Part 51

2K 147 21
                                    

Part 51

Kong Pov:

ပျော်တော်ဆက်က ကလေးတဲ့လား ကျွန်တော်ကို အမှန်အတိုင်း မပြောပဲ ကျွန်တော့်အချစ်ကို လိမ်ညာယူပြီး လက်ထပ်ခဲ့တာပဲ

" ကလေး မင်းကိုငါ့ အရမ်းချစ်ခဲ့တာ မင်းက မင်းညီကိုတောင် ခုတုံးလုပ်ပြီး သွေးအေးပြီး ရက်စက်တဲ့သူမှန်း ငါမသိခဲ့ဘူး မင်းက တခြားသူတွေအပေါ် ရက်စက်ယုံတင် မဟုတ်ဘူး မင်းရဲ့ ညီညီအပေါ်တောင် ...မင်းကဘယ်လိုအစ်ကိုမျိုးလဲ"

" ကိုကို မဟုတ်. "

" ညီညီ  ဝင်မပါနဲ့စမ်း .. အစကတည်းက ဦးကို ကျွန်တော်အကျင့် ကျွန်တော်စရိုက်ကို ပြောပြခဲ့သားပဲ ကျွန်တော့်က ငွေအရမ်းမက်တဲ့သူလို့ ငွေရဖို့ဆို
ခန္တာကိုယ့်ကို ရင်းနှီးဖို့ ဝန်မလေးဘူးလို့  "

ကလေးကအဲ့လောက်ဆိုးတဲ့အလုပ်ကို
လုပ်ခဲ့တယ်လို့ တကမ္ဘာလုံးကပြောရင်တောင်
ကျွန်တော်မယုံဘူး ဒါပေမယ့် အခုကလေး
ကိုယ်တိုင်ဝန်ခံနေပါလာူ

" ကောင်းပြီ Oon! မင်းငါ့ကို ဘာကြောင့် လက်ထပ်ခဲ့တာလဲ ငါသိပြီ ငါဘဝကို ငရဲရောက်အောင်
လုပ်ခဲ့တဲ့မင်း အခုမင်းလည်း ငရဲထက်ဆိုးတဲ့ ဘဝကို ငါခံစားရအောင်လုပ်မယ်...လာခဲ့စမ်း. "

Daddy!  ကိုကိုလက်ကို အကြမ်းပတမ်းဆွဲပြီးအခန်းထဲ ခေါ်သွားသည်

" ကိုကို!..ကိုကို  "

Sing Kitလက်ကိုဆွဲထားလိုက်သည်

" ဝင်မပါပါနဲ့ Kit!  "

" ခင်ဗျားဘယ်လိုပြောလိုက်တာလဲ Sing! အခု Daddy က ကိုကို့ကို အထင်လွှဲနေတာ အပြစ်က ကျွန်တော်ဆီမှာ ရှီတာ ကိုကိုဆီမှာ ရှီတာမဟုတ်ဘူး "

  ကျွန်တော်ပျော်တော်ဆက်လုပ်ခဲ့တယ်ဆိုတာ
ကိုကိုကဘယ်လိုတောင်သိသွားပြီး
အခု ကျွန်တော်ကို ကာကွယ်နိုင်ရတာလဲ

" အစ်ကိုက Daddy နဲ့လက်မထပ်ခင်ကတည်းက စနစ်တကျ စီစဉ်ထားတာ Kitဝင်မပါပါနဲ့ 
Kit ဝင်ပါရင် အစ်ကိုရဲ့အနစ်ခံမှုတွေ အလကားဖြစ်သွားပြီး Daddy လည်း ယုံချင်မှယုံတော့မယ်
ပြီးတော့ ကျွန်တော်နဲ့ Daddy သားအဖ စာရင်းပျတ်လိမ့်မယ်  "

" ခင်ဗျားက Daddyရဲ့ သားမဖြစ်ရမှာဆိုးလို့  Daddyစွန့်လွှတ်မှာဆိုးလို့  ကျွန်တော် ကိုကို့ကို
ချကျွေးခိုင်းလိုက်တာလား "

" မဟုတ်ဘူး ...မဟုတ်ပါဘူး  Kit ရယ်
အစ်ကိုက သိနေတာကြာပြီ သိသိချင်း
အစ်ကိုသေချင်တယ်လို့ ပြောခဲ့တာ မှတ်မိလား
အစ်ကိုက Kitက သူ့ကြောင့် ပျော်တော်ဆက် ဖြစ်သွားတာကို သိပြီ အကြိမ်ကြိမ်သေချင်ခဲ့တာနေမှာ ဒါပေမဲ့ အစ်ကိုက Kitဘဝရဲ့ အမဲစက်ကို
ဖျက်ပေးဖို့  ဒီအိမ်ကို ဝင်ရောက်လာတာပဲ  "

" အဲ့ဒါဆို ကိုကိုက ဟိုတစ်ခါကတည်းက ...
အဟင့်....ဟင့် "

Kitရင်နာစွာနဲ့သည်းထန်စွာ  ငိုကြွေးမိသည်။

  " မငိုပါနဲ့ kitရယ် "

  ကျွန်တော် Kitကို ဖက်ထားလိုက်သည်

®®®®

Oon Pov

ဦးကကျွန်တော်ကို ကုတင်ပေါ် လှဲချပြီး
အကြမ်ပတမ်း ဆက်ဆံနေသည်  ဆက်ဆံပြီးတော့မှ

"Oon မင်း ငါအချစ်ကို စော်ကားတဲ့အပြင် ငါဂုဏ်သိက္ခာပါ ရစရာမရှိအောင် လုပ်တာ မင်းကိုငါ အရမ်းမုန်း... "

ကောင်းပြောမထွက်ပဲ မျက်နှာလွှဲလိုက်သည်။

" ဦးကျေနပ်ပြီလား  ဦးအခု
ကျေနပ်ရင် ကျွန်တော်ကို ကွာလို့ရပါတယ် "

" ကွာရှင်းလိုက်ရင် မင်းကို လွှတ်လပ်ခွင့်ပေးသလို ဖြစ်မှာပေါ့ မင်းအခု ငါရဲ့ ကျွန်လုပ်ရမယ်  ကုမ္ပဏီမှာ မင်းအတွက်နေရာ မရှီတော့ဘူး အိမ်မှာလဲ မင်းဒီအခန်းထဲကလွှဲပြီး ဘယ်မှမသွားရဘူး မင်းကအမှောင်သိပ်ကြိုက်တဲ့သူ မှတ်လား  "

" ဦးသဘောပါ   "

ကျွန်တော် ဦးအချစ်ကို မစော်ကားပါဘူး အခုလည်း ကျွန်တော့်ရဲ့  ကျန်တဲ့အချိန်နေရက်တွေကို 
ဦးသဘောကျ ကျွန်တော်နေပေးမှာပါ

ပျော်တော်ဆက်Where stories live. Discover now