Part 40

2.3K 144 4
                                    

Part 40

Kit အံအားသင့်သွားပြီး တွေးမိသည်။

ကိုကိုမှာချစ်သူရှီတယ်လို့ ကျွန်တော်မကြားဖူးပဲ
အခုကိုကိုပြောလိုက်တာ လက်ထပ်မယ်တဲ့ 

" ဘယ်သူနဲ့လဲ ကိုကို  "

" Singရဲ့ Daddyနဲ့ပါ   "

" ဗျာ!   "

ကျွန်တော်အံသြလွန်းလို့ မှင်တက်ပြီး ရပ်နေမိသည် ကိုကို ကုတင်ပေါ်ကဆင်းပြီး ကျွန်တော်လက်ကိုကိုင်ပြီး ကုတင်ပေါ်မှာ ထိုင်ခိုင်းကာ  

" ကိုကိုကရောဂါသည်ပါ ဦးကိုလက်ထပ်ပြီး 
ဒုက္ခမပေးချင်ပါဘူး  ဒါပေမဲ့  ကိုကို လက်ထပ်တာ အကြောင်းရှီတယ်   "

"ဘာအကြောင်းလဲ ကိုကို  "

" အခုတော့ မပြောချင်ဘူး  ကိုကိုပြောချင်တာက ညီ.. "

ကိုကိုပြောရင်းမောလာကာရပ်သွားသည်။

" ကိုကို..."

" ညီအပေါ် ပြသာနာတစ်ခုခု ကြုံလာရင် ကိုကိုဖြေရှင်းပေးချင်တယ်  ညီညီက  ကိုကိုစကားကိုသာ နားထောင်ပေးပါ   "

" Daddy က ကိုကို့ကို လက်ထပ်မယ့်လို့ ခွင့်တောင်းတယ်ပေါ့  Daddy က ကိုကိုထက် အသက်အများကြီး ကြီးတယ်လေ   "

" ဦးကို ကိုကိုချစ်တယ်ညီညီ  "

"တကယ်လား  ကိုကို   "

" အင်း ကိုကိုကဦးကို အရမ်းချစ်တယ်  "

" ဟုတ်ကဲ့  ညီညီသိပါပြီ ကိုကိုပြန်လှဲလိုက်နော်
ကိုကိုဖျားနေပြီ ဆရာဝန်ခေါ်မှ  ဖြစ်မယ်  "

Kirstချက်ခြင်းပဲP'Pem ကို လှမ်းခေါ်လိုက်သည်။ ကိုကိုအဖျားသက်သာစေရန် Pက ကိုကို့ ကို ဆေးထိုးပေးသည်  P'Pemက ကိုကို့ ကို ဆေးပုံမှန်တိုက်ဖို့  ရက်အတိအကျသွေးသွင်းဖို့  ကျွန်တော်ကို မှာသွားသည်။ ကျွန်တော် ကိုကို့ ကို ရင်ခွင်ထဲထည့်ထားလိုက်သည်  Daddy အခန်းထဲဝင်လာပြီး

" အစောကြီးပဲဆရာဝန် ရောက်လာတယ် 
Oonမသက်သာဘူးလား   "

"ကိုကိုအရမ်းဖျားနေလို့ ပါ Daddy!  "

Daddy ကုတင်ပေါ်မှာထိုင်ပြီး ကိုကိုနဖူးကိုစမ်းရင်း ကိုကိုလက်ကို ကိုင်ထားသည်။ ကိုကိုက
ကျွန်တော်ရင်ခွင်ထဲက ခွာပြီး

"ညီညီ  တစ်ညလုံး ပင်ပန်းနေပြီ သွားနားပါတော့  "

ကျွန်တော်အခြေအနေကို နားလည်စွာပဲထလိုက်သည်။

" Daddy  ကိုကို့ကိုဂရုစိုက်ပေးပါ  "

Daddy အံသြစွာ ခေါင်းညိတ်သည်။
ကျွန်တော်အခန်းထဲက ထွက်လာခဲ့လိုက်သည်။ နောက်ဆို ကိုကိုက ကျွန်တော်ရင်ခွင်ကို လိုအပ်တော့မှာ မဟုတ်ဘူးပဲ

"ဦးကို လက်ထပ်မယ်လို့  ညီညီကို
ကျွန်တော်ပြောလိုက်ပြီ "

ညီထွက်သွားတာနဲ့ချက်ခြင်းပဲ
Oon ဦးကိုပြောလိုက်သည်။

"တကယ်လား ကလေးက ဦးကို တကယ်လက်ထပ်မှာလား "

ကလေးခေါင်းညိတ်သည်  ကျွန်တော် ကလေးနားမှာ ထိုင်လိုက်ပြီး ကလေးကို ရင်ခွင်ထဲထည့်ထားလိုက်သည် 

" ဦး ဒီနေ့ ကုမ္ပဏီမသွားတော့ဘူး ကလေးနားမှာပဲနေမယ် တစ်နေ့ကုန် ကလေးကို ဦးရင်ခွင်ထဲမှာပဲ
ထားမယ် "

" Sing မြင်သွားရင်ရော. "

" ကလေးက ဦးကို လက်ထပ်ဖို့ ဆုံးဖြတ်လိုက်ပြီပဲ
ဦးလဲ သားလေးကို အသိပေးရတော့မှာပေါ့  "

" ဘာပွဲမှ မလိုပါဘူး  ဦး ကျွန်တော်နဲ့ ဦးအတူနေခွင့်ရယုံပဲ ကျေနပ်ပါတယ်  "

"ကလေးအတွက် လက်စွပ်တော့လိုတယ်လေ ဦးနဲ့ကလေးရဲ့ ဘဝလက်တွဲဖို့ ဦးကလေးကို လက်စွပ်လေးနဲ့ ချည်နှောင်လိုက်မယ်  "

ကောင်းပျော်ရွှင်ပြီးဆိုလိုက်သည်။
ပျော်လွန်းလို့ ကလေးကိုချက်ခြင်းပဲ
မြတ်နိုးကာနမ်းလိုက်သည်။

" ဦး ကျွန်တော်အိပ်ချင်တယ်
ဒီအတိုင်းပဲနေလိုရတယ် မဟုတ်လား  "

"ရတာပေါ့ ကလေးရယ်  အခုကလေးက ဦးရဲ့ပိုင်ဆိုင်သူ ဖြစ်နေပြီလေ  "

ကလေး ကျွန်တော်ရင်ခွင်ထဲမှာ အိပ်ပျော်သွားသည်။
မြတ်နိုးရတဲ့ကလေးရယ် အရမ်းချစ်တယ်။

ပျော်တော်ဆက်Where stories live. Discover now