Part 19

2.4K 149 10
                                    

Part 19

တစ်ညလုံး သားလေး နဲ့ သားမက်ကလေး ပြန်မလာလို့ ဘာများဖြစ်နေလဲ သားလေးကို ဖုန်းဆက်တော့ ဖုန်းက အိမ်မှာထားခဲ့တယ် သူတို့ထမင်းစားရင်း ထွက်သွားလို့ ဖုန်းမယူသွားခဲ့ဘူး  သားတို့ ပြန်မလာတာနဲ့ ကျွန်တော်လည်း တစ်ညလုံး အိပ်မပျော်ခဲ့ဘူး   မနက် ရှစ်နာရီထိုးတော့ သားတို့ ပြန်လာတာနဲ့ မေးကြည့်တော့ Oon ဆေးရုံတက်နေရတယ်လို့ကြားသိရသည်။  အဲ့ဒါနဲ့ ကျွန်တော်လည်း ကုမ္ပဏီမသွားခင် 
Oonဆီအရင်ဝင်ဖို့ ဆေးရုံကို ထွက်လာခဲ့လိုက်သည်။  သားလေးပြောတဲ့ အခန်းနံပတ် 062 ကိုရောက်တော့ Oon အိပ်ပျော်နေသည်။
စောင်ကို အပေါ်ထိ ဆွဲခြုံပေးတော့ 
Oon နိုးလာပြီး.

" ဥက္ကဌ!   "

" ကုမ္ပဏီမှာ မဟုတ်ဘူးလေ  "

" ဦး   ကျွန်တော်ဆီကို ဘယ်လိုသိပြီး  "

"မိသားစုတောင်ဖြစ်နေပြီ
မသိပဲနေမလား   "

"  မနေ့က ပစ္စည်းဈေးကွက်ထဲဝင်တဲ့နေ့
အဲ့ဒါ...."

" Oonဒဇိုင်းကြောင့် လူကြိုက်များခဲ့တယ်  "

"  ကျွန်တော်ဒဇိုင်းကြောင့်ထက်  ပစ္စည်းအရည်အသွေး ကောင်းလို့ ပါ  "

" ကလေးအရမ်းတော်တယ်    "

" ကျေးဇူးတင်ပါတယ် ဦး  "

ဦးနဲ့ စကားပြောနေစဉ် ဆရာဝန် P'Pem တို့ဝင်လာပြီး

" သွေးသွင်းချိန်ရောက်ပြီ Oon   "

" ဟုတ်ကဲ့  "

" Oonအရမ်းပေါ့တယ်နော်
အစ်ကိုဒီတစ်ခါ အရမ်းစိတ်ဆိုးတယ် "

ဆရာဝန်ပြောတဲ့ စကားအတိုင်းဆို
ကလေးက အမြဲတမ်း ဆေးရုံတက်နေရတာလား 

" မင်္ဂလာပါ Star ကုမ္ပဏီက
ဥက္ကဌကောင်းမဟုတ်လား  "

" ဟုတ်ပါတယ်  ကျွန်တော်ကိုသိတာလား  "

" စီးပွားရေး မဂ္ဂဇင်းတွေထဲမှာ အမြဲပါပြီး အောင်မြင်ကျော်ကြားတဲ့သူပဲ ကျွန်တော်သိပါတယ်  "

" ခဏလောက် ဒေါက်တာ  "

ကျွန်တော် Oonကို ပြုံးပြခဲ့ပြီး ဒေါက်တာအခန်းသို့လိုက်ပြီး 

"Oonက ဘာဖြစ်တာလဲ သိချင်ပါတယ်  "

" အဲ့ဒါက   "

" ကျွန်တော်က Oonရဲ့မိသားစုပါ  "

" ဥက္ကဌကကောင်းက Oonရဲ့မိသားစုဟုတ်လား Oonတို့က ညီအစ်ကိုနှစ်ယောက်တည်းရှီတာပါ   "

" Oonညီနဲ့ ကျွန်တော်သားလေးနဲ့ က လက်ထပ်ထားတာပါ  "

" ဗျာ Kitလေးကတော့လုပ်ပြီ ကျွန်တော်ကိုမပြောဘူး  အဲ့ဒါကြောင့် မနေ့က သူနဲ့အတူ အဖော်ပါ ပါလာပြီး အကောင်းဆုံး အခန်းကို ငှားပေးတာကိုး  "

" အဲ့ဒါကြောင့်  ကျွန်တော်ကို ပြောပြပါ  Oonက ဘာဖြစ်တာလဲ   "

ဆရာဝန်ဆီက Oonအကြောင်းကိုသိပြီး  Oonကို သနားမိသည်  ဘာလိုအဲ့လောက်တောင် စိတ်ဓာတ်ကြံခိုင်ရပြီး အလုပ်လုပ်နေရတာလဲ Oonအခန်းထဲ ပြန်ဝင်တော့

" ဦးမပြန်သေးဘူးလား ပြန်သွားပြီ
မှတ်နေတာ "

" တစ်ယောက်တည်းမနေပါနဲ့ Oon
နေမကောင်းတော့ ဘေးနားမှာ ဘယ်သူမှ
မရှီဘူး မဟုတ်လား  "

" ကျွန်တော်က နေမကောင်းဖြစ်နေကျပါ ဝေဒနာဆိုတာ ကျွန်တော်အတွက်အဖော်တစ်ခုလို ဖြစ်နေပါပြီ  ကျင့်သားလဲရနေပါပြီ ဦး  "

" ဦးစကားကို နားထောင်ပါလား ကလေး  "

" ဗျာ!   "

ကျွန်တော်ကို ကလေးလို့ ကြင်ကြင်နာနာခေါ်လိုက်တဲ့ ဥက္ကဌ ကြောင့်  ကျွန်တော်ရင်ထဲနွေးထွေးသွားသလို ခံစားရသည်

" ကလေးလို့  ခေါ်တာမကြိုက်ဘူးလား ဦးက ဒီအတိုင်းပဲ ပြောထွက်သွားတာ "

ကျွန်တော်ခေါင်းရမ်းပြလိုက်သည်။

" ဘာစားပြီးပြီလဲ   "

" ညီညီ တစ်ခုခု လုပ်လာမယ်ပြောတယ် ဦး  "

" ဟုတ်လား  ဦးအခု အစည်းအဝေးရှီလို့သွားရမယ် ညနေပြန်လာခဲ့မယ် ဘာစားချင်လဲ ဘယ်ဝယ်ခဲ့ရမလဲ  "

" အခုလည်း သစ်သီးခြင်းကြီး ယူလာတာပဲ ကျွန်တော် သစ်သီးကြိုက်တယ် ဦး  "

" အဲ့ဒါဆို  ဦးအခု ခွဲပေးမယ်လေ  "

" အစည်းအဝေးရှီတယ်ဆို   "

" လိုပါသေးတယ်   "

ကျွန်တော် ပန်းသီးကို ရေဆေးပြီး ဓားနဲ့စိတ်ပြီး Oonကိုပေးလိုက်တော့

" အခွံလည်းမခွာဘူး "

" အခွံမခွာပဲစားမှ ကျန်းမာရေး
ကောင်းမှာ  ရော့ "

ကျွန်တော်လက်ထဲက ပန်းသီးစိတ်ကို
ခွံကျွေးလိုက်သည်။

"Daddy  !.  "

အပေါက်ဖွင့်ပြီး ဝင်လာတဲ့ သားလေး Singခေါ်သံကြောင့် ကျွန်တော် လှည့်ကြည့်လိုက်သည်။

ပျော်တော်ဆက်Where stories live. Discover now