Part 57

1.9K 164 14
                                    

Part 57

   ကျွန်တော့ကို မကွာရှင်းပေးဘူးလို့ပြောတဲ့ ဦးဆီက ကွာရှင်းပေးမဲ့ဆိုတဲ့ စကားလဲကြားရော့ ကျွန်တော်အလိုလို ဝမ်းနည်းသွားသည်။

" Daddy! ဘာလို့ပါပါးကို ကွာရှင်းမှာလဲ
ပါပါးက ဒီအိမ်ရဲ့ မိသားစုဖြစ်နေပြီလေ
ဒီအိမ်က ထွက်သွားရမှာလား "

" အဲ့ဒီအတွက်မပူပါနဲ့ Singto  ဒီအိမ်ကြီးဘေးက ဟိုဘက်အိမ်ကို Oonရဲ့နစ်နာကြေးအဖြစ် အမွေပေးလိုက်ပါပြီ  မင်းတို့ Oonကိုတွေ့ချင်ရင်
အဲ့ဒီအိမ်မှာ သွားတွေ့လို့ရတာပဲ   "

"မလိုပါဘူးဦး.. ကျွန်တော်အိမ်မှာပဲ
သွားပြန်နေမှာပါ   "

" အခုထက်ထိ မင်းခေါင်းမာပြန်ပြီ  မင်းကရောဂါသည်လေ တစ်ယောက်ထဲနေလို့
ဘယ်ဖြစ်မလဲ  မင်းနေမကောင်းရင် မင်းဘေးမှာ တစ်ယောက်ယောက်မရှီရင် အိပ်မပျော်တက်ပဲနဲ့  "

  Daddyကဒီလောက်စိတ်ပူတက်နေတာကိုး
ဘာကြောင့် ပါပါးကိုကွာရှင်းချင်ရတာလဲ

" ကျွန်တော်အတွက်စိတ်မပူပါနဲ့ဦး.. မတန်ပါဘူး  "

Oonရှေ့ မှာရှီတဲ့ စာရွက်မှာ
တွန့်ဆုတ်ခြင်းမရှီလက်မှတ်ထိုးပေးလိုက်သည်။

" ကိုကို!  "

" ပါပါး!  "

      ကျွန်တော်လက်မှတ်ထိုးပေးပြီး ဦးကိုပေးလိုက်သည်

"ကျေးဇူးတင်ပါတယ် ဦး.. ကျွန်တော်ဘဝမှာ
ကျွန်တော်ကို့ နွေးထွေးမှုပေးခဲ့တဲ့ ဦးကျေးဇူးကို
မမေ့ပါဘူး  "

" Oonအိမ်ပြန်နေမယ်ဆိုရင် အဖော်အဖြစ် Jack ကိုထည့်ပေးလိုက်မယ် ပြီးတော့ ဘဏ်စာအုပ်ထဲကို ပိုက်ဆံလတိုင်းထည့်ပေးမှာမို့လို့ ပိုက်ဆံအတွက် မပူပါနဲ့ အလုပ်လုပ်ဖို့ မစဉ်းစားပါနဲ့  ဒီတစ်ခါတော့ ပြောစကားနားထောင်ပေးပါ  "

"ဟုတ်ကဲ့ဦး ....ကျွန်တော် ပြောစကားနားထောင်ပါ့မယ် ဦးစီမံပေးတာကို လက်ခံပါမယ်   "

    ကျွန်တော်အိပ်ခန်းထဲဝင်ပြီး  အိတ်ထဲကို အဝတ်အစားထည့်နေတုန်း Singနဲ့ ညီညီဝင်လာသည်

" ကိုကို...ညီညီလဲလိုက်မယ်   "

" ဘာတွေလျှောက်ပြောနေတာလဲညီညီ
ဒီအိမ်ကညီညီအိမ် ညီညီမိသားစုပါ   "

" ကိုကို..ကိုကို  "

ညီညီငိုပြီး ကျွန်တော့်ကို ဖက်ထားသည်
ကျွန်တော်ညီညီကို ပြန်ဖက်ထားပြီး

" ကိုကိုကိုယ့်စား ဦးကို စောင့်ရှောက်ပေးပါ ဦးကကော်ဖီကြိုက်လို့ မနက်ပိုင်းပဲ ဖျော်တိုက်ပါ
ညနေကျရင် ဦးကိုကော်ဖီဖျော်မတိုက်ပဲ
နွားနို့တိုက်ပေးပါ  ကိုကိုပြောတာ မှတ်ထားနော်  "

" ကိုကို ညီညီကိုခွဲမသွားပါနဲ့   "

"ညီညီရင့်ကျက်ပါတော့ ကိုကို့ကိုစိတ်မပူပါနဲ့  "

   ကျွန်တော် ညီညီကို ဖက်ထားရာကနေခွာပြီး
Singကို ကြည့်လိုက်သည်

" တစ်ခေါက်လောက် ဖက်လို့ရမလားပါပါး  "

Singရဲ့တောင်းဆိုမှုကိုခွင့်ပြုလိုက်သည်။

" အင်း  "

   ကျွန်တော် Singဖက်တာကို လက်ခံပြီး
ပြန်ဖက်ထားလိုက်သည်

" ပါပါး!..
ကျွန်တော်ပါပါးလို့ပဲ အမြဲခေါ်မယ်
ရတယ်မဟုတ်လား  "

" အင်း Sing. ညီညီကိုဂရုစိုက်ပါနော်
ညီညီကို ပျော်ရွှင်အောင်ထားပါ   "

" ဟုတ်ကဲ့ ပါပါး   "

    ကိုကို ပစ္စည်းတွေကို  အိမ်ကူတွေ ကားပေါ်တင်လိုက်ကျသည် Jack က ကိုကိုနဲ့လိုက်ဖို့ ကားပေါ်အ ရင်တက်ထိုင်နေသည်။ ကားထဲဝင်တော့မဲ့ ကိုကို့လက်ကို ဆွဲပြီး

"မသွားပါနဲ့ ....မသွားပါနဲ့ ကိုကို   "

   ကိုကို ကျွန်တော့်လက်ကို ဖယ်ပြီး ကားပေါ်တက်သွားသည်။ ကိုကို ကားပေါ်ရောက်တာနဲ့ ကားမောင်းထွက်သွားသည်။ ကျွန်တော့်ကိုကိုကားနောက် ပြေးလိုက်မိသည်။

" ကိုကို...ကိုကို  "

   Singကျွန်တော်နောက်လိုက်ပြီး ကျွန်တော့်လက်ကိုလှမ်းဆွဲပြီး ဖက်ထားနေသည်။

ထိုနေ့ ကအောက်မှာငိုကြွေးနေတဲ့ Singနဲ့ Kit ရှီသလို  အပေါ်ထပ်ပြတင်းပေါက်ကနေ
Oonထွက်သွားတာကို ကြည့်ပြီး မျက်ရည်ကျနေတဲ့ လူတစ်ဦးလဲ ရှီပါသေးတယ်။

ပျော်တော်ဆက်Where stories live. Discover now