Part 21

2.4K 157 7
                                    

Part 21

ဒီနေ့ကိုကို ဆေးရုံကဆင်းတဲ့နေ့မို့လို ကိုကို့ကိုအိမ်ပြန်လိုက်ပို့ပြီး  ကိုကိုအခန်းကို Singက သန့်ရှင်းရေးလုပ်ပေးသည်။ ကိုကိုကတော့
အလိုက်သိတဲ့ Sing က
ကျွန်တော်ကိုချစ်လို
ကိုကိုအပေါ်ကောင်းတယ် ထင်နေသည်။ တကယ်တော့ ဒါတွေက ကျွန်တော်မခိုင်းပဲ Singသူဘာသာ ကိုကိုအတွက် လုပ်ချင်လို့ လုပ်ပေးနေခြင်းဖြစ်သည်။  

ကိုကို့ကိုအိပ်ရာပေါ်မှာလှဲစေလိုက်သည်။ ဒီတစ်ခေါက်ကိုကိုဆေးရုံကဆင်းတာတောင် မျက်နှာက
မလန်းပဲ ဖြူဖပ်ဖြူရော် ဖြစ်နေသည်။

"ကိုကို ဘာလို့ အခန်းလျှို့ဝှက်နံပတ် ပြောင်းလိုက်တာလဲ   "

ကိုကိုစကားမပြောနိုင်ပဲ ကျွန်တော်ကို ကြည့်နေသည်။

" ညီညီကိုမရှောင်ပါနဲ့ ကိုကို ...ကိုကိုက ကျွန်တော်အတွက် ဝန်ထုပ်ဝန်ပိုးမဟုတ်ပါဘူး ကိုကိုက ကျွန်တော်အရမ်းချစ်တဲ့ တန်ဖိုးမဖြတ်နိုင်တဲ့ အစ်ကိုတစ်ယောက်ပါ ကျွန်တော်အိမ်ထောင်ကျသွားပေမဲ့ ကိုကိုအကြောင်းမတွေးတဲ့နေ့ ကိုကို့ကို စိတ်မပူတဲ့ရက်မရှီဘူး အချိန်တိုင်း ကိုကို့ကိုပဲတွေးနေတာ  နေမကောင်းတဲ့ကိုကို့က ကျွန်တော်အတွက် ဝန်ထုပ်ကြီးမဟုတ်ပါဘူး ကျွန်တော်ကို မရှောင်ပါနဲ့နော် ကိုကို ကျွန်တော်တောင်းပန်ပါတယ်  "

သနားဖို့ကောင်းတဲ့ ညီညီကို ကြည့်ပြီးခေါင်းညိတ်ပြလိုက်သည်။ ညီညီရယ် ဒုက္ခတွင်းထဲက လွှတ်မြောက်ပြီး ပျော်ပျော်ရွှင်ရွှင်မနေပဲ  ဒုက္ခတွင်းထဲကိုပဲ ပြန်လာချင်နေတာလား

" ကိုကို တစ်ရေးလောက်အိပ်လိုက် ညီညီ ကိုကိုအဝတ်အစားတွေလျှော်ပြီး ကိုကိုစားဖို့ တစ်ခုခုလုပ်ပေးမယ် ဘာစားချင်လဲ ကိုကို  "

ကိုကိုခေါင်းရမ်းသည်။

" မစားချင်လို့မရဘူး ကိုကို အခုတလောကိုကို ဟုတ်တိပတ်တိ  ဘာမှစားတာမရှီဘူး   "

ကိုကိုခေါင်းရမ်းပြသည် ပြီးတော့ ကျွန်တော်လက်ကို ကိုကိုယူပြီး ကျွန်တော်လက်မှာသူလက်ညိုးနဲ့ စာရေးသည်

"ပြန်နားလိုက်ပါ " ဆိုပြီး  

"ညီညီအတွက် ဘာမှမပူနဲ့  ကိုကိုအိပ်လိုက်နော်   "

ကိုကိုမျက်စီမှိတ်သွားသည်။ ကိုကိုနဖူးကို နမ်းပြီး ကိုကိုမမြင်အောင် မျက်ရည်ကျမိသည်။  

