Part 27

2.3K 156 10
                                    

Part 27

ကိုကိုအခြေအနေမကောင်းလို့ ဆေးရုံအရေးပေါ်ခန်းကို တင်လိုက်ရသည်။ အပြင်မှာစောင့်နေစဉ် P'Pem ထွက်လာပြီး

" Oonအခြေအနေမကောင်းဘူး Kit
ပုံမှန်အသက်မရှုဘူး အခုစက်တွေပေးထားရတယ် "

" အဲ့လိုမဖြစ်ရဘူးလေ P'Pem အဲ့လိုမပြောပါနဲ့ ကိုကိုအသက်ရှင်ရမယ် ကျေးဇူးပြုပြီး ကျွန်တော်အစ်ကို့ကိုရအောင်ကယ်ပါ ကိုကိုဘာမှမဖြစ်ရဘူး "

ဆရာဝန်လက်ကိုကိုင်ပြီး တောင်းဆိုနေတဲ့ Kit ကို ကျွန်တော် အရမ်းသနားပြီး
ဖက်ထားလိုက်သည်

" အစ်ကိုကြိုးစားပေးမှာပါ Kit အဓီကက Oonစိတ်နဲ့လဲဆိုင်တယ် အစ်ကိုအစွမ်းကုန်ကြိုးစားပေးမှာပါ "

ဆရာဝန်က Kit ကိုနှစ်သိမ့်ပေးပြီး
ထွက်သွားသည်။

" ကိုကိုက သေချင်တယ်တဲ့ "

ကျွန်တော်ဖက်ထားနေရင်း ပြောထွက်လာတဲ့ Kit စကားကြောင့်

" မသေပါဘူး အစ်ကိုမသေရပါဘူး "

" အသက်မရှင်ချင်တော့ဘူး တဲ့ ကျွန်တော်ရင်ကို
ဓားနဲ့မွန်းလိုက်သလို ခံစားရတယ် Singကိုကိုဘာဖြစ်လာတာလဲ "

ပူပန်စိတ် တုန့်လှူပ်စိတ်နဲ့ Kitကိုဖက်ထားပေးပြီး Kitကျောကိုပုတ်ပြီး နှစ်သိမ့်ပေးလိုက်သည်။

" Kitအရမ်းပင်ပန်းနေပြီ
အခန်းတစ်ခန်းယူထားတယ် သွားနားလိုက်နော် "

"မနားချင်ဘူး ကိုကိုနားက မခွာချင်ဘူး "

Kit ကျွန်တော်ရင်ခွင်ထဲက ခွာပြီး အရေးပေါ်ခန်းကို ကားထားသောအပြင်မှန်ကနေအစ်ကို့ကိုလှမ်းကြည့်နေသည် Kitလက်ကိုကိုင်ပြီး ထိုင်ခုံမှာ ထိုင်ကာ Kitခေါင်းကို ကျွန်တော် ပုခုံးပေါ်မှီစေလိုက်သည်။

" ခဏဖြစ်ဖြစ်မှေးလိုက်ပါ အစ်ကိုအသက်ရှင်မှာပါ အစ်ကိုဘာမှမဖြစ်ဘူး "

" အင်း ဘာမှမဖြစ်ရဘူး ကျွန်တော်ဘဝမှာ ကိုကိုမရှီလို့မဖြစ်ဘူး ကိုကိုက ကျွန်တော်မိဘဆိုလည်းဟုတ်တယ် အချစ်ဆုံး ကိုကိုဆိုလည်း ဟုတ်တယ် Sing ကျွန်တော်ကိုကို သေသွားလို့မဖြစ်ဘူးနော် "

" အင်းပါ ကျွန်တော်ကတိပေးပါတယ်
အစ်ကိုဘာမှမဖြစ်စေရဘူး Kit တစ်ရေးလောက်မှေးလိုက်နော် "

ကျွန်တော် Kit လက်ကိုကိုင်ထားပေးလိုက်သည် Kit ကျွန်တော် ပုခုံးပေါ်တွင် ပင်ပန်းစွာအိပ်ပျော်သွားသည် ကျွန်တော် Kit ကိုယ့်ကို ပွေ့ချီပြီး အခန်းထဲက ဆေးရုံကုတင်ပေါ်မှာ လှဲပြီးသိပ်လိုက်သည် ပြီးတော့ စောင်ခြုံပေးလိုက်သည်။

တူ.. တူ..တူ

Daddy ဆီက ဖုန်းလာတာကြောင့် ကိုင်လိုက်သည်

" Daddy! "

" သားလေး အဆင်ပြေရဲ့လား ဒီနေ့မှ Daddy ရင်ထဲ ပူလောင်နေလို့ သားတို့အဆင်ပြေလား ဖုန်းဆက်ကြည့်တာ "

" မပြေဘူး Daddy! ကျွန်တော်တို့အခုလုံးဝအဆင်မပြေဘူး Daddy ! "

Sing စကားကြောင့် ကောင်းစိတ်ပူသွားပြီး

" ကလေး! အဲ့...Oonနေကောင်းလား
Oonအဆင်ပြေရဲ့လား "

" နေမကောင်းဘူး Daddy အရေးပေါ်အခန်းမှာ တောင်ထားထားရတယ် အပြင်မှာ
ဘာပြသာနာကြုံလာလည်း မသိဘူး မငိုစဖူး ရှိုက်ကြီးတငင်ငိုပြီး မေ့လဲသွားတာ"

သားလေးစကားကြောင့် ကျွန်တော် စဉ်းစားရကျပ်သွားပြီး စိုးရိမ်သွားသည်။ ဒီနေ့မှ
Oonက ကုမ္ပဏီကနေ အစောပြန်သွားတယ် ကျွန်တော်ကိုတောင် မစောင့်ပဲ ပြန်သွားပေမဲ့ ကုမ္ပဏီမှာတော့ ပြသာနာမဖြစ်သွားပါဘူး

" Daddy အခုချက်ချင်းလာခဲ့မယ် "

ကျွန်တော်ဖုန်းချလိုက်ပြီး ဆေးရုံကို
မြန်မြန်ထွက်လာခဲ့လိုက်သည်။

ပျော်တော်ဆက်Where stories live. Discover now