Part 36

2.1K 157 12
                                    

Part 36

ည၁၁နာရီတောင်ထိုးနေပြီ ကိုကိုပြန်မလာသေးလို့ kitစိတ်ပူစွာ ခြံထဲက ဒန်းပေါ်မှာ ထိုင်စောင့်နေမိသည်။ Daddyကကုမ္ပဏီကိုဖုန်းဆက်ပေးတော့လည်း ကိုကို ကုမ္ပဏီမှာမရှီပေ။  ကိုကိုက
ကျွန်တော်ဖုန်းဆက်တော့လည်း ဖုန်းမကိုင်ဘူး 

" Kit!   "

Singကျွန်တော်ဘေးမှာ လာထိုင်ပြီး
ကျွန်တော်ကို အပေါ်ထပ်အင်္ကျီဝတ်ပေးနေသည်။

" အစ်ကိုအခုတလော ထူးဆန်းနေတယ် မထင်ဘူးလား Kit  "

" ကိုကိုလမ်းမှာများ မေ့လဲနေလား  "

" မဖြစ်နိုင်ပါဘူး Kit 
အစ်ကိုဘာမှမဖြစ်နိုင်ပါဘူး  Kit!  "

" ပြောလေ  Sing  "

" အစ်ကိုကလူတစ်ယောက်ကို ချစ်နေပြီဆိုရင် Kitလက်ခံမှာလား  "

" မဖြစ်နိုင်တာ   "

" ဟုတ်တယ်နော့ မဖြစ်နိုင်ဘူး  အစ်ကိုကလူတစ်ယောက်ကို ချစ်ပြီး လက်ထပ်ဖို့ မဖြစ်နိုင်ဘူး အစ်ကိုလက်မထပ်ရဘူး ခွင့်မပြုနိုင်ဘူး "

စိတ်လှုပ်ရှားစွာပြောနေတဲ့ Singက ကိုကိုအကြောင်း ဘာတွေများ သိထားပါလိမ့်   "

"Sing ခင်ဗျားခံစားချက်ကို ကျွန်တော်သိပေမဲ့ ခင်ဗျား စိတ်အေးအေးထားသင့်တယ် ခင်ဗျားခံစားချက်ကို ကိုကိုသိရင်  ခင်ဗျားကို မုန်းလိမ့်မယ် ကျွန်တော်က ကိုကို ခင်ဗျားကို မုန်းတာကို မလိုချင်ဘူး  ပြီးတော့ ကိုကိုဒီအိမ်က ထွက်သွားမှာကို  မလိုချင်ဘူး   "

" ဟုတ်တယ်  အစ်ကိုကျွန်တော်ကို မုန်းလို့မဖြစ်ဘူး  ကျေးဇူးတင်ပါတယ် Kit  ကျွန်တော်ကို သတိပေးတဲ့အတွက်  "

ကိုကို့ကို စိတ်ပူရတာက တစ်မျိုး  Singကို ကြည့်ပြီးရင်လေးမိတာလည်းအမှန်ပဲ   ခြံထဲမှာ စောင့်နေစဉ် ကိုကို ဆိုင်ကယ်နဲ့ ဝင်လာသည်။ ဆိုင်ကယ်မောင်းသူက ကယ်ရီသမားလည်း မဟုတ်ဘူး  ရှေ့ ကဆိုင်ကယ်နဲ့ လူရွယ်ကို ကိုကိုက ပြုံးပြပြီး လက်ပြနေသည် ကျွန်တော် ကိုကိုဆီပြေးသွားလိုက်ပြီး

" ကိုကို ...ကိုကို "

" ညီညီမအိပ်သေးဘူးလား  "

ကိုကိုဆီမှာ အရက်စော်နံနေပြန်သည်။

" ကျန်းမာရေးမကောင်းပဲနဲ့ သောက်ပြန်ပြီ အရက်   "

" အစ်ကိုဘာဖြစ်လို့ အရက်တွေသောက်နေရတာလဲ  "

" ညီညီနောက် ကိုကို့ကို မစောင့်နဲ့  Singက ညီညီနဲ့ အတူလိုက်စောင့်ရတော့ အိပ်ရေးပျက်တာပေါ့   "

ခန္ဓာကိုယ်ယိုင်နေတဲ့ ကိုကို့ကို Singto က ပွေ့ချီလိုက်သည်။ ကိုကို Singtoရင်ခွင်မှာပဲ အိပ်ပျော်သွားသည်။ ကျွန်တော် မြန်မြန်ရှေ့ ကသွားပြီး အခန်းတံခါးကို ဖွင့်ထားလိုက်သည်။ Sing
ကိုကို့ကို အိပ်ရာပေါ်မှာ ဖြေးညင်းစွာချလိုက်သည်။ ကျွန်တော် ကိုကိုအင်္ကျီကြယ်တီး အပေါ်နှစ်လုံးကို
အသက်ရှုမကျပ်စေရန် ဖြုတ်ပေးလိုက်သည်။

" ဘာလို  မျက်ရည်ကျရပြန်ပြီလဲ  "

Singtကျွန်တော်မျက်ရည်ကို သုတ်ပေးပြီး
မေးနေသည်

" တစ်ခါမှ မလုပ်ဖူးတဲ့ အလုပ်တွေ လုပ်နေတာ ကျွန်တော် စိုးရိမ်တာပေါ့ အဟင်....ဟင့်  "

ငိုချလိုက်တဲ့ Kit ကြောင့် အစ်ကို့ကို စိုးရိမ်နေတဲ့ ကျွန်တော် ငိုနေတဲ့  Kitကို ပိုစိုးရိမ်သွားသည်။  ကျွန်တော် Kit ငိုတိုင်း ရင်ထဲမှာ အရမ်းပူလောင်မိသည်။

" မငိုပါနဲ့  Kit ရယ်
ကျွန်တော်တောင်းပန်ပါတယ် 
တိတ်ပါတော့   "

" ခင်ဗျားက ဘာမို့လို့ င်ိုတာကိုလာတားနေရတာလဲ အဟင့် ..ဟင့်  "

" အဲ့ဒါဆို  ကျွန်တော်က Kitမငိုအောင်
ဘာလုပ်ပေးရမှာလဲ  "

" ကပြ   "

Singကုတင်ပေါ်မှာ ထိုင်နေတဲ့ ကျွန်တော်ကို ပွေ့ချီပြီး

" ကျွန်တော်ကပြရင် Kit  အူတက်အောင်ရယ်ပြီး အစ်ကိုနိုးသွားလိမ့်မယ် အခန်းထဲရောက်မှ ကပြမယ်  "

"တကယ်ကပြမှာလား  "

" အင်း  "

" တကယ်နော်  ကတိ "

" ကတိ ဆယ်ခါပြန်   "

Kit  အငိုတိတ်ဖို့ ဆို  ကျွန်တော်မလုပ်နိုင်တာ
ဘာမှ မရှီပါဘူး Kit ငိုတာကို ကျွန်တော် လုံးဝမမြင်ချင်ဘူး

ပျော်တော်ဆက်Where stories live. Discover now