Part 53

2K 146 14
                                    

Part 53

Oon Pov;

    ညနေရောက်တော့ ဦးပြန်လာသည် ဦးရေချိုးပြီး ကျွန်တော်စားဖို့ ညစာယူလာပေးသည် ကျွန်တော်လည်း ညစာစားပြီးတော့ ဦးကဆေးတိုက်သည်

" ဦးပင်ပန်းလာလား ကျွန်တော်ဘာလုပ်ပေးရမလဲ ကုမ္ပဏီအတွက် ဒဇိုင်းပညာရှင်ရော့ အဆင်ပြေရဲ့လား "

" ငါအလုပ်ကိစ္စကို စိတ်မဝင်စားနဲ့ Oon "

" ဦး ကျွန်တော်ကို မြင်ရတာ စိတ်ပင်ပန်းနေမှာပေါ့ ကျွန်တော်ကိုကွာပြီး ဒီအိမ်ကမောင်းထုတ်လိုက်ပါ့လား "

" မင်းကို ချစ်လွန်းလို့ ခေါ်ထားတယ် မှတ်နေလား မင်းရဲ့ဗီဇအတိုင်း အပြင်မှာငါသားမက်နာမည်နဲ့ အပြင်မှာလုပ်စားရင် နာမည်ထပ်ပျက်မှာ
ငါသားမက်ပဲ  "

   ဦးစကားကြောင့် ကျွန်တော်မျက်ရည်ကျမိသည်။ ကျေးဇူးတင်ပါတယ် ဦး အရမ်းကျေးဇူးတင်ပါတယ် ညီညီကို ချစ်ပေးလို့။ အဖေ့မေတ္တာအပြည့်အဝပေးလို့ ဦးကို ကျွန်တော်သိပ်ချစ်တာပဲ။

" ကျွန်တော် ညီညီနာမည်ထပ်ပျက်အောင် မလုပ်တော့ပါဘူး ပြီးတော့ ဦးနဲ့ ညီညီတို့ နားက အပြီးပိုင်ထွက်သွားမှာပါ  "

"မင်းကို ငါမယုံဘူးOon
မင်းကပိုက်ဆံသိပ်မက်တယ် မဟုတ်လား....
ပြီးတော့ မင်းကိုတန်ဖိုးထားတဲ့ ငါအချစ်တွေကို စော်ကားတဲ့ အတွက် မင်းငါနားမှာနေပြီး ငါအပေါ် ပြန်ပေးဆပ်ရမယ်..  အခုငါ ပင်ပန်းလို့  နားချင်ပြီ  မင်းငါခြေထောက်ကို နှိပ်ပေး ငါအိပ်ပျော်သွားတဲ့အထိ မရပ်ပဲ နှိပ်ပေး  "

" ဟုတ်ကဲ့  "

   ကျွန်တော် ဦးခြေထောက်ကို နှိပ်ပေးလိုက်သည်။
ဦးအိပ်ပျော်သွားမှ နှစ်ယောက်ထိုင်ဆိုဖာရှည်ပေါ်မှာ သွားအိပ်လိုက်သည်။

"Oon!...Oon "

ဆိုဖာပေါ်မှာ အိပ်ပျော်နေတဲ့ ကလေးကို ပွေ့ချီပြီး  ကုတင်ပေါ်မှာ အိပ်စေလိုက်သည်

" ကလေး မင်းက အရမ်းမိုက်မဲတဲ့သူပဲ ဦးနဲ့ကွာပြီး ဘယ်မှာသွားသေမလို့လဲ မင်းအပြင်ရောက်ရင် မင်းဆေးပုံမှန်ကုပါ့မလား မင်းကို ဦးစိတ်နာပေမဲ့ ဆေးတော့ ကုပေးချင်တယ်  ဦးရဲ့ဘေးနားကနေ
ဘယ်မှမသွားချင်ပါနဲ့ "

®®®®

Sing Pov;

