "

ကျွန်တော်အစ်ကို့ကို
ကျွန်တော်အလုပ်ကို ဖုန်းကွယ်ထားမိသည်။

" ကိုကို့ကို စိတ်မချလို့ "

" ကိုကိုတော့သေချင်တာပဲသိတယ် ကိုကိုအတွက် ညီညီပိုက်ဆံကုန်ပေါင်းများပြီ "

"မပြောပါနဲ့ ကိုကို
ဘာတွေလျှောက်ပြောနေတာလဲ ညီအတွက် ကိုကိုမရှီလို့မဖြစ်ဘူး ကိုကိုရောဂါခံစားရလို့ စိတ်ညစ်တယ်ဆိုတာသိပေမဲ့ ညီကိုချစ်ရင် အဲ့စကားမပြောပါနဲ့နော် "

" ညီညီ! "

" ညီအတွက် ကိုကိုမရှီလို့ မဖြစ်ဘူး
ကိုကိုမရှီရင် ညီသေမှာ "

ညီ ကျွန်တော်စကားကြောင့်
မျက်ရည်ကျသွားလေသည်။

" မငိုပါနဲ့ညီညီ ကိုကိုမှားသွားပါတယ်
မပြောတော့ပါဘူး "

ဒေါက် ဒေါက် ဒေါက်

ဆရာဝန်ရောက်လာပြီး

" ညီညီပါရောက်နေတာကိုး "

" ဟုတ်ကဲ့ ဒေါက်တာ "

" Oon ဆေးထိုးမယ်နော် သိပ်မနာပါဘူး အိပ်ပျော်အောင် ထိုးပေးမှာ "

"ဟုတ်ကဲ့ "

ဆရာဝန်က ကိုကို့ကိုဆေးထိုးပေးစဉ် ကိုကို လက်ကို ကိုင်ထားပေးလိုက်သည် ကိုကို အားတင်းထားပါ ညီကိုချစ်ရင် ကိုကို ရောဂါကို ကြိုးစားပြီး ကုပါ

ပျော်တော်ဆက်Where stories live. Discover now