Part 32

2.1K 131 4
                                    

Part 32

Kit Pov;

ကိုကို ဆေးရုံဆင်းပြီး Daddyအိမ်မှာလိုက်နေပေမဲ့  ကိုကိုကဘယ်သူမှစကားကိုးသိပ်မပြောပေ  ကုမ္ပဏီသွားချိန်မှာသွားပြီး စားချိန်မှာ မိသားစုနဲ့ ထမင်းဆင်းစားပေမဲ့ စကားနည်းလွန်းသည်။

" ကိုကို   "

ကိုကိုအခန်းထဲဝင်တော့ ကိုကိုလှဲနေသည်

"ဟင် ညီညီ   "

ကိုကိုနဖူးကို စမ်းလိုက်ပြီးမေးလိုက်သည်။

" ကိုကို နေကောင်းတယ်နော်   "

" အင်း   "

" စိတ်ညစ်စရာရှီလို့လား ကိုကိုကုမ္ပဏီက ပြန်လာတာနဲ့ အခန်းထဲမှာပဲနေတယ် မနက်လည်း  Daddy နဲ့ ကုမ္ပဏီ အတူတူ သွားလို့ရရဲ့သားနဲ့  ကိုကို အစောထသွားတယ်  မနက်စာလည်း အိမ်မှာ တစ်ခါမှ မစားဘူး ဘာဖြစ်လို့လဲကိုကို ဒီအိမ်မှာနေရတာ မပျော်လို့ လား  "

"ညီညီနဲ့နေရတာပဲ ကိုကိုမပျော်တာမရှီပါဘူး   "

" အဲ့တာဆို ဘာလိုလဲ ကိုကို   "

" ကိုကိုက ဒီအတိုင်းပဲ နေတက်တာ ညီညီသိရဲ့သားနဲ့  "

" ဟင့်အင်း ကိုကိုအရင်နဲ့ မတူတာ ညီညီသိတယ် ကိုကိုကအေးတယ်ဆိုပေမဲ့ ညီညီကိုတော့ မဖုန်းကွယ်ပဲ အားလုံးပြောပြတယ် အခု ညီညီစိတ်ထဲမှာ ထင်နေတယ် ကိုကို ညီညီကိုဖုန်းကွယ်ထားတာရှီတယ်လို့  "

" မဟုတ်ပါဘူး ညီညီ  "

" အဲ့တာဆို  မနက်ဖြန်  ညီညီဆိုင်ဖွင့်ပွဲရှီတယ်
ကိုကိုလာမယ် မဟုတ်လား  "

" မနက်ဖြန် ကိုကိုကုမ္ပဏီမှာ ဒဇိူင်းအပ်ရမှာ  "

" အဲ့တာဆို ကိုကိုမလာတော့ဘူးပေါ့  "

" အင်း  "

ကိုကိုမျက်စီမှိတ်သွားတဲ့အတွက် ကျွန်တော် ကိုကို့ ကို စောင်ခြုံပေးခဲ့လိုက်သည်။

" ကြောင်လေး!..အစ်ကိုကဘာတဲ့လဲ   "

အခန်းထဲဝင်ဝင်ချင်းမေးတဲ့ Singကြောင့်

" မလာနိုင်ဘူးတဲ့ ကုမ္ပဏီမှာ အရေးကြီးအလုပ်ရှီလို့တဲ့  "

" ကုမ္ပဏီက Daddy ကုမ္ပဏီပဲ Daddyကို ကျွန်တော်သွားပြောမယ်  "

ပျော်တော်ဆက်Where stories live. Discover now