Part 56

2.1K 171 28
                                    

Part 56

    ကောင်းအခန်းတံခါးဖွင့်လိုက်တာနဲ့
အခန်းဝမှာရပ်နေတဲ့ Kit

" စောစောစီးစီး ..."

  ဟဟစောတယ်လို့ဆိုလိုက်ပေမဲ့
Kit မျက်ကွင်းတွေညိုနေသည်။

" တစ်ညလုံး မအိပ်ရသေးတာလား Kit! "

Kit  ကျွန်တော်ရှေ့ မှာ ဒူးထောက်ပြီး

" ပျော်တော်ဆက်က ကျွန်တော်ပါ Daddy..
ကိုကိုမဟုတ်ပါဘူး ... ကျွန်တော်ပါ Daddy   "

သူ့အစ်ကိုကြောင့် ဝန်ခံလာတဲ့ Kirst

" Kit ငါကOonကို ပျော်တော်ဆက်တစ်ယောက်ဆိုပြီး ရွံလိုဒီလိုအပြုအမှုတွေ လုပ်နေတယ်လို့ မင်းထင်နေတာလား.  မဟုတ်ဘူး Kit. ...ငါကငါရွံတဲ့လူရဲ့
ခန္ဓာကိုယ်ကို ထိဖို့နေနေသာသာ တစ်ခန်းထဲ အတူအိပ်ဖို့ဆို ဝေးပါတယ်  "

" Daddy....အဟင့်....ဟင့်   "

" မငိုပါနဲ့ Kit  အထဲဝင်ပါ မင်းကိုကို့ကိုဝင်တွေ့ပါ "

" ကျေးဇူးတင်ပါတယ် Daddy....ကျေးဇူးတင်ပါတယ် "

ကျွန်တော် အိပ်ခန်းထဲဝင်လိုက်တော့ ကုတင်ပေါ်မှာ အိပ်နေတဲ့ ကိုကို့ ကိုတွေ့သည် နေမကောင်းလို့ မျက်နှာကအရမ်းဖြူဖျော့နေသည် ကိုကိုခန္ဓာကိုယ့်ကိုမပြီး ရင်ခွင်ထဲ ထည့်ထားလိုက်သည်

" ညီညီ!  "

" ဟုတ်ကဲ့ ညီညီပါကိုကို..  ညီညီပါ   "

ကိုကိုမျက်ရည်ကျလာသလို ကျွန်တော်မျက်ရည်တွေလဲ ကိုကိုပါးပေါ်ကျကုန်သည် 

®®®®®

Sing Pov;

     Daddyက ပါပါးနဲ့ Kit ကို ပေးတွေ့ ပြီး Daddyက ပါပါးနဲ့ အတူမအိပ်တော့ပဲ စာကြည့်ခန်းထဲမှာပဲ အိပ်ခန်းဖွဲပြီး အခန်းခွဲအိပ်သည်။။
ပါပါးနေမကောင်းတာ မသက်သာလို့ ဆရာဝန်ကို နေ့တိုင်းခေါ်ရသည် ပိုဆိုးတာက ဒီတစ်ခါနေမကောင်းတာ ခါတိုင်းနဲ့ မတူပဲ ဘာစာစားအော့အန်နေတာ ဆိုးသည် Kitဆို ပါပါးကို စိတ်ပူတာကြောင့် အများကြီး ပိန်ကျသွားသည်။ ပါပါးနားက တစ်ဖဝါးမှမခွာပဲ ပြုစုနေတဲ့ Kit တော်တော်ပင်ပန်းနေပါပြီ
ပါပါးနှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတဲ့အချိန်
ပါပါးကို စောင့်ရင်း အိပ်ပျော်နေတဲ့ Kitကို ပွေ့ချီလိုက်သည်

" Sing..."

" စကားမပြောနဲ့ ကိုယ့်ပွေ့ချီပြီး လမ်းလျှောက်ပေးမယ် ကိုယ့်ပေါ်မှာ ဇိမ်နဲ့အိပ်နော်   "

" ကိုကိုနားမှာပဲနေမယ်  "

" ဒီနေ့ ပါပါးက သက်သာနေပါပြီ "

" ဒါပေမဲ့ အော့အန်တုန်းပဲ  "

" ပါပါးသက်သာမှာပါ ဒီနေ့ တော့ကိုယ့်ရင်ခွင်ထဲမှာပဲနေပါ ဒီနေ့တော့ ကိုယ်ဘေးနားမှာနေပါ   "

ကျွန်တော် လမ်းလျှောက်ရင်း သိပ်လိုက်တော့ Kit. အိပ်ပျော်သွားသည် Kit ကို ကုတင်ပေါ်မှာ လှဲလိုက်သည်။

" GoodNight  ကိုယ့်ရဲ့ချစ်ဆုံးလေး  "

မနမ်းရတာကြာတဲ့ Kit နှုတ်ခမ်းကို နမ်းလိုက်သည်။

®®®®
  
    ပါပါးနည်းနည်းသက်သာတာနဲ့ Daddyက ကျွန်တော်တို့ အားလုံးကို အောက်ထပ်က ဧည့်ခန်းမှာ တွေ့ဖို့ခေါ်လိုက်သည် ကျွန်တော်တို့ ရဲ့ ရှေ့နေကြီးထန်ပါရောက်လာသည်

" လူစုံတက်စုံ ဘာလို့ခေါ်တွေ့တာလဲ Daddy  "

" Oon  "

" ဗျာ! "

" ဦး Oonကို လွတ်လပ်ခွင့်ပေးလိုက်တော့မယ်  "

" ဦးဆိုလိုတာက "

" Oonနဲ့ ဦး ကွာရှင်းမယ်  "

" ဗျာ!  "

" Daddy!!  "

ပျော်တော်ဆက်Wo Geschichten leben. Entdecke jetzt