" ခင်ဗျားပြန်တော့ ကျွန်တော်ညနေမှ ပြန်လာမယ် ကိုကိုအဝတ်တွေလျှော်ပြီး ကိုကိုအတွက် တစ်ခုခုလုပ်ပေးရမှာ  "

ဧည့်ခန်းမှာ သန့်ရှင်းရေး လုပ်နေတဲ့
Singကို ပြောလိုက်သည်။ 

" အဝတ်လျှော်ဖို့ ဟုတ်လား အဲ့တာ ကျွန်တော်လုပ်လိုက်မယ်လေ  "

" ခင်ဗျားက လျှော်တက်လို့လား ဒီအိမ်မှာ ခင်ဗျားအိမ်လို အဝတ်လျှော်စက်မရှီဘူး  လက်နဲ့လျှော်ရမှာ  "

" အဲ့ဒါဆို အဝတ်လျှော်စက် လှမ်းမှာလိုက်မယ်လေ  "

" လာပြန်ပြီ ကိုကိုကအော်အောင်လို
ကိုကိုက အဲ့လိုလုပ်တာ မကြိုက်ပါဘူးဆို   "

အရာရာကို ပိုက်ဆံနဲ့ဖြေရှင်းတဲ့
သူဌေးသားကို kitဘုပြောပြောလိုက်သည်။

" ကျွန်တော်က ကျွန်တော်တို့မရှီတဲ့အချိန် အစ်ကိုသက်သာအောင်လိုပါ အခု ကျွန်တော်လျှော်လိုက်ပါမယ်  "

" ခင်ဗျားက ကိုကိုအလုပ်ဆို
အကုန်လုပ်ချင်နေတာပဲနော်  "

" ကျွန်တော်လုပ်တော့ Kit နားရတာပေါ့ Kit  မျက်ကွင်းညိုနေတယ် တစ်ရေးလောက်အိပ်လိုက် အိမ်အလုပ်တွေ အကုန် ကျွန်တော်လုပ်ပေးမယ်  "

"Daddyသိရင် ကျွန်တော် ပြောခံရတော့မှာပဲ သူသားလေးအကောင်းစား အိမ်မှာ
ခြေမွှေးမီးမလောင် လက်မွှေးမီးမလောင်ထားတဲ့ သူဌေးသားကို ခိုင်းလို့ လေ   "

" ကျွန်တော်ကို ခနဲ့မဲ့အစား တစ်ရေးလောက်သွားအိပ်လိုက်ပါ မျက်ကွင်းတွေညိုနေပြီ  "

"တကယ်လား  အဲ့ဒါကြောင့် အစောနကိုကိုက အိမ်ပြန်နားခိုင်းတာကိုး   "

" အင်း Kit  အခန်းမှာသွားအိပ်လိုက်  "

Singကျွန်တော်လက်ကို ကိုင်ပြီး ကျွန်တော်အခန်းထဲထိ လိုက်ပို့သည်။ ပြီးတော့ ကုတင်ပေါ်မှာ လှဲခိုင်းပြီး စောင်ခြုံပေးသည်။ 

" ခင်ဗျားလည်း ပင်ပန်းမှာပေါ့  "

" ကျွန်တော်ကို စိတ်မပူပါနဲ့ Kitသာ အိပ်ပျော်အောင်အိပ်ပါ Kit  ကျွန်တော်ကို ယူထားပြီး ကျွန်တော်က ဒီလောက်မှ
အားမကိုးရရင် ဘယ်ဖြစ်မလဲ  "

ခင်ဗျားကအားကိုးရပါတယ် ကျွန်တော်အတွက် အရာရာဖြည့်ဆည်းပေးပြီး အရမ်းကောင်းပြီး အားကိုးရတဲ့ သတို့သားပါပဲ  ဒါပေမဲ့  အချစ်..ကျွန်တော်ကို ခင်ဗျားမချစ်ပဲ လက်ထပ်ခဲ့တာ  ကျွန်တော်ကတော့ ခင်ဗျားကိုချစ်လို့ အပိုင်သိမ်းခဲ့တာ  

ပျော်တော်ဆက်Where stories live. Discover now