Part 61

1.9K 167 10
                                    

Part 61

" အော့...အော့  "

" အစ်ကိုလေး စားလို့မရပြန်ဘူးလား  "

    နေ့လည်စာထမင်းစားရင် အန်နေတဲ့ အစ်ကိုလေး အန်နေတဲ့အပြင် အရမ်းပင်ပန်းပြီး နွမ်းနယ်နေတဲ့
အစ်ကိုလေးမျက်နှာကြောင့်
ခန္ဓာကိုယ်ကို ထိန်းလိုက်သည်။

" အစ်ကိုလေး မျက်နှာဖြူဖတ်နေတာပဲ
ဆရာဝန်ခေါ်မှရမယ်  "

အစ်ကိုလေး ဘာမှမပြောပဲ ခေါင်းညိတ်သည်။ ဆရာဝန်ခေါ်ဖို့ လွယ်လွယ်ခွင့်ပြုတယ်ဆိုကတည်းက အစ်ကိုလေးအရမ်းခံစားနေလို့ ဖြစ်သည်။ ကျွန်တော်ဆရာဝန်Pemကို ဖုန်းဆက်လိုက်သည်။

" Oon!...အစ်ကိုခေါ်တာကြားလား   "

Oonမျက်စီမှတ်ရင်း ခေါင်းညိတ်သည်။

" ကလေး...ကလေး   "

သူ့ကလေးကိုသာစိတ်ပူနေတဲ့ Oonလေး

" ကလေးရှီပါတယ် မပူနဲ့နော်... ကိုယ့်ဝန်ဆောင်နေရတော့ ရောဂါကိုတိုက်ဖျက်တဲ့ဆေးမသောက်ရဘူး
အဲ့ဒါကြောင့်ပိုဆိုးတာ. အစ်ကိုဆေးထိုးပေးခဲ့မယ်နော်  "

" ဟုတ်ကဲ့ ..."

ကျွန်တော်Oonကို ဆေးထိုးပေးလိုက်သည်။

" ကိုကို...ကိုကို!   "

  ခေါ်သံကြောင့်လှည့်ကြည့်လိုက်တော့kit
ရုတ်တရက်ရောက်လာတာပဲ။
 
    အိပ်ယာပေါ်မှာ လှဲနေတဲ့Oonကို  မြင်ပြီး
Kitလက်ကအထုတ်ကို ပစ်ချပြီး
Oonဆီရောက်လာသည်။

" ညီညီ!

" ကိုကိုနေမကောင်းဘူးလား  "

" ကောင်းပါတယ် Kit  "

ကိုကိုမျက်နှာက အရမ်းဖြူဖျော့နေတယ်။
ကိုကို ကျွန်တော့်လက်ကို ဆုပ်ကိုင်ထားသည်

" ဟုတ်လို့လား အစ်ကို...
ကိုကိုမျက်နှာက လုံးဝမကောင်းဘူး  "

" ဟုတ်ပါတယ် အဲ့တာကြောင့် သွေးတောင်မသွင်းဘူးလေ ဒါပေမဲ့ Kit!..Oonကိုအစာဝင်အောင်တော့ ကျွေးပေး

  ညှီ့တဲ့အနံတွေ မကျွေးပါနဲ့ အားရှီတဲ့ဆိုတဲ့ ပင်လယ်စာတွေလည်း သိပ်မကျွေးပါနဲ့   "

"ကိုကိုက ဘာဖြစ်တာလဲ အစ်ကို "

" ဘာမှမဖြစ်ပါဘူး အစ်ကိုပြန်တော့မယ်နော် Oon  "

ကျွန်တော့်ခေါင်းညိတ်ပြလိုက်သည် 
ညီညီလက်ကိုဆုပ်ကိုင်ရင်း

" ကိုကိုအိပ်ချင်တယ်ညီညီ...ညီညီအားတယ်
မဟုတ်လား "

" အားတာပေါ့ကိုကို  "

  ကျွန်တော့် ကုတင်ပေါ်တက်ပြီး ကိုကို့ကို ကျွန်တော်ရင်ခွင်ထဲထည့်လိုက်သည်။

" ညီညီ!  "

" ပြောလေ ကိုကို  "

" ဦးနေကောင်းလား  "

" ကောင်းတယ်ကိုကို  "

" အင်း  "

   ကိုကို ကျွန်တော့်ရင်ခွင်ထဲမှာ အိပ်ပျော်သွားသည်။ ကိုကို Daddyကို ချစ်တယ်မဟုတ်လား ကိုကို Daddyကိုတွေ့ချင်နေတာ ကျွန်တော့်သိပါတယ် ကိုကို

©©©

  Oonနိုးလာပြီး မျက်စီဖွင့်လိုက်တော့ ညီညီကျွန်တော်ကို ငုံ့ကြည့်ပြီး ပြုံးပြနေသည်။

" အိပ်ရေးဝရဲ့လား ကိုကိုလန်းသွားပြီလား  "

" အင်း  "

" အဲ့ဒါဆိုခဏလေး လှဲနေလိုက်အုန်း
ကျွန်တော့်ကိုကိုစားဖို့ တစ်ခုခုသွားလုပ်လိုက်အုန်းမယ်  "

   ကျွန်တော့် မီးဖိုချောင်ထဲဝင်ပြီး ကိုကိုစားဖို့ ကွေ့တယို အသားလုံးခေါက်ဆွဲပြုလုပ်လိုက်သည်။  Jack က ဘေးကနေ ဝိုင်းကူလုပ်ပေးသည်။ 

"ကိုကို "

Jack က စာရေးခုံ စားပွဲသေးကို ကုတင်ပေါ်တင်လိုက်သည်။ ကျွန်တော်ကွေ့သယိုကို စားပွဲပေါ်တင်လိုက်သည်။

" ကိုကို စားကြည့်  "

ကိုကိုတစ်ဇွန်းစားကြည့်ပြီး

" အရမ်းကောင်းတယ်  "

"တော်ပါသေးတယ် အစ်ကိုလေး ခံတွင်းတွေ့သွားပြီ ဒီကြားထဲ ဘယ်လောက်တောင် ခံတွင်းပျက်နေလဲ  "

" ဟုတ်လား ကိုကို ဘာကြောင့်အဲ့လောက်ခံတွင်း ပျက်နေတာလဲ ကိုကိုအရမ်းပိန်သွားတယ်  "

" ဒီလိုပါပဲ ညီညီ  အသားလုံးရှီသေးလား  "

" ရှီသေးတယ်ကိုကို ...Jack အသားလုံးထည့်ခဲ့အုံး  "

" ဟုတ်ကဲ့   "

    ကိုကိုအသားလုံးတွေကို အချည်ရည်နဲ့တို့ပြီး များများစားနေသည်။ ကိုကိုအစာစားတာမြင်တော့မှ ကျွန်တော့်လည်း စိတ်ချမ်းသာသည်။

ပျော်တော်ဆက်Where stories live. Discover now