Kit ဆိုင်ကိုလည်းမသွားတော့ပေ ကျွန်တော်အရမ်းဂရုစိုက်ပြီး အစာကိုကျွေးနေရသည်။
အစ်ကိုအခန်းနားသွားပြီး အစ်ကိုအဆင်ပြေမပြေ သွားမေးသည်။  နေ့လည်စာ ထမင်းပို့ ပြီး ထွက်လာတဲ့ U Phoe ကို နေ့တိုင်းနေ့အစ်ကိုအခြေအနေ ယမေးရတာလည်း အမော 

" Daddy ကိုကို့ကို ဒီလိုထားတာ တစ်ပတ်ပြည့်တော့မယ် ဘယ်ချိန်ထိ ဒီလိုထားမှာလဲ Sing  "

" Daddy စိတ်တိုနေပြီး သွေးပူတုန်းမို့လို့ပါ  "

" ကိုကိုသနားပါတယ် Daddyက ကိုကိုစိတ်ဆင်းရဲအောင် ပြုမှုနေမှာ "

" Daddyက အစ်ကို့်ကိုအရမ်းချစ်ခဲ့တာပါ Daddy က အစ်ကို စိတ်တိုပေမဲ့ မနှိပ်စက်လောက်ပါဘူး  "

" ခင်ဗျားမြင်လို့ လား ခင်ဗျားသိလို့ လား
အဟင့်...ဟင့်  "

  အစ်ကိုအကြောင်းပြောရင်း ငိုရတာလည်းအမော
Kitရယ် ကိုယ်လည်း အစ်ကို့ကိုစိတ်ပူပါတယ်။

" မငိုပါနဲ့ Kit! အခုချိန်မှာ Kit စိတ်ဆင်းရဲနေတာ ကျွန်တော်သိပါတယ်  ကျွန်တော် Daddy ပြန်လာရင် Daddy ကိုရအောင် တွေ့ပြီး စကားပြောမှာပါ "

" ကျွန်တော် Daddy ကိုရှီခိုးတောင်းပန်ရတောင်းပန်ရ တောင်းပန်မှာပါ ဒါပေမဲ့ Daddyက ကျွန်တော်တို့ ကို ရှောင်နေတယ်  "

"Kit အဲ့လိုတောင်းပန်ရင် Daddyက
အစ်ကို့ကိုပိုစိတ်ဆိုးမှာပေါ့ Daddy.က Kit လို ဖြူစင်တဲ့ညီ တစ်ယောက်ကို  အစ်ကိုက လုပ်ရက်တယ်ထင်ပြီး ပိုစိတ်ဆိုးနေတာလည်းပါတယ် အဲ့ဒါကြောင့် ကျွန်တော်တို့နဲ့အစ်ကို့ကိုတွေ့ခွင့်မပေးတာ Kit  ဝင်မပါပါနဲ့ ကျွန်တော် Daddyကို ပြောပေးပါမယ် "

" အဲ့ဒါဆို မြန်မြန်ပြောပေးပါ Sing
ကျွန်တော်ကိုကိုမျက်နှာကို မြင်ချင်လှပြီ  "

"အင်းပါ အခု ကျွန်တော် ကွေကာဖျော်ပေးမယ်
အဲ့ဒါလေးတော့ သောက်လိုက်နော်  "

"အင်း  "

Kit အစာစားဖို့ သွားစီစဉ်လိုက်သည်။ အခုလိုဖြစ်တာ ဘယ်သူအပြစ်လဲ ကျွန်တော်မသိတော့ဘူး Daddyကိုလည်း အပြစ်မမြင်ရက်ဘူး
အစ်ကိုအကြံအစည်ကို ကြိုမသိတဲ့ ကျွန်တော်တို့ရဲ့ ညံ့ဖျင်းမှုကြောင့်ပဲဖြစ်သည်။

ပျော်တော်ဆက်Where stories live. Discover now