Part 12

3.3K 160 7
                                    

Part 12

Kitနိုးနိုးချင်း ကိုကို့ကို ဖုန်းခေါ်ပေမဲ့ ဖုန်းမကိုင်ဘူး ကိုကိုမနိုးသေးဘူးလား Singမနိုးသေးတာကြောင့် အသာထပြီး ရေမိုးချိုးပြီး အောက်ထပ်ဆင်းလာလိုက်သည်။ ထမင်းစားခန်း နဲ့ တွဲရပ် မီးဖိုချောင်ထဲ ဝင်လိုက်တော့ ချက်ပြုတ်နေတဲ့ အိမ်အကူသုံးယောက်က ကျွန်တော်ကို ကြည့်နေသည်။ ကျွန်တော်လည်း ရယ်ပြလိုက်ပြီး

"မနက်စာပြင်ဆင်ပေးချင်လို ခွင့်ပြုပါလား "

" အစ်ကိုလေး လုပ်ရမဲ့ အလုပ်မဟုတ်ပါဘူး "

စာဖိုးမှုကြီး U Phoe က ကျွန်တော်ကို အစ်ကိုလေးလို့ ခေါ်တာကြောင့်

" ကျွန်တော်ကို Kitလိုပဲခေါ်ပါ U Phoe "

" သူဌေးလေးက ကျွန်တော်တို့ နာမည်သိနေတာပဲ "

" ကျွန်တော် မနက်စာ ပြင်ဆင်ပေးချင်လို့ပါ "

Daddy နဲ့ Singအတွက် မနက်စာကို ပန်းသီးကိတ်လုပ်ပေးလိုက်သည်။ သူဌေးအိမ်ဆိုတော့ ကျွန်တော် လိုချင်တဲ့ ပစ္စည်းအစုံရှီသည်။

" မနက်စာက ကိတ်ပဲ "

" လှလိုက်တာ U Phoe လုပ်တာလား
Daw Saw လုပ်တာလား "

" အစ်ကိုလေး Kit လုပ်တာပါ "

Jeckက ဝင်ဖြေသည် daddy ကိတ်ကိုတစ်ဇွန်း မြည်းကြည့်ပြီး

"ကောင်းတယ် kit "

"အဲ့ဒါဆို များများစားနော် Daddy ကျွန်တော်လုပ်တဲ့ ကိတ်က ဆီးချို သွေးတိုး မဖြစ်ဘူး "

Singလည်းစားကြည့်ပြီး

" အရမ်းကောင်းတယ် Kit ဒီလိုလုပ်တက်မယ်လိုမထင်ခဲ့ဘူး "

" ကျွန်တော်က ကိတ်မုန့်ဖုတ်တာ ဝါသာနာပါတယ် ကမ္ဘာပေါ်မှာ အစားကောင်းဆုံး အရသာအရှီဆုံး အလှပဆုံး ကိတ်မုန့်တွေကို မြည်းစမ်းကြည့်ချင်တယ် ကိုယ့်ကိုတိုင်လည်း လုပ်ချင်တယ် "

" အခု မဖြစ်နိုင်စရာအကြောင်းမရှီဘူး
  Daddyက သားအတွက် မီးဖိုခန်းတစ်ခန်းဆောက်ပေးမယ် ကိတ်ဖုတ်ဖို့ အကောင်းဆုံးဆရာခေါ်ပေးမယ် "

" တကယ်လား Daddy "

" တကယ်ပေါ့ အခုသားအိမ်မက်တွေ အကောင်အထည်ဖော် daddy အားလုံးပံပိုးပေးမယ် "

" ကျေးဇူးတင်ပါတယ် Daddy "

"Daddy ကုမ္ပဏီ သွားတော့မယ် သား Sing kitကိုပေးမဲ့လက်ဆောင်ကို daddy မှာထားပြီးပြီနော် ခဏနေ ရောက်လာလိမ့်မယ် "

daddyက kitကိုသားတစ်ယောက်လို့
ဆက်ဆံလို့ ကျွန်တော်အရမ်းပျော်သည်။
ဒါမှသာ Kitရဲ့မကောင်းသော
အတိတ်ကို ပြန်မစဥ်းစားမှာဖြစ်သည်။

