Prat 37

2K 134 4
                                    

Part 37

Oonကုမ္ပဏီမှာ ဒဇိုင်းဆွဲနေရင်း ခေါင်းကအရမ်း ကိုက်လာတာကြောင့် စားပွဲပေါ်မှောက်ပြီ ခဏအိပ်လိုက်သည်

" Oon!   "

ကျွန်တော်ကို လာနှိုးတဲ့ အတွင်းရေးမှူးကြောင့် ကျွန်တော် နိုးသွားသည်။
ရုတ်တရက်ထလိုက်တာကြောင့်
ခေါင်းကိုက်တာပါအဆစ်ပါလာသည်။

"အလုပ်ချိန်မှာ အိပ်နေရလား ဥက္ကဌခေါ်နေတယ်  ဖုန်းနဲ့မခေါ်ပဲ လူကိုယ့်တိုင်လာခေါ်ဆိုလို့ မြန်မြန်လာခေါ်ရတာ  "

" ဟုတ်ကဲ့  ..."

ကျွန်တော် ဥက္ကဌအခန်းထဲရောက်တော့

" တံခါးလော့ချလိုက်   "

" ဗျာ! "

" တံခါးလော့ခက်ပြီး ဝင်ခဲ့လို့ပြောတာ "

" ဟုတ်ကဲ့  "

Oonတံခါးကိုလော့ချခဲ့လိုက်သည်။ 

" ကျွန်တော်ကို ခေါ်တဲ့ကိစ္စက  "

" ရုံဆင်းတဲ့အထိ ဒီအခန်းမှာပဲနေ ဘယ်မှမသွားရဘူး အိမ်ပြန်ရင် အတူတူပြန်မယ်. "

"ဗျာ!  "

"မနက်ဖြန် ကလေးသွေးသွင်းပြီး ဆေးကုရမဲ့နေ့လေ အဲ့ဒါ ဒီည အပြင်မှာ သောက်နေမှာ ဆိုးလို့ မနက်ဖြန် ဆရာဝန်ကို အိမ်ခေါ်ထားတယ် ခါတိုင်းလို့ ဆေးရုံသွားစရာမလိုဘူး  "

"ဥက္ကဌ ကျွန်တော်က နာမည်ပျက်ရှီတဲ့ကောင်ပါ  ဥက္ကဌဂရုစိုက်မနေပါနဲ့  "

"အခုထိ ဦး ကလေးအကြောင်းကို မစုံစမ်းဘူး ဘာလို့လဲသိလား  ကလေးမှာ နာမည်ပျက်ဘယ်လောက်ရှီရှီ ဦးကလေးကို ချစ်တယ် ဦးကလေးကို လက်ထပ်မယ် "

" တကယ်လို့ Singtoက နာမည်ပျက်ရှီတဲ့ သူနဲ့လက်ထပ်ရင်ရော့ ဦးခွင့်ပြုမှာလား  "

" ကလေးအမေးက ထူးဆန်းလိုက်တာ သားလေးနဲ့ ဘာဆိုင်လို့လဲ  "

"ဖြေပါ ဥက္ကဌ ကျွန်တော်သိချင်လို့   "

" Singto က ဦးအရမ်းချစ်တဲ့သား ဦးအတွက်တန်ဖိုးအရှီဆုံး ရတနာကို ပိုင်ဆိုင်ရသလိုပဲ အဲ့ဒါကြောင့် ဦးခွင့်ပြုမှာ မဟုတ်ဘူး  ကလေးကို နားလည်ပေးသလို နားလည်ပေးမှာ မဟုတ်ဘူး   "

" ကျွန်တော်က မကောင်းတဲ့ကောင်ဆိုတာတောင် ဦးက ကျွန်တော်ကို ချစ်တယ်ပေါ့  "

" အင်း အဲ့ဒါကြောင့် အရက်သောက်ချင်ရင် အိမ်မှာသောက်ပါ အပြင်မှာ အသောက်ပါနဲ့ လိုချင်တာ ဦးကိုပြောပါ အကုန်ဖြည့်ဆည်းပေးမယ်  အိမ်က မိသားစု စိတ်ပူအောင်တော့ ညနက်ကြီးထိ အပြင်မှာ မနေပါနဲ့ ကလေး " 

ကလေးရပ်ပြီး ကျွန်တော်ကို အကြာကြီးကြည့်နေသည် ကျွန်တော်ထိုင်ရာက ထပြီး ကလေးနားသွားပြီး လက်ကိုကိုင်လိုက်တော့ ကလေးလက်တွေ အေးဆက်နေသည်။

" အိမ်ပြန်ရအောင်  ကလေး  "

" ဟုတ်ကဲ့   "

ကားပေါ်ရောက်တော့ ကလေးကျွန်တော် ပုခုံးကို မှီပြီး အိပ်ပျော်သွားသည်။  ဒီကလေးရဲ့ စရိုက်က ကျွန်တော်မကြိုက်တဲ့ စရိုက်ဆိုပေမဲ့  ကျွန်တော်မှ
ဒီကလေးကို မုန်းလို့မှ မရတာ ကျွန်တော်ဘဝမှာ ရင်နစ်အောင်ချစ်ခဲ့ရသူက ဒီကလေးပဲထင်တယ် 

" Daddy ! "

Oonကိုပွေ့ချီပြီး ဝင်လာတော့ သားလေးက အံသြပြီး ကျွန်တော်ကို ကြည့်နေသည်

" Oonနေမကောင်းဘူး သားလေး   "

"ဟုတ်ကဲ့ Daddy  "

သားလေး  ကလေးအခန်းကို ဖွင့်ပေးသည် ကျွန်တော်ကလေးကို အိပ်ရာပေါ်မှာ လှဲစေလိုက်ပြီး
စောင်ခြုံပေးလိုက်သည်။

" ဆရာဝန်ခေါ်လိုက်ရမလား Daddy  "

" ဒီနေ့တော့ မခေါ်ပါနဲ့  မနက်ဖြန်
Oon ဆေးကုရက်လေ Kit ဆိုင်ကပြန်လာပြီလား  "

"မလာသေးဘူး Daddy  "

" မလာသေးတာကောင်းတယ် ပြန်ရောက်ရင်လည်း Kit စိုးရိမ်အောင် မပြောနဲ့ ကြားလား သားလေး  "

" ဟုတ်ကဲ့ Daddy   "

အစ်ကိုရဲ့ ဆေးကုရက်တောင် Daddyသိနေပါ့လား Daddy အစ်ကိုအပေါ်ရိုးသားပါစေလို့  ကျွန်တော် ဆုတောင်းနေမိသည်။

ပျော်တော်ဆက်Where stories live. Discover now