Part 4

4.1K 201 3
                                    

Part 4

" ကိုယ့်ရဲ့ကြောင်လေး ဒီည ပင်ပန်းသွားပြီ "

" ပိုက်ဆံသာ ထားခဲ့ပါ "

ကျွန်တော် အလုပ်ရှင် အစ်ကိုနော့ ထားခဲ့တဲ ပိုက်ဆံကို ကျစ်ကျစ်ပါအောင် ဆုတ်ပြီး ငိုကြွေးနေမိသည်။ငိုလို့အားရတော့မှ ရေချိုးခန်းထဲ ဝင်ပြီး ရေချိုးနေမိသည်။ ပြီးတော့ အိမ်ကို လမ်းလျှောက်ပြန်လာရင်း

တီ တီ တီ

ကားဟွန်းသံကြောင့် ဘေးကိုကြည့်လိုက်တော့ ကားပေါ်က Singကကျွန်တော်ကို ပြုံးပြနေသည်။

" အိမ်ပြန်မှာလား ကြောင်လေး"

" ကျွန်တော်ကိုအဲ့လိုမခေါ်နဲ့! "

Kitအော်ပစ်လိုက်သည်။

" တောင်းပန်ပါတယ်..ကိုယ်! "

kitကားပေါ်တက်ထိုင်လိုက်သည်။

" မင်းကတကယ်ကြောင်လေးတစ်ယောက်လို လှပလို့ခေါ်မိတာပါ အထူးသဖြင့်
မင်းမျက်လုံး ကြည်တောက်နေတဲ့
မင်းမျက်လုံးက အရမ်းလှတယ် "

Kit ကားပေါ်ကပြန်ဆင်းသွားသည်။

" ဘာလို့ပြန်ဆင်းတာလဲ
ကျွန်တော်လိုက်ပို့ မယ် "

" မလိုဘူး "

ဒီအတိုင်းခေါ်ရင် လိုက်မှာမဟုတ်လို့ ကားပေါ်ကဆင်းပြီး Kit လက်ကိုကိုင်လိုက်သည်။

" တက်ပါ ကျွန်တော်လိုက်ပို့မယ် "

" ခင်ဗျား ဘယ်လိုဖြစ်နေတာလဲ "

" မင်း လူမပင်ပန်းပေမဲ့ စိတ်အရမ်းပင်ပန်းနေတာ ကျွန်တော်သိတယ် တက်ပါ ကျွန်တော်လိုက်ပို့ မယ် "

Kit ကားပေါ်မှာ တက်ထိုင်လိုက်သည်။ ကျွန်တော်လည်း ကားမောင်းတဲ့ဘက်ထိုင်လိုက်ပြီး

" အိမ်အထိလိုက်ပို့မယ် နေရာပြောလေ "

Kit ပြောတဲ့ လမ်းမတော် ၂ မွေဆိုင်းရပ်ကွက် အရမ်းအေးချမ်းတဲ့ ရပ်ကွက်လေးပါ

"ရှေ့နားက အိမ်နံပတ် 26 "

Kit ပြောတဲ့ အိမ်ကို ကြည့်လိုက်တော့ ခြံအကျယ်ကြီးနဲ့ အထဲက တစ်ထပ်လုံချင်းအိမ်လေးကို လှမ်းမြင်ရသည်။

ပျော်တော်ဆက်Où les histoires vivent. Découvrez maintenant