Part 55

2K 161 7
                                    

Part 55

Sing Pov;

    Daddy ကို ဒူးထောက်နေရင်း ကျွန်တော် Daddyအမေးကြောင့် Daddyကိုကြောက်နေမိတယ်

" အလိမ်အညာတစ်ခွန်းမှ မပြောတက်တဲ့ Daddyသား အလမ်အညာကိုမကြိုက်ပဲ အမှန်တရားကို မြတ်နိုးတဲ့ Daddyသားက
Oonလိမ်နေတာကိုး မင်းကိုယ့်တိုင် သိရဲ့သားနဲ့  ဘာလို့  တိတ်ဆိတ်နေတာလဲ Kitကို ချစ်လို့ Kitကို ကာကွယ်ချင်လို့  Oonကို.. မင်းတို့   "

ကောင်းပြောရင်း အသံတွေတိမ်ဝင်သွားသည်။

" တောင်းပန်ပါတယ် Daddy.. ကျွန်တော်တောင်းပန်ပါတယ် ကျွန်တော်က Kitကို ပျော်တော်ဆက်မှန်းသိသိကြီးနဲ့ မြတ်မြတ်နိုးနိုး လက်ထပ်ချင်ခဲ့တာပါ Kitက ရိုးသားဖြူစင်တဲ့ သူပါ Daddy. .. Kitက
ပါပါးရဲ့ဆေးဖို့ကြောင့် ဒီလိုအလုပ်မျိုးကိုမလုပ်ချင်ပဲ လုပ်ခဲ့ရတာပါ   "

"ငါမေးတုန်းက မင်းတို့ အမှန်အတိုင်းပြောပြသင့်တယ်  "

"ကျွန်တော့်ပြောပြချင်ပေမဲ့ ပါပါးက ရုတ်တရက် အိမ်ပေါ်ထပ်ကဆင်းလာပြီး Kit ကို ကာကွယ်လိုက်မယ့်လို့ မထင်လို့ပါ Daddy  "

" Daddyသိတယ်  အဲ့ဒါကြောင့် အဖြစ်မှန်ကို သိသိချင်း Daddy. Kitကို ဒေါသမထွက်ပဲ Oonကိုပိုဒေါသထွက်တာ Oonက ပျော်တော်ဆက်တစ်ယောက်မို့ လို့ထက် သူဘာကြောင့် Daddyကို လက်ထပ်ခဲ့လဲဆိုတာကို Daddy သိလို့ ပိုဒေါသထွက်တယ် သူကြောင့်ပျော်တော်ဆက် ဖြစ်သွားတဲ့ သူညီကို ကာကွယ်ချင်လို့  Daddyကို အသုံးချတာ Daddyအချစ်ကို အသုံးချလိုက်တာ  "

" Daddy!...  "

Daddy ဝမ်းနည်းစွာ အခန်းထဲက ထွက်သွားသည်  Kit အခန်းထဲဝင်လာပြီး

" ဘာတဲ့လဲ Sing! .. ကိုကို့ကိုကျွန်တော်တွေ့ ခွင့်ရပြီလား ကိုကိုနေမကောင်းဘူး   "

ကျွန်တော့် Kit ကိုဖက်ထားလိုက်သည်

" အရမ်းချစ်တယ် Kit ...
ကျွန်တော့် Kitကိုချစ်တယ်  "

" ရုတ်တရက်ကြီး ဘာလာပြောနေတာလဲ "

" ပါပါးက Daddyကို မချစ်ဘူး  "

" Sing!! "

©©©

ကောင်းအခန်းထဲဝင်တော့  ကုတင်ပေါ်မှာထိုင်နေတဲ့ Oonကိုတွေ့သည်

" မျက်နှာက ဖြူဖပ်ဖြူရော်နဲ့ နေမကောင်းဖြစ်နေတာကိုး မအိပ်ဘူးလား "

" ကျွန်တော် အိပ်မပျော်ဘူး ဦး  "

နေမကောင်းရင် ရင်ခွင်ထဲထည့်ထားမှ အိပ်တက်တဲ့ Oonအကျင့်ကို ကျွန်တော်သိရဲ့သားနဲ့ တစ်နေ့ ကုန် ပစ်ထားမိတယ်  ကျွန်တော်အဝတ်အစားအရင်လဲလိုက်သည် အဝတ်အစားလဲပြီး ကုတင်ပေါ်လှဲလိုက်ကာ လက်ကိုဆန့် လိုက်သည် ကလေး ကျွန်တော်ရင်ခွင်ထဲဝင်ပြီး

" ကျေးဇူးတင်ပါတယ် ဦး   "

ကျွန်တော်ကလေးကို  ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး မျက်ရည်တွေ အစီးအတားမရှီကျနေမိသည်။

ပျော်တော်ဆက်Where stories live. Discover now