Part 17

2.4K 152 8
                                    

Part 17

Oonခေါင်းမထောင်နိုင်အောင် မူးနေတာကြောင့် အမူးသက်သာ သွားစေရန် မျက်နှာသစ်လိုက်တော့ နှာခေါင်းမှာ သွေးတွေ ထွက်လာသည်။ ကျွန်တော်မျက်နှာသစ်ပြီး အိပ်ရာပေါ်မှာ ပြန်လှဲနေလိုက်သည်။ ဒီနေ့ ကျွန်တော်ဒဇိုင်းထွက်တဲ့နေ့ ပစ္စည်းအခြေအနေကိုသိချင်ပေမဲ့ ကျွန်တော်ခေါင်းအရမ်းမူးနေပြီး
မထနိုင်ဖြစ်နေသည်။ ကုတင်ဘေးနားက စားပွဲပေါ်က ညီအစ်ကိုနှစ်ယောက်ပုံကို ကြည့်ပြီး ညီညီကိုလွမ်းတယ် နေ့တိုင်းနေ့ လွမ်းနေပေမဲ့ နေမကောင်းတဲ့အချိန်မှာ
ပိုလွမ်းမိသည်။ ကျွန်တော်နေမကောင်းတိုင်း ပြာသလဲလဲစိုးရိမ်တက်တဲ့ ညီညီကို သတိရမိသည်။

ဖုန်းဆက်ဖို့ စဉ်းစားလိုက်တော့.

"ကိုကို ညီညီဖုန်းနံပတ်ပြောင်းထားတယ်နော် စားသောက်ဆိုင်မှာ သီချင်းဆိုခဲ့တဲ့ဘဝကို မေ့ချင်လို့လို "

ညီညီပြောတာ သတိရမိသည် ကျွန်တော် ညီညီဖုန်းနံပတ်အသစ်ကို မသိချင်ဘူးဆိုပြီးပြောဆိုပစ်ခဲ့တယ် ကျွန်တော်အမှားပါပဲတစ်နေ့ကုန် ခန္ဓာကိုယ်က နုံးနေပြီး အိပ်ရာက မထနိုင်ဖြစ်နေသည်။

🏡

Kitအိမ်တံခါးကို ဖွင့်လိုက်ပေမဲ့ ဖွင့်လိုမရဘူး ကိုကို လျှို့ ဝှက်နံပတ် ပြောင်းထားတာပဲ ကိုကိုရယ်ဒီအိမ်က ကျွန်တော်နဲ့ မဆိုင်တော့ဘူးလား ကျွန်တော်ဝမ်းနည်းနေ တုန်း Singက ဘဲကိုတီးလိုက်သည်။

တင်းတောင်...တင်းတောင်

ဘဲတီးသံကြောင့် ခေါင်းမထောင်နိုင်ပေမဲ့ အိမ်ရှေ့ကိုရအောင် ထွက်လာခဲ့လိုက်သည် ပြီးတော့ တံခါးကို ဖွင့်လိုက်တော့.

" ကိုကို.. ကိုကို "

" ညီညီပါလား ....ညီညီ... "

ညီညီမျက်နှာကိုမြင်ရတာ ဝါးနေသည်။

"ကိုကို...."

" အစ်ကို!"

ကျွန်တော်လဲကျသွားပေမဲ့ ကြမ်းပြင်ပေါ်ရောက်မသွားဘူး လူတစ်ယောက်၏ရင် ရင်ခွင်ထဲမှာ.. "

" အစ်ကို!"

မေ့လဲသွားသောအစ်ကိုခန္ဓာကိုယ်ကို ပွေ့ပြီး

ပျော်တော်ဆက်Where stories live. Discover now