Part 43

1.9K 134 12
                                    

Part 43

Kit Pov

   ကိုကိုနဲ့ Daddy လက်ထပ်တာ တပတ်ရှီပြီ အိမ်ကအရင်လို မဟုတ်တော့ပဲ ကိုကိုအစီအစဉ်ကြောင့် အားလုံးပြောင်းလဲ သွားခဲ့သည်။ အိမ်မှာ အားလုံးက ကိုကိုစည်းကမ်းကိုပဲ လိုက်နာရသည် Daddyကအစပေါ့ Singကလည်း ကိုကိုစကားကို နားထောင်ပြီး ကျွန်တော်ဘေးမှာ အချိန်ပြည့်နေနိုင်သည်။ ကျွန်တော်ကို အကြိုအပို့လုပ်ပေးတဲ့ အပြင် နေ့လည်စာလည်း အမြဲလာပို့သည် ကိုကိုက Singကို သူအပေါ်ရိုသေအောင် အထူးကြပ်မတ်ထားသည်။
ကိုကို Singအပေါ်ထားတဲ့ စည်းကမ်းက တစ်ခါတစ်လေ အရမ်းတင်းကျပ်သည် ကျွန်တော် Singအပေါ် အားနာမိသည် ကိုကိုရယ် Singက ကိုကိုအပေါ်အရမ်းချစ်တာ ကိုကိုသိခဲ့ရင် ဒီလိုတင်းကျပ်ပမလား

" ကြောင်လေး   "

ကျွန်တော်ရုံးခန်းထဲ ထမင်းချိုင့်ဆွဲပြီး ဝင်လာတဲ့ Sing

" Sing  "

" ထမင်းစားရအောင် ပါပါးပေါက်စက
ကြောင်လေးကြိုက်တာတွေကြည့်ပဲ
ချက်ပေးလိုက်တယ်. "

" ဟားဟား ကျွန်တော်ကိုကို့ကိုဘယ်လိုခေါ်တာ  "

" ပါပါးပေါက်စလို့ ခေါ်တာ  "

Singကကျွန်တော်ကို ထမင်းစားဖို့ ပြင်ပေးသည်။

"စားရအောင် Kit  "

ထမင်းပန်းကန်က နှစ်ပန်းကန်ဖြစ်နေတာကြောင့်

"Singရောလား "

" အင်း ပါပါးပေါက်စက အတူတူစားဖို့ ထည့်ပေးလိုက်တာ "

"ကိုကို သနားပါတယ် မနက်ဆို Daddy နဲ့ ကုမ္ပဏီအတူတူသွား နေ့လည် ၁၁ထိုးအိမ်အရောက်ပြန်လာ ကျွန်တော်နဲ့ Daddy အတွက် ထမင်းချိုင့် ကိုယ့်တိုင်ပြင်ဆင်ပေး ကုမ္ပဏီပြန်သွားနဲ့   "

"အင်းကြောင်လေး
ဒါပေမဲ့အစ်ကိုကပျော်နေပါတယ်  အရင်ကဆို
အစ်ကိုအပြုံးကို မြင်ရခက်တယ် အခုဆို ခဏခဏပြုံးတယ် "

" ကိုကိုက Sing အပေါ် ပြုမှုတဲ့ အပြုအမှုကို ကျွန်တော်နည်းနည်းတော့ အားနာတယ် "

"အားမနာပါနဲ့ကြောင်လေး
ကျွန်တော်ပိုလေးစားမိပါတယ်
အစ်ကိုအပေါ် မဟုတ်တဲ့ စိတ်လည်း မထားမိတာပေါ့  "

" ချစ်တယ်ဆိုတာ မဟုတ်တဲ့ စိတ်မှ မဟုတ်တာ
ပြီးတော့ဘာကြောင်လေးလဲ..ဟွန်း "

singပြုံးကာ

"အခု မဟုတ်တဲ့စိတ် မကောင်းတဲ့စိတ် ဖြစ်သွားပြီလဲ အစ်ကိုက Kitကိုကိုဖြစ်သလို Daddy အိမ်ထောင်ဖတ် ကျွန်တော်ပါပါးနေရာ ယူထားပြီလေ  "

"ခင်ဗျားအဲ့လို စိတ်ရှီတာကို ကျွန်တော် ကျေးဇူးတင်ပါတယ် ပြီးတော့  ပိုလည်းချစ်တယ်  "

" ဟင်  "

Kit စကားကြောင့် ထမင်းစားရင် ဘာပြန်ပြောရမှန်းမသိဘူး Kitက မျက်နှာရဲနေသည်

" ထမင်းစားပြီးရင် ရုပ်ရှင်သွားကြည့်ရအောင် Kit "

"ဟင် တကယ်လား  "

" အင်း ဆိုင်မှာအထူးအော်ဒါမရှီဘူး မဟုတ်လား "

"မရှီဘူး ဆိုင်မန်နေဂျာHon ရှီတယ် သူနဲ့ ဝန်ထမ်းတွေနဲ့ ထားခဲ့လို့ရတယ်  "

" အင်း  အဲ့ဒါဆို ပါပါးပေါက်စလေး ချက်ထားတာ ကုန်အောင်စား ပြီးရင် သွားရအောင်  "

ရုပ်ရှင်ကြည့်ဖို့ အရင်ခေါ်တဲ Singကြောင့် ကျွန်တော်အရမ်းပျော်မိသည် ကျွန်တော်လဲ Singရဲ့အချစ်ကို လိုချင်တယ်  ကိုကို့ကို Daddy အရမ်းချစ်သလို Singလည်း ကျွန်တော်ကို အများကြီး ချစ်ပေးရင် ကောင်းမယ်

ပျော်တော်ဆက်Where stories live. Discover now