Part 29

2.2K 143 10
                                    

Part 29

"နိုးလာပြီလား  kit  "

မနက်စောစော ထလာတဲ့Kitက
Singမျက်နှာကြည့်ပြီး လန့်သွားသည်။

"ခင်ဗျားတော်တော် ရုပ်ဆိုးတာပဲ  "

"  မနက်စောစော ကိုယ့်သတို့သားကို
အဲ့လိုပြောရလား  "

Kitထထိုင်လိုက်ပြီး 

" တရေးလောက်အိပ်လောက်ပါလား ခင်ဗျားမျက်ကွင်းတော်တော်ညိုနေပြီး မျက်နှာက ပိန်ချိုင့်နေတာပဲ   "

"  ကျွန်တော်ကို စိတ်မပူပါနဲ့ Kit
မျက်နှာသစ်လိုက်နော် ကျွန်တော် မနက်စာ ပြင်ပေးမယ်   "

" အင်း  "

Kitမျက်နှာသွားသစ်တုန်း Kitအတွက် ယူလာတဲ့ နွားနို့ကို ထည့်ထားလိုက်သည်။ မျက်နှာသစ်ပြီး ထွက်လာတဲ့ Kit ကို တဘတ်ယူကာ သုတ်ပေးလိုက်သည်။

" ခင်ဗျားက  ဘယ်လိုလူလဲ Singto  ကျွန်တော်ကို အသေးစိတ်ကအစ အရမ်းဂရုစိုက်တာပဲ Pအတွက် ခင်ဗျား စိတ်ဆင်းရဲပြီး တရေးမှ မအိပ်နိုင်တာတောင် ကျွန်တော်ကို အရမ်းဂရုစိုက်တာပဲ    "

Kitကိုနွားနို့ခွက်ပေးလိုက်သည်။

"ကုန်အောင်သောက်ရမယ် ပေါင်မုန့်ရော့စား ကျွန်တော် စတော်ဘယ်ရီယိုသုတ်ပေးထားတယ်  "

Kit နွားနို့သောက်လိုက်ပြီး 

" ခင်ဗျားကို ကျွန်တော်မေးနေတယ်လေ   "

" မေးစရာလိုသေးလို့ လား ကျွန်တော် Kitကို ပျော်တော်ဆက်အနေနဲ့စတွေ့တုန်းက Kit လိုဖြူစင်တဲ့သူက ဒီအလုပ်ဘာလို့ လုပ်တာလဲ သိချင်ခဲ့တာ
သိလည်းသိရရော Kit ကို ပျော်တော်ဆက်ဘဝက လွှတ်မြောက်စေချင်တယ် ဒါပေမဲ့  လွှတ်မြောက်စေနိုင်မဲ့ နည်းက Kit  ပြောသလို ကျွန်တော်ကို လက်ထပ်မှ ဖြစ်မယ်လို့ Kit ပြောတယ်လေ အဲတုန်းက ကျွန်တော်ဘာလို့ တန်းသဘောတူလဲ Kit မသိလို့ ကျွန်တော့်ကို မေးနေတာလား  "

" သိတယ် ကျွန်တော်ကိုကို့ ကို ခင်ဗျားချစ်နေလို့ပဲ  အဲ့ဒီအချစ်က ခင်ဗျား ကိုကို့ ကို ပိုင်ဆိုင်ဖို့မဟုတ်ပဲ ကိုကိုအပေါ် ပေးဆပ်ချင်ယုံသပ်သပ်သာ ချစ်တာမို့ ခင်ဗျား ကျွန်တော်ကို ယူလိုက်တာပဲ "

" Kit!   "

"ဘာလဲ ကျွန်တော်ပြောတာ မှန်သွားလို့ အံသြသွားတာလား ဒါမှမဟုတ်  ခင်ဗျား  ငြင်းချင်သေးလို့လား  "

" ကျွန်တော်မငြင်းပါဘူး Kit   "

မငြင်းဖူးတဲ့လား Singခင်ဗျားကို ကျွန်တော် ဘယ်လိုလုပ်ရမလဲ  ကျွန်တော် ကိုကိုအကြောင်းအသိဆုံးပါ ကိုကိုက ခင်ဗျားကို   ဘယ်လိုသဘောထားလဲ ကျွန်တော်အသိဆုံးပါ 

" ကျွန်တော်ကတော့ ခင်ဗျားကို ပိုက်ဆံတစ်ခုတည်းကြောင့် လက်ထပ်တာ မဟုတ်ဘူး   "

" ကျွန်တော်သိပါတယ် Kitပိုက်ဆံမမက်ဘူးဆိုတာ ကျွန်တော် Kitကိုနားလည်ပါတယ်   "

ဘာကြောင့်လက်ထပ်တာလဲ ခင်ဗျားဆက်မမေး တော့ဘူးလား  Singt

" ခင်ဗျားနားလိုက်ပါ ကျွန်တော်
ကိုကို့ကို သွားတွေ့လိုက်အုန်းမယ်  "

Kirst အခန်းထဲက ထွက်လာပြီး ကိုကို့ကို တွေ့ခွင့်တောင်းတော့ ဒီနေ့လည်း daddy က စောစောစီးစီး ကိုကို့ကိုဝင်တွေ့ နေတယ်တဲ့  daddyက ဘာလို့ ကိုကိုနားမှာ အချိန်ပြည့် ရှီနေပါလိမ့်  အပြင်ထိုင်ခုံမှာ daddy ထွက်လာတာကို  ထိုင်စောင့်နေလိုက်သည်။

" Kit!  "

"Daddy ကိုကိုဘယ်လိုနေလဲဟင်  "

" သားလေး ကိုကိုက  ဘာလိုနှိူးရခက်နေတာလဲ daddy  စိုးရိမ်လှပြီ   "

" daddy အစောကြီးပဲ ဆေးရုံလာတယ်
ကုမ္ပဏီမသွားဘူးလားဟင်  "

" daddy အလုပ်လုပ်ရတာ လုံးဝစိတ်မပါလို့ ပါ သားလေးကိုကို့ ကိုဝင်တွေ့ ဖို့ မဟုတ်လား တွေ့လိုက်ပါ. "

" ဒါပေမဲ့  လူတွေ့ခွင့်က  "

" ဝင်တွေ့လိုက်ပါ daddy ဆရာဝန်ကို ပြောလိုက်မယ်  "

"ဟုတ်ကဲ့  daddy  "

ဆေးရုံဝတ်နဲ့ ခေါင်းစောင်းဆောင်းပြီး ကိုကို့ ကိုဝင်တွေ့လိုက်သည်။  ကိုကို့ကို တွေ့တာနဲ့ မျက်ရည်ကျမိသည်။

" အသက်ကို ခက်ခက်ခဲခဲ ရှုနေရတာလား ကိုကို! ညီညီအတွက် ခက်ခဲလည်း အသက်ရှုပြီး ပြန်ထလာပေးပါ  အမြဲတမ်း  ညီညီစကားကို နားထောင်ပေးတာ ဒီတစ်ခါလည်း နားထောင်ပေးပါ ကိုကို  "

တီးတီ.....တီ.... တီးတီ 

ကိုကိုအသက်ရှုစက်က ရုတ်တရက် တန်းသွားတာကြောင့်

" မဖြစ်ဘူး မဖြစ်ရဘူး!   "

အရေးပေါ်ခန်းထဲသို့  ဆရာဝန်တွေရောက်လာသည်။

ပျော်တော်ဆက်Where stories live. Discover now