Part 15

2.5K 155 4
                                    

Part 15

တူ..တူ...တူ

" ဟဲလို   "

" ကြောင်လေး ပြန်မလာသေးဘူးလား daddyက မေးနေတယ်   "

Singဖုန်းကြောင့် အိပ်ပျော်နေတဲ့ ကိုကိုနားကခွါပြီး  အခန်းအပြင်ထွက်လိုက်သည်။

" ဘာလိုအဲ့လိုလုပ်တာလဲ Sing "

" ဘာကိုပြောတာလဲ  "

" ကိုကိုဆီဘာလို့ပစ္စည်းတွေပို့တာလဲ.  အဲ့လောက်ထိသိသာအောင် လုပ်ဖို့လိုလား Sing ခင်ဗျား ကျွန်တော်ကိုကို့ ကိုချစ်မှန်းသိပါတယ် ဒါပေမဲ့ ခင်ဗျားက ကျွန်တော်ယောက်ကျားလေ  "

" Kit ကို ကျွန်တော်ပြောခဲ့တယ် မဟုတ်လား ကျွန်တော်က Kit နဲ့ P ကို
စောင့်ရှောက်ပါမယ်လို့ ဘာလို့လဲ KitP က စိတ်ဆိုးသွားလို့လား  "

" ကိုကိုက အဲ့ပစ္စည်းမြင်တာနဲ့
ထခုန်မယ်လို့ ထင်နေတာလား "

" ကြောင်လေး! "

"ကျွန်တော်ကို သူဆီမလာနဲ့တော့တဲ့ အခု သူဘာသာအလုပ်လုပ်နိုင်ပြီ အခုသူဘာသာဆေးဖိုးရှာနိုင်ပြီတဲ့ ....အဟင့်...ဟင့်  "

kitငိုသံကြားပြီး သူရင်ထဲမကောင်းပေ။

" Kit ငိုနေတာလား   ကျွန်တော်လာခဲ့မယ်  Kit ကားမောင်းနိုင်မှာ မဟုတ်ဘူး . "

ကျွန်တော် အိမ်က Driver  ကို Kit အိမ်သို့လိုက်ပို့ခိုင်းလိုက်သည်။ အပြန် Kit ကားကို မောင်းရမှာမို့လို  Driver  ကိုလိုက်ပို့ ခိုင်းခြင်းဖြစ်သည်။ အိမ်ထဲရောက်တော့ Kit က အစ်ကိုအခန်းထဲမှာ အစ်ကိုလက်ကို
ကိုင်ထားပြီး ထိုင်နေသည်။

" Kit   "

" ခင်ဗျား လာပြီလား  "

" အစ်ကိုကနေမကောင်းဘူးလား    "

" အင်း အစာနည်းနည်းစားပြီး ဆေးသောက်ပြီးအိပ်ပျော်သွားတယ်   ကျွန်တော်ကို စကားမပြောဘူး   အဲ့ဒါခင်ဗျားကြောင့် ကျွန်တော်ကိုကိုက ငတ်သေချင်အသေခံမယ် သူများပစ္စည်း သူများဥစ္စာဖြုန်းရင် ကြိုက်တာ မဟုတ်ဘူး   "

" ဖြုန်းတာ မဟုတ်ဘူး တကယ်လိုအပ်လို့လေ Kit ရဲ့ ကိုကိုကက ရောဂါသည်လေ အိပ်ရာက မကောင်းရင် အစ်ကိုကဘယ်သက်သက်သာသာ အိပ်နိုင်မလဲ  ပြီးတော့ ကိုယ့်က Kit ကို ယူတာ Kit တို့ညီအစ်ကိုနှစ်ယောက်လုံးကို စောင့်ရှောက်ဖို့ဆိုတာ Kit သိရဲ့သားနဲ့   "

" ခင်ဗျား ကိုကို့ကိုချစ်နေတာ မဟုတ်လား "

" ဘာလို့စိတ်ထိခိုက်စေမဲ့စကားကို
ပြောချင်နေရတာလဲ ကိုယ်တို့
အိမ်ပြန်ရအောင်  "

" ခင်ဗျား ကျွန်တော်မေးတာ ဘာလိုမဖြေတာလဲ ဖြေပါ ချစ်ရင်ချစ်တယ်လိုဖြေလိုက်စမ်းပါ ကျွန်တော်က ကျွန်တော် ကိုကို့ကို ချစ်တဲ့သူကို သဝန်တိုပါ့မလား   "

အရစ်ကလေး Kit ကို ပွေ့ချီပြီး ကားပေါ်တင်လိုက်သည်။

" ကျွန်တော်အိမ်မပြန်ဘူး  "

" အဲ့လိုမလုပ်ပါနဲ့ Daddy က စောင့်နေတာကိုး  "

" ကျွန်တော် ကိုကိုက နေမကောင်းတာကို ခင်ဗျား Daddy စောင့်နေမှာဆိုးလို အိမ်ပြန်ရမယ် ဟုတ်လား "

"အစ်ကိုက နေမကောင်းတာမှ မဟုတ်တာ နှစ်နှစ်ခြိုက်ခြိုက်တောင်အိပ်နေပြီ   "

ကားကို မောင်းထွက်လာခဲ့သည်။ 

ဂွီ. ဂွီ.

" Kit ဗိုက်က အော်နေတာလား   "

" မဟုတ်ဘူး "

ကျွန်တော် ယိုးဒယားခေါက်ဆွဲဆိုင်မှာ ရပ်လိုက်သည်။ ပြီးတော့ Kit ဘက်က ကားတံခါးကိုဖွင့်လိုက်ပြီး  Kitလက်ကို ဆွဲပြီး ဆိုင်ခန်းထဲကို ဝင်လာလိုက်သည်။

" ကွေ့တယို နှစ်ပွဲ  "

ခေါက်ဆွဲ လာချတာနဲ့ Kit ကို တူနဲ့ဇွန်း
တီရှုးနဲ့သုတ်ပြီး ပေးလိုက်သည်။ 

" စားလေ Kit  "

" ခင်ဗျား ညစာမစားရသေးဘူးလား  "

" အင်း မစားရသေးဘူး Kit ကိုစောင့်နေတာ "

" ကျွန်တော်ကို စောင့်နေတာ ဟုတ်လား  "

"ဟုတ်တယ်လေ Kit က ကိုယ့်ရဲ့သတို့သားပဲကိုး ...စား များများစားနော် "

Kit နဲ့ ကျွန်တော် ခေါက်ဆွဲစားပြီးမှ အိမ်ပြန်လာလိုက်သည်။  တစ်နေကုန် ပင်ပန်းသွားတဲ့ Kitက အိပ်ရာပေါ်တန်းလှဲပြီး အိပ်ပျော်သွားသည်။  အများတွေသိထားတဲ့ ပျော်တော်စက် ဆိုတာ ပိုက်ဆံယူတဲ့ ကြေးစား ပိုင်းလုံးကောင်လို့ သတ်မှတ်ကျပေမဲ့ Kit က အဲ့လိုလူမျိုးမဟုတ်ပဲ အရမ်းဖြူစင်ရိုးသားတဲ့ လူပဲ ပျော်တော်စက် ဆိုတဲ့အခေါ်အဝေါ်က Kit နဲ့မလိုက်ဖတ်ဘူး ဟုတ်တယ် Kit ရဲ့ ဘဝဟောင်းကို ပြန်တွေးနေစရာမလိုဘူး  Kit က ရိုးသားတဲ့ လူကောင်းပဲဖြစ်သည်။

ပျော်တော်ဆက်Where stories live. Discover now