Part 49

2K 121 16
                                    

Part 49

Sing Pov

မနက်မိုးလင်းလင်းချင်း ကျွန်တော်ရင်ခွင်ထဲက Babyလေးကို နမ်းပြီး နှိုးလိုက်သည်။

" Sing! ဘယ်နှစ်နာရီ ထိုးပြီလဲ "

"ခုနှစ်နာရီခွဲပြီ "

" အင်း "

" Babyလေး ဘာမှမလုပ်နဲ့ ကိုယ်ပွေ့ပြီး ရေချိုးပေးမယ် အဝတ်အစားလဲပေးမယ် "

" Sing အရမ်းပိုတာပဲ ကျွန်တော်က ဘာမှမလုပ်တက်တာကျနေတာပဲ "

"Baby လေးက အစ်ကိုနေမကောင်းတဲ့ရက်တွေ ပြုစုနေရတော့ ခန္ဓာကိုယ်ညောင်းနေပြီလေ ကိုယ်ရေနွေးနွေးလေးစပ်လိုက်မယ် အကြာကြီး ရေစိမ်လိုက် ကိုဂျီးတွန်းပေးမယ် "

" မညောင်းပါဘူး ကိုကိုက Daddy ရင်ခွင်ထဲမှာပဲ နေတာ ကျွန်တော်ရင်ခွင်ထဲမှာ မနေဘူး Daddyကလဲ ကုမ္ပဏီမသွားဘူး "

" ဟုတ်တယ် Daddyကအစ်ကို့ကိုအရမ်းချစ်တာပဲ ကျွန်တော်အမေတောင် အဲ့လောက်ထိ ချစ်ခဲ့လား မသိဘူး "

" ဘာလဲ ကိုကိုအပေါ် ငြိုငြင်နေတာလား "

" မငြိုပါဘူး Babyလေးရဲ့
အစ်ကိုက လေးစားစရာကောင်းတဲ့သူပါ "

ကျွန်တော်Kit အတွက်ရေစိမ်ပေးလိုက်သည် Kitအောက်ပိုင်းမှာ တဘတ်ဝတ်နဲ့  ရေချိုးခန်းထဲဝင်လာပြီး
ရေစိမ်နေသည် ကျွန်တော် Kit ကျောကို ဂျီးတွန်းပေးလိုက်သည်

" Sing အခုထိ ကိုကိုပြောတဲ့စကားကို
ကျွန်တော်နားမလည်သေးဘူး "

" ဘာစကားလဲ Baby! "

" လက်ထပ်မယ်လို့ ပြောတဲ့ရက်က ဒီအိမ်က ဖြစ်လာမဲ့ ပြသာနာတွေ ကိုကိုစီမံတာ ကိုကိုပြောတာ နားထောင်တဲ့ ဘာပြဿနာကို ပြောတာလဲမသိဘူး "

" အဲ့လိုလုပ်ရအောင် Kit!
Daddyနဲ့အစ်ကိုက ကိုယ်တို့ရဲ့ အုပ်ထိန်းသူပဲလေ "

" အင်း Singအဲ့လိုတွေးတာ ကျွန်တော်ပျော်တယ် "

ကျွန်တော် Baby လေး နှုတ်ခမ်းကို နမ်းလိုက်သည်

" ရေချိုးခန်းထဲမှာကိုး "

" ဘာဖြစ်လဲ Baby! အရမ်းချစ်နေမိပြီ "

Singto ရေချိုးခန်းထဲမှာ သူအင်္ကျီကို ချွတ်ပြီး ကျွန်တော်နဲ့ Sing ချစ်ရည်လူးနေကျမိပြန်သည်

®®®®

Kong Pov

ကလေးနေကောင်းပြီဆိုပြီး ကျွန်တော်ကို ကုမ္ပဏီအတင်းလွှတ်တာနဲ့ ထွက်လာခဲ့လိုက်ရသည်။

" Kong "

" သူငယ်ချင်း Mark ငါကုမ္ပဏီကို လာတာလား "

" အင်း Kong ငါအရေးတကြီးပြောစရာရှီလို့ ပြောသင့်မပြောသင့် ငါစဉ်းစားနေတာကြာပြီ ဒါပေမဲ့ မင်းက မင်းသားမက်ကို ဖူးဖူးမှုတ်ထား အရမ်းချစ်တော့ လိုတာလုပ်ပေးနေတာ အဆိပ်ပင်ရေလောင်းနေသလို့ပဲ. "

" ငါ့သားမက်က ရိုးသားတဲ့ကလေးပါ
မင်းဘာပြောချင်နေတာလဲ "

" ငါဝေ့မနေတော့ဘူး တိုက်ရိုက်ပဲပြောတော့မယ် မင်သားမက်က ကြေးစားတစ်ယောက် အများရဲ့ ပျော်ရွှင်မှုကို ဖြည့်ဆည်းပေးနေရတဲ့ ပျော်တော်ဆက် "

" Mark! မင်း "

ကျွန်တော် Mark ကိုဆွဲထိုးဖို့ ရွယ်လိုက်သည်

"ငါကအမှန်ပြောတာ Kong မကျေနပ်ရင် ငါကိုထိုးလိုက် မင်းရဲ့ ဂုဏ်သိက္ခာ အရှိန်အဝါနဲ့ ဒီလိုမကောင်းတဲ့သူကို အိမ်ထဲဆွဲသွင်းရလား "

" ပြန်တော့ Mark ! မင်းပြန်တော့ "

Mark အခန်းထဲက ထွက်သွားမှကျွန်တော်အရုပ်ကျိုးပျက် ထိုင်ခုံပေါ်ထိုင်ချမိသည်။

ပျော်တော်ဆက်Where stories live. Discover now