Part 22

2.4K 155 3
                                    

Part 22

ကျွန်တော်နေမကောင်းတဲ့ ရက်တွေမှာ Singရောညီညီပါ အိမ်မှာနေပြီး ကျွန်တော်ကို ပြုစုနေရတာကြောင့် အားနာပေမဲ့ သူတို့က ကျွန်တော်နားမှာပဲ နေနေသည်။ ညီညီက ညီအရင်းမို့လို့ ကိစ္စမရှီပေမဲ့ Sing ကျွန်တော် ဝေရာဝစ္စတွေကို လိုက်လုပ်ပေးတာကို အားနာလှသည်။ အလုပ်ရှင် ဥက္ကဌသားမို့လို ပိုအားနာရသည် အဲ့တာနဲ့ ကျွန်တော် မြန်မြန်ပဲ ကုမ္ပဏီကို အလုပ်တက်လိုက်သည် လူကနှံးနေသေးပေမဲ့ အိမ်မှာနေရင် ညီညီနဲ့ Singအလုပ်ရှုပ်မှာဆိုးလို့ ဖြစ်သည်။

" Oon အလုပ်လာတာပဲ"

" ဟုတ်ကဲ့ အစ်ကိုOak "

" အလုပ်တက်ရင် ဥက္ကဌက သူရုံးခန်းထဲလာခဲ့အုန်းလို့ ပြောတယ် ပြီးတော့ ရာထူးတက်သွားတဲ့အတွက် ဂုဏ်ယူပါတယ် "

အစ်ကိုOak နဲ့ အတူဝန်ထမ်းများ လက်ခုပ်တီးပြီး ဂုဏ်ပြုနေကျတာကို နားမလည်ဘူး

"ဘာကြောင်နေတာလဲ Oon မင်းက ကုမ္ပဏီရဲ့ ပင်တိုင် ဒီဇိုင်းနာ ဖြစ်သွားပြီ "

P'Not ပြောတဲ့စကားကြောင့် ကျွန်တော်ဆွဲပေးလိုက်တဲ့ အိတ်ဒဇိုင်းအောင်မြင်သွားတာကို သတိရမိသည်။

" ဟုတ်တယ် Nong တစ်နေ့ကုန် ရုံးတက်စရာမလိုတော့ဘူး ပြီးတော့ ကိုယ့်ပိုင်ရုံးခန်းမှာ ဒဇိုင်းဆွဲရမှာ "

"ဗျာ ကိုယ့်ပိုင်ရုံးခန်း ဟုတ်လား "

" ဟုတ်တယ် ကုမ္ပဏီအပေါ်ဆုံးထပ်မှာပဲ "

" ဟုတ်ကဲ့အစ်ကို
ကျွန်တော် ဥက္ကဌနဲ့ သွားတွေ့လိုက်အုန်းမယ်. "

ဥက္ကဌ အတွင်းရေးမှူးက ကျွန်တော်ကို ဝင်ခိုင်းတာနဲ့ ကျွန်တော်အခန်းထဲဝင်လိုက်တော့ ဥက္ကဌက ထိုင်ရာမှထပြီး ကျွန်တော်ကို ဆိုဖာပေါ်မှာ ထိုင်ခိုင်းပြီး ဥက္ကဌပါ လိုက်ထိုင်ပြီး

" မျက်နှာက မကောင်းသေးဘူး
ဘာလို့ ကုမ္ပဏီကို လာတာလဲ "

"ကျွန်တော်နေကောင်းပါပြီ ဥက္ကဌ "

" နှစ်ယောက်တည်းရှီတဲ့ အချိန် ဥက္ကဌလို့ မခေါ်ပါနဲ့ သူစိမ်းဆန်လို့  "

" ဗျာ "

" ကလေးနဲ့ သူစိမ်းမဆန်ချင်ဘူးလို့ပြောတာ "

" ဟုတ်ကဲ့ "

"ဝန်ထမ်းတွေပြောလား ကလေးရာထူးတိုးသွားတဲ့ကိစ္စ "

"ဟုတ်ကဲ့ အဲ့ဒါ ကျွန်တော်က .."

" ကျွန်တော်က အရည်အချင်းမရှီဘူးလို့ ငြင်းအုန်းမို့လား Oonက အရမ်းတော်တဲ့
ဒဇိုင်နာပါ အမွာညီအစ်ကို နှစ်ယောက်လုံးကို ဦးတော်တော် အံသြတယ်
အရည်အချင်း ရှီကျတယ် Kit လေးကြောင့် အိမ်မှာစိတ်ချမ်းသာရတယ် လူကြီးကို ရိုသေတယ် ဂရုစိုက်တက်တယ် အထူးသဖြင့် သားလေးအပေါ်ကိုး Kitလေးက အရမ်းကောင်းတယ် "

" ညီညီအပေါ်ချစ်ခင်ပေးလို့
ကျေးဇူးတင်ပါတယ် ဦး "

" မလိုပါဘူး ကလေး ထ သွားရအောင် ဦးကိုယ့်တိုင် ကလေးရုံးခန်းကို လိုက်ပြမယ် "

" ဟုတ် "

ကျွန်တော် ဥက္ကဌနောက်လိုက်လိုက်တော့ ဥက္ကဌ နဲ့ သိပ်မဝေးတဲ့ မျက်နှာချင်းအခန်းက ကျွန်တော် ရုံးခန်းဖြစ်နေသည်။ အခန်းကကျယ်ပြီး ရုံးစားပွဲနဲ့ ထိုင်ခုံအပြင် ဧည့်ခန်းမှာထားတဲ့ ဆိုဖာတစ်စုံပါ ထည့်ပေးထားသည်

"အခန်းက အရမ်းကောင်းလွန်းတယ် "

" ဘယ်သူနေမဲ့ အခန်းမို့လို့လဲ Star ကုမ္ပဏီရဲ့ ပင်တိုင် ဒဇိုင်းနာရဲ့အခန်းပဲ အဲ့လောက်တော့ ရှီရမှာပေါ့. "

" တကယ်လား ဦး ကျွန်တော် အရည်အချင်းနဲ့ ဒီနေရာရတာ တကယ်လား "

" တကယ်ပေါ့ ကလေးရယ် ပြီးတော့ နေမကောင်းရင် ကုမ္ပဏီမလာနဲ့ အရမ်းကြီး နေမကောင်းဖြစ်မှ ဆိုလိုတာ မဟုတ်ဘူးနော် လူက နုံးနေတာတို့ ခေါင်းကိုက်တာတို့ဖြစ်ရင် မလာနဲ့ "

" ဦးက ကျွန်တော်အပေါ်အရမ်းကောင်းတာပဲ ဘာလို့လဲဟင် "

" ကလေးကို သံယောဇဉ် တွယ်နေလို့ပေါ့ "

" ဗျာ "

တကယ်ဆိုကလေးကို ဦး ချစ်နေပြီလားတောင် မသိဘူး သနားတာထက် ပိုပါတယ်. ကလေးရယ် မာနကြီးပြီး အရည်အချင်းရှီတဲ့ ကလေးမျက်လုံးတွေကို ဦးနှစ်သက်တယ် ဝေဒနာခံစားနေရတဲ့ ရောဂါသည်နဲ့မတူ အမြဲတမ်း တောက်ပနေတဲ့ ကလေးမျက်လုံးတွေကိုပေါ့

ပျော်တော်ဆက်Where stories live. Discover now