Part 33

2.1K 142 8
                                    

Part 33

ကလေးက ကျွန်တော်နဲ့ အနီးဆုံးနေရာမှာ လာနေပေမဲ ကျွန်တော်ကို သိသိသာသာရှောင်နေသည်။ ကျွန်တော်သူရုံးခန်းသွားတော့လဲ သူရှီမနေပေ။စက်ရုံဘက်သွားပြီ သူဒဇိုင်းအပ် ဒဇိုင်းဆွဲနဲ့ ကျွန်တော်ကို သိသိသာသာ ရှောင်နေသည်။ ဒီနေ့တော့ ကျွန်တော်အတွင်းရေးမှူးကို Oonကို ခေါ်ခိုင်းလိုက်သည်။

"ဥက္ကဌ ခေါ်တယ်ဆိုလို့ "

ကျွန်တော်ရုံးခန်းထဲဝင်လာပြီး ရိုကျိုးစွာရပ်နေတဲ့ ကလေး ကျွန်တော် ထိုင်ရာကနေထလိုက်ပြီး ကလေးလက်ကို ကိုင်တော့ ကလေးရှောင်ဖယ်သွားသည်။

" ဦးကို စိတ်ဆိုးနေတာလား "

" ကျွန်တော် ဥက္ကဌကို စိတ်မဆိုးရဲပါဘူး "

" မဟုတ်သေးပါဘူး ကလေး မင်းစိတ်ကို ဦးနားမလည်တော့ဘူး ဦးအပေါ် ဘာမကျေနပ်လို့ သူစိမ်းဆန်ရတာလဲ "

" ဥက္ကဌ ကျွန်တော်ကို ခိုင်းစရာမရှီတော့ရင် ကျွန်တော်ရုံးခန်းပြန်လိုက်ပါအုန်းမယ် "

ကျွန်တော်Oonခန္ဓာကိုယ်ကို ဆွဲလှည့်လိုက်ပြီး လက်မောင်းကို ဆုပ်ကိုင်လိုက်ပြီး

"ကလေး ! "

ကလေးကျွန်တော်ကို သူစိမ်းဆန်တဲ့အကြည့်နဲ့ကြည့်ပြီး

" ကျွန်တော်ကို လွှတ်ပါ "

" ဘာလို့ လဲ ဦးကိုမချစ်ဘူးလား ဦးကလေးကို လက်ထပ်မယ်လို့ ပြောခဲ့တယ်လေ "

" မချစ်ဘူး ကျွန်တော်ဥက္ကဌကို မချစ်ဘူး "

" ညာတယ် ကလေး ဦးကို မလိမ်ပါနဲ့ မင်းကိုယ့်တိုင်မင်းပါးစပ်က ဦးကိုချစ်တယ်လို့ ပြောခဲ့တာမေ့ သွားပြီလား "

" အဲ့ဒါ ကျွန်တော် မာယာသုံးခဲ့တာ ဥက္ကဌကို ချစ်ရင် ရာထူးထပ်တိုးမလားလို့ "

ကလေး ဒီစကားကိုအကြည့်ကိုလွှဲပြီး ပြောနေသည်။

" လိမ်မပြောပါနဲ့ ကလေးက ရာထူးမမမက်ပါဘူး တကယ်လို ကလေးက ရာထူးမက်မယ်ဆို အခု ဦးရာထူးတိုးပေးလို့ရတာပဲ ကလေးချစ်ဟန် ထပ်ဟန်ဆောင်လို့ ရတာပဲ "

" သေဘေးနဲ့ ကြုံခဲ့ပြီး အချိန်မရွေး သေနိုင်တဲ့ ကျွန်တော်က အခုရာထူးမက်ပါတော့မလား အစက ကျွန်တော်ရောဂါကို ဒီလောက်ထိဆိုးရွားမှန်းမသိခဲ့လို ရာထူးစည်းစိမ်ကို မက်ခဲ့တာ "

"မင်းလိမ်ပြောတိုင်း ဦးကယုံမယ်ထင်နေလား "

" ကျွန်တော်က ညီညီနဲ့ မတူဘူး ဥက္ကဌ ကျွန်တော်က အစကတည်းက လောဘကြီးတယ် ငွေရဖို့အတွက်ဆို ခန္တာကိုယ်ကို ရောင်းစားဆိုလည်း ရောင်းစားမဲ့သူပဲ ဥက္ကဌကို ချစ်တယ်ဆိုတဲ့ စကားလောက်ကတော့ ဥက္ကဌမှမဟုတ်ဘူး ကျွန်တော်နားကပ်တဲ့ ယောက်ကျားလေးတွေ အကုန် ကျွန်တော်လွယ်လွယ်နဲ့ ပြောခဲ့တဲ့စကားပဲ "

ကျွန်တော်ကိုင်ထားတဲ့ ကလေးလက်မောင်းကို ဆက်မကိုင်ရက်တော့ပဲ လွှတ်ပေးလိုက်သည်

" ကလေး မင်းက မကောင်းတဲ့ သူပဲ "

" အဲ့ဒါကြောင့် ကျွန်တော်နား မကပ်ပါနဲ့ တကယ်လို ကျွန်တော်နဲ့ နေချင်ရင် ပိုက်ဆံသာပုံပေးပါ အတူနေမယ် "

" ကလေး မင်းထွက်သွားတော့ "

ကျွန်တော် ဥက္ကဌရုံးခန်းက မြန်မြန်ထွက်လာလိုက်သည် ကျွန်တော်ရုံးခန်းထဲရောက်မှ မျက်ရည်ကျမိသည်။

ပျော်တော်ဆက်Where stories live. Discover now