" ဟုတ်ကဲ့ daddy. ကျေးဇူးတင်ပါတယ် "

Kit နဲ့ ကျွန်တော် ကော်ဖီဆက်သောက်နေရင်း Kit. မျက်နှာ ညိုးငယ်နေတာကြောင့်

" ဖြစ်ချင်တာတွေ ကျန်သေးလိုလား
ပြောလေ Kit ကျွန်တော်လုပ်ပေးမယ် "

" ကိုကိုက ပန်းသီးကိတ်အရမ်းကြိုက်တယ် "

" သွားပို့ချင် ပို့လေ "

" တကယ်လား Sing"

ကျွန်တော်စကားကြောင့် ကြောင်လေး
မျက်နှာ ဝင်းပသွားသည်။

" တကယ်ပါ Kitနဲ့ ကျွန်တော် လက်ထပ်လိုက်တာက Kit ဘဝအသစ်စဖို့ တစ်ခုတည်းပါပဲ။ Kitကို ချုပ်ချယ်ဖို့  မဟုတ်ဘူး Kit လွတ်လွတ်လပ်လပ် နေလိုရတယ်
ဖြစ်ချင်တာတွေ တောင်းဆိုလိုရတယ် "

"ကျေးဇူးတင်ပါတယ် Sing
ခင်ဗျား တော်တော်စိတ်ကောင်းရှီတာပဲ "

" အဝတ်အစားသွားလဲတော့ "

Kit အဝတ်အစားလဲပြီး ကိတ်မုန်းဗူးကိုင်ကာ အိမ်အပြင်ထွက်လာသည်။

"ရော Kit "

ကားသော့ကို လှမ်းပေးလိုက်သည်။

" ဒီကားက အသစ်လား "

"ဟုတ်တယ် ကျွန်တော်ရဲ့ မင်္ဂလာဦးလက်ဆောင် ကားမောင်းတက်တယ် မဟုတ်လား "

" မောင်းတက်တာပေါ့
ကျေးဇူးတင်ပါတယ် Sing "

ကျွန်တော်ပျော်ပြီး Singကို ဖက်လိုက်သည်

" ရပါတယ် Kit "

ဖက်ထားတာက ခွာပြီး

" Sorry Singကျေးဇူးတင်လွန်းလို့
  သွားတော့မယ် "

Kitရှက်ပြီး ကားပေါ်တက်ပြီး မောင်းထွက်သွားသည်။

Singနဲ့လက်ထပ်ပြီး တစ်မနက်တည်းမှာပဲ ပြောင်းလဲသွားတဲ့ ကျွန်တော်ကံက တကယ်မယုံနိုင်စရာပါပဲ ပိုက်ဆံရဖို့ အတွက် သူများအသုံးတော်ခံ ပျော်တော်စက် မဟုတ်တော့ပဲ အရမ်းချမ်းသာတဲ့ Star ကုမ္ပဏီ ဥက္ကဌ ရဲ့ သားမက် ပန်းချီကားတစ်ချပ်ဆွဲတိုင်း ဒေါ်လာသန်းချီရတဲ့ နာမည်ကျော်ပန်းချီဆရာ Mr.Singရဲ့ သတို့သား ဖြစ်နေတာ အိမ်မက်တစ်ခုလိုပါပဲ ဒါတွေအားလုံးက Singရဲ့ကျေးဇူးကြောင့်ပဲ Singက သူများတွေလို ကျွန်တော်နားကို တဏှာနဲ့ ချည်းကပ်တဲ့ သူမဟုတ်ပဲ ကျွန်တော်ဘဝကို နာလည်းစာနာပေးတဲ့သူ ကျွန်တော်အတွက် အကောင်းဆုံး သတို့သားပဲဖြစ်သည်။

ပျော်တော်ဆက်Where stories live. Discover now