Part 45

2K 143 14
                                    

Part 45

Kit Pov;

    မနက်စာစားဝိုင်းမှာ တိတ်ဆိတ်နေသည်။ ကိုကိုမျက်နှာမကောင်းသလို Singမျက်နှာလည်း
မသာမယာနဲ့
ကိုကို နဲ့ Sinဘာများဖြစ်ထားပါလိမ့်

"ကလေး နေမကောင်းဘူးလား  "

ကိုကိုခေါင်းညိတ်သည် Daddy ကိုကိုနဖူးကို စမ်းကြည့်ပြီး

" ကလေးကိုယ့်ပူနေတာပဲ  "

" ကိုကို ခေါင်းရောကိုက်လား "

" ဘာမှမဖြစ်ပါဘူး ညီညီမစိုးရိမ်ပါနဲ့...ဦး ဒီနေ့ကျွန်တော် ကုမ္ပဏီမလိုက်တော့ဘူး  "

" ကလေးရယ် အဲ့ဒါက အရေးကြီးလို့လား ...ထ.. ဦး အခန်းထဲ လိုက်ပို့ပေးမယ်  "

"ဟုတ်ကဲ့   "

Daddy နဲ့ ကိုကို ထသွားတာနဲ့ ကျွန်တော်လိုက်ထဖို့ အထ Singကကျွန်တော်လက်ကို ကိုင်ကာ

" ထိုင်နေပါ..   "

" ကိုကိုနေမကောင်းဘူး  "

"Daddy ရှီတယ်လေ နေရာတကာ Kitဝင်ပါလို့မရတော့ဘူး  "

" ဟင်  "

Singပြောလိုက်တဲ့ စကားကြောင့် ကျွန်တော် အသက်မဲ့စွာ ထိုင်နေမိသည်  ကိုကိုနေမကောင်းတာတောင် အနားကပ်ခွင့် ပြုစုခွင့်မရှီတော့ဘူးလား တွေးရင်းနဲ့ ဝမ်းနည်းလာစွာ မျက်ရည်ကျလာသည်။

"ဟော့ မျက်ရည်လွယ်လိုက်တာ  အခု Daddy ရှီလို့ ကျွန်တော်က တားတာပါ Daddy ကုမ္ပဏီသွားရင် Kirst ဝင်ကြည့်လို့ရပြီလေ  "

" Daddyက ကုမ္ပဏီသွားပါ့မလား  "

Daddy နဲ့လုပြီး သူကိုကို့ ကိုချစ်နေတဲ့ Kitကအရမ်းဖြူစင်ပြီး ချစ်ဖို့ကောင်းတယ်

"သွားမှာပါ မသွားလို့မရဘူး နိုင်ငံခြားဧည့်သည်တွေလာမှာ အစည်းအဝေးလုပ်ရမှာ "

" အင်း  "

ကျွန်တော် Kit မျက်ရည်ကို သုတ်ပေးလိုက်သည် 

" မငိုနဲ့တော့ ကလေးပေါက်စလေးကျနေတာပဲ  "

" ကိုကိုလက်ထပ်သွားတာ အရာရာကို ဆုံးရှုံးလိုက်ရသလိုပဲ ကျန်တာတွေ နားလည်ပေးနိုင်ပေမဲ့ နေမကောင်းတဲ့ အချိန်တော့ ကိုကိုနားမှာနေချင်တာပေါ့  "

"ဟုတ်ပါပြီ ကလေးပေါက်စရယ် နေရမှာပါ ဒီပါပါးက ပေါက်စ နဲ့  ကလေးပေါက်စနဲ့ လိုက်လည်းလိုက်တယ် Kitက Pလိုအစ်ကိုမျိုးရတာ ကံကောင်းပါတယ်  "

Singကျွန်တော်ကို ချော့နေတုန်း Daddy ရောက်လာပြီး

" Daddy အစည်းအဝေးသွားရမယ် သားလေး ....ကလေးအခု အိပ်ပျော်အောင် အိပ်မယ်ပြောတယ် မသက်သာရင် ဆရာဝန် တန်းခေါ်ဖို့ မမေ့နဲ့နော် "

"ဟုတ်ကဲ့ Daddy  "

Kit ပြုံးသွားပြီး အပေါ်ပြေးတက်သွားသည် ကလေးငယ်တစ်ယောက်လို အရမ်းဖြူစင်တဲ့ Kitပဲ ဟန်ဆောင်မှုမရှီ  ငိုချင်ရင်တမ်းငို ရယ်ချင်ရင် တမ်းရယ်လိုက်တာပဲ စိတ်ထဲဘာမှမထားတက်တဲ့  Kit  လေးပဲ

Oon Pov;

ညကအိပ်ရေးပျက်တဲ့ဒဏ်ကြောင့် မနက်မိုးလင်းတော့ နေလို့မကောင်းဘူး  မနက်မထရင် အားလုံးစိတ်ပူမှာ ဆိုးလို့ ထပြီးမနက်စာ စားနေပေမဲ့ နေရာတာမကောင်းလို့ ဦးမေးတာနဲ့ ခေါင်းညိတ်လိုက်သည် ဦးက အခန်းထဲလိုက်ပို့ပြီး ကုတင်ပေါ်မှာလှဲစေသည် အစည်းအဝေးကို မေ့နေတဲ့ ဦးကို အစည်းအဝေးအတင်းသွား ခိုင်းလိုက်သည်  ကျွန်တော်မျက်စီမှိတ်နေတုန်း ကျွန်တော်ခန္တာကိုယ့်ကို မပြီးရင်ခွင်ထဲထည့်ထားခြင်း ခံလိုက်ရသည် မျက်စိဖွင့်မကြည့်လည်း ဘယ်သူမှန်းသိပါသည် ကျွန်တော်နှစ်နှစ်ခြိုက်ခြိုက်အိပ်လို့ ရပါပြီ တစ်ခုခုဖြစ်သွားမှာလည်း စိုးရိမ်စရာမရှိပါဘူး 

ပျော်တော်ဆက်Where stories live. Discover now