Part 18

2.4K 159 16
                                    

Part  18

Oonကျွန်တော်နိုးလာတော့ ဆေးရုံကိုရောက်နေတာမှန်း သိလိုက်သည်။  ကျွန်တော်လက်ကို ကိုင်တဲ့သူက ညီညီမဟုတ်ပဲ Singဖြစ်နေသည် Sing က ကျွန်တော်လက်ကို ကိုင်ရင်း ထိုင်လျက်အိပ်နေသည်။ သူဘာကြောင့် ကျွန်တော်လက်ကို ကိုင်နေတာလဲ

"  အစ်ကိုသတိရလာပြီလား    "

ကျွန်တော်လက်ကိုရုန်းလိုက်တော့မှ
Singလက်ကိုဆက်မကိုင်တော့ပဲ 

" ဟို...ဟို..  "

" ညီညီရော    "

" Kit ဆိုဖာပေါ်မှာ အိပ်နေတယ်
ကျွန်တော်ထူပေးရမလား   "

" ရတယ်    "

အေးတီးအေးစက်အကြည့်နဲ့ ကျွန်တော်ကို ကြည့်နေတဲ့အစ်ကိုက သူဘာသာထပြီး
ကုတင်ပေါ်ကအဆင်း ခန္ဓာကိုယ်ယိုင်သွားလို့ ကျွန်တော်ထိန်းပေးလိုက်သည်။

" ရတယ်  Sing  "

" ဘာရတာလဲအစ်ကို ဒီလောက်အားနည်းနေတာကိုး ဘာလို့ထတာလဲ   "

" မျက်နှာသစ်ချင်လို့ ပြီးတော့ သန့်စင်ခန်းလဲ သွားချင်လို့ပါ  "

" ကျွန်တော်တွဲပေးမယ် အစ်ကို  "

သန့်စင်ခန်းအပေါက်ဝထိ
အစ်ကို့ကိုလိုက်ပို့လိုက်သည်။
အစ်ကိုမျက်နှာသစ်ပြီး ပြန်ထွက်လာတော့ ကုတင်ပေါ်ထိ တွဲတင်ပေးပြီး မျက်နှာသုတ်ပုဝါနဲ့ မျက်နှာကို သုတ်ပေးတော့

"ကိုယ့်ဘာသာလုပ်ပါမယ်    "

" အစ်ကိုသွေးသွင်းတဲ့ရက်ကို
မေ့နေတာလား   "

"မမေ့ပါဘူး   "

"အဲ့ဒါဆိုဘာလို့ မသွင်းတာလဲ
အစ်ကိုတစ်ခုခုဖြစ်သွားရင် ဘယ်လိုလုပ်မလဲ "

Singပုံစံက ကျွန်တော်ကို အရမ်းစိုးရိမ်နေတဲ့ပုံပဲ 

"  ကိုကို...ကိုကို  "

ညီညီ နိုးလာပြီး ကျွန်တော်ဆီထလာသည် ပြီးတော့ ညီညီ ကျွန်တော်ကိုဖက်ပြီး ငိုနေသည်  

" မငိုပါနဲ့  ညီညီ    "

" ကိုကို သေချင်နေတာလား ဘာလို့ သွေးမသွင်းတာလဲ ကျွန်တော်လာတော့လဲ ကိုကိုက တမင်တကာရှောင်နေသလိုပဲ   "

" ကိုကိုက ကုမ္ပဏီအတွက် အရေးကြီးတဲ့ဒဇိုင်းဆွဲပြီး အပ်ရမှာဆိုတော့ နည်းနည်းနောက်ကျသွားတာပါ  အလုပ်ပြီးတာနဲ့ ဆေးရုံတက်ဖို့ ခွင့်တင်ပြီးပါပြီ   "

"   နောက်ကျလို့မရဘူးဆိုတာ သိရဲ့သားနဲ့   အစ်ကိုအလုပ်က အရေးကြီးလို့လား   "

ကျွန်တော်ထက် ပိုစိုးရိမ်ပြီး ပြောလိုက်တဲ့သူက Sing

" ကိုကို  အခုဘယ်လိုနေလဲဟင်
ဘာစားမလဲ ကျွန်တော် "

" မစားချင်ဘူး  ညီညီ  ကိုကိုပြန်အိပ်ချင်တယ် ညီညီတို့ ညကတည်းက ဒီမှာရှီနေတာ မဟုတ်လား ပြန်နားလိုက်ကျတော့   "

"အစ်ကိုနေမကောင်းတာ ကျွန်တော်တို့ ဘယ်လိုပြန်နားမလဲ  "

" ပြန်နားပါ Sing ညီညီပင်ပန်းနေပြီ
မင်းမမြင်ဘူးလား  "

" ကျွန်တော်မပင်ပန်းပါဘူး ကိုကို    "

" သွားနားကျပါ ကိုကိုအိပ်ချင်နေပြီ  "

" ကိုကိုပြန်ဆိုကျွန်တော်တို့ ပြန်ပါမယ် ပြန်နားမှာတော့ မဟုတ်ဘူး ကိုကိုစားချင်တာ သွားလုပ်ပေးမှာ  "

ညီညီပြောပြီး Singလက်ကိုကိုင်ကာ အခန်းထဲက ထွက်သွားသည်။ ကျွန်တော်လဲ ပြန်လှဲရင်း ကျွန်တော်အပေါ် စိတ်ပူနေတဲ့ Singအပြုအမှု Singအကြည့်ကို  နားမလည်နိုင်အောင် ဖြစ်ရသည်။

ပျော်တော်ဆက်Where stories live. Discover now