Part 48

2K 143 10
                                    

Part 48

Oon Pov;

ကျွန်တော်ကို သွေးသွင်းပေးပြီး ဆရာဝန်ပြန်သွားသည် လစဉ်လတိုင်း ဒီလိုခံစားနေရတာကို မုန်းလာပြီ ကျွန်တော်စိတ်လျော့စေချင်ပြီ ဒါပေမဲ့ ကျွန်တော်ကို အရမ်းချစ်တဲ့ ဦးနဲ့ ညီညီကြောင့် စိတ်တွေပြန်တင်းထားမိပြန်ပြီ။  

" ကလေး ဘာမှမစိုးရိမ်နဲ့နော် ဦးဘေးမှာရှီနေမှာ  "

" ကုမ္ပဏီမသွားဘူးလား  "

"အဲ့ဒါတွေက အရေးမကြီးပါဘူး ကလေးနေမကောင်းတဲ့ အချိန်တိုင်း ဦးက ကလေးဘေးမှာ ရှီနေမယ်  "

"အဲ့ဒါဆို ဦးရဲ့ကုမ္ပဏီ ဒေဝါလီခံသွားရမှာပေါ့  "

" ဒေဝါလီခံရလည်းရတယ် ကုန်ကုန်ပြောရရင် ပိုင်ဆိုင်မှုတွေ တစ်ခုမှ မရှီလည်းရတယ်
စည်းစိမ်ဥစ္စာရှီတော့လည်း ဘာလုပ်ရမှာလဲ ဦးမှာ ပိုင်ဆိုင်တာတွေအများကြီးရှီပေမဲ့  ကလေးရောဂါကို ပျောက်အောင် မကုပေးနိုင်ဘူး  "

Daddy ကိုကို့ကိုပြောပြီး ကိုကို့ကို Daddyရင်ခွင်ထဲ ဆွဲပွေ့ထားသည်  ကျွန်တော်အခန်းထဲက ထွက်လာပြီး မီးဖိုချောင် ထဲဝင်တော့ ဆန်ပြုတ်ပြုတ်နေတဲ့ Singကို တွေ့ရသည်

" ဆန်ပြုတ်ပဲ ဘာဆန်ပြုတ်လဲ  "

"အမဲသားဆန်ပြူတ် အမဲသားက
သွေးအားကောင်းတယ် အားရှီတယ်  "

" ကျွန်တော်ကငါးဆန်ပြုတ် ပြုတ်ချင်တာကိုး  "

" Kitလေးပင်ပန်းမှာဆိုးလို့
ကိုကလုပ်ပေးတာလေ "

" ကို ဟုတ်လား  "

" ဟုတ်တယ်လေ အိမ်ထောင်သည်ဖြစ်နေပြီ အခေါ်အဝေါ်ပြောင်းသင့်တာပေါ့  "

" မခေါ်ချင်ပါဘူး Sing လို့အဖျားစွပ်ခေါ်ရင် ပြီးပြီပေါ့  "

"Baby လေးကြိုက်သလိုခေါ်  "

" Sing ဘယ်လိုဖြစ်နေတာလဲ နားရှက်စရာကြီး. "

" Daddyနဲ့အစ်ကိုတောင် ကိုတို့ရှေ့မရှောင့်
ခေါ်နေတာကို "

" ကိုကိုက  Daddy နဲ့စာရင် ကလေးပဲကိုး Daddy နဲ့ ကိုကိုက အသက်အများကြီး ကွာတာကိုး  ဘာလဲ Singက အားကျနေတာလား  "

" အင်း ကိုကိုဆင်းလို့ ခေါ်ပေးပါ့လား  "

"ဆန်ပြုတ်ကျက်ပြီ  မြန်မြန်ထည့်ပေးတော့ ကိုကို ဘာမှမစားပဲ အိပ်ပျော်သွားလိမ့်မယ်  "

"ဟုတ် Baby "

Singဆန်ပြုတ်ထည့်ပေးတာနဲ့ ကိုကိုအခန်းထဲဝင်လိုက်တော့ Daddy  ကိုကို့ကိုချော့သိပ်နေသည်။

"  ကိုကိုအိပ်ပျော်သွားပြီလား  "

"ကလေး "

ကိုကိုမျက်စီဖွင့်လာသည်

" ဆန်ပြုတ်သောက်ရအောင် ကိုကို  "

ကိုကိုဂျီမကျပဲ ကျွန်တော်ခွံကျွေးတာကို စားသည် ခါတိုင်းကိုကို ဆေးကုရင် အစာတစ်ဇွန်းဝင်ဖို့ အရမ်းကြွေးရသည် အခုတော့ တစ်ဝက်ကျိူးအောင် စားသည်  ဆန်ပြုတ်သောက်ပြီး ကိုကို့ ကိုဆေးတိုက်လိုက်သည် လက်မှာသွင်းထားတဲ့ အပ်ရာကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရသည် သွေးသွင်းထားတုန်းကြောင့် ကိုကို မျက်နှာမလန်းပေ Daddy ရင်ခွင်ထဲမှာပဲ ကိုကိုအိပ်ပျော်သွားသည်။

ပျော်တော်ဆက်Where stories live. Discover now