Part 34

2.1K 138 2
                                    

Part 34

Kit Pov!;

Daddy က ညစာစားပွဲအတွက် ရှယ်ချက်ခိုင်းသည်။ ကျွန်တော်ဆိုင်ဖွင့်ပွဲညအတွက် ဂုဏ်ပြုပွဲလုပ်ပေးတာလို့ဆိုသည်။ အောက်ဆင်းမလာသေးတဲ့ ကိုကို့ ကို အပေါ်တက်ခေါ်လိုက်သည်။

"ကိုကို "

ရေချိုးခန်းထဲကထွက်လာတဲ့ ကိုကိုဆံပင်က အရမ်းစိုနေတာကြောင် တဘတ်ယူပြီး သုတ်ပေးလိုက်သည်။

" ကိုကို ညစာစားပွဲအတွက်ချက်ထားတာကတော့ရှယ်ပဲ Daddy စီစဉ်ပေးတာ ညီဆိုင်ဖွင့်ပွဲအတွက် ဂုဏ်ပြုပေးတာ "

" အင်း Singနဲ့ ဥက္ကဌက ညီညီအပေါ်အရမ်းကောင်းတာပဲ "

" ဟုတ်တယ် ကိုကို Daddyက ကျွန်တော်ကို ဖွင့်ပေးတဲ့ဆိုင်က နှစ်ထပ်တောင်မှ ကိုကိုလာမကြည့်လို့
ဆိုင်ကအရမ်းခမ်းနားတယ် "

" အင်း ညီညီ အခု ညီညီအိမ်မက်တွေ ဖြစ်လာပြီဆိုတော့ ညီညီပျော်နေမှာပေါ့ "

" ပျော်တာပေါ့ကိုကို ညီညီအရမ်းပျော်တယ် "

" ညီညီပျော်ရင် ကိုကိုကပိုပျော်တာပေါ့ ကိုကိုအဝတ်စားဝတ်ပြီး ဆင်းလဲခဲ့မယ် ညီညီသွားနှင့် "

" ကိုကိုမြန်မြန်ဆင်းလာနော် "

" အင်းပါ "

ကျွန်တော်အဝတ်အစားလဲပြီး အကိုက်အခဲပျောက်ဆေး ကြိုသောက်လိုက်ပြီး အောက်ဆင်းလာခဲ့သည်။ ဥက္ကဌနဲ့ Singက ကျွန်တော်ရောက်လာပြီဆိုတော့မှ အိမ်ဖော်ကို ထမင်းထည့်ခိုင်းသည်။

" ညစာစားပွဲကလဲ ခြောက်ကပ်နေတာပဲ "

Oonဆိုလိုက်တော့kitကပြာပြာသလဲလဲမေးသည်။

" ကိုကိုဘာစားချင်လို့ လဲ "

" ဥက္ကဌက ညီညီအတွက် ဂုဏ်ပြူပေးတဲ့ ညစာစားပွဲဆိုတော့ ကျွန်တော်က ဝိုင်ကောင်းကောင်း အရက်ကောင်းကောင်း သောက်ရမယ် မှတ်နေတာ "

ထူးဆန်းတဲ့အစ်ကိုစကားကြောင့် daddy မျက်နှာပျက်သွားသလို ကျွန်တော်လဲ အံသြသွားသည်။

" အစ်ကိုနဲ့ မတည့်ဘူးလေ "

" ဘာလို မတည့်ရမှာလဲ ငါခဏခဏသောက်နေကျ Singငါမင်းအိမ်လိုက်နေဖို့ မင်းခဏခဏပြောတယ်နော် ငါအခုလိုက်နေပြီလေ ငါအတွက်အရက်ကောင်းကောင်းတော့ လုပ်ပေးသင့်တယ် သူဌေးအိမ်လာနေပြီး အရက်အကောင်းစား သောက်ရမယ် မှတ်နေတာ "

" ကိုကို ကိုကိုဘာတွေပြောနေတာလဲ "

kitနားမလည်စွာမေးလိုက်သည်။

" Oonက သူသောက်နေကျမသောက်ရလို့ စိတ်ညစ်နေတယ် ထင်တယ် U Phoeအရက်ချပေးလိုက်ပါ "

ကောင်းဆိုလိုက်ကာ ကလေးကိုကြည့်လိုက်သည်။

" ဟုတ်ကဲ့ ဥက္ကဌ "

" မဟုတ်ဘူး Daddy "

ကိုကို တောင်းဆိုမှုကြောင့် Daddy က အရက်ပုလင်းချခိုင်းသည်။ U Phoeက အရက်ခွက်နဲ့ အရက်ပုလင်းကို ကိုကိုဘေးနားချပေးသည်။ Daddyက ကိုကို့ကို အရက်ကိုယ့်တိုင် ထည့်ပေးပြီး

" ကျေနပ်ပြီလား Oon "

" ကျွန်တော်တစ်ယောက်တည်းလား
ဥက္ကဌရော့ မသောက်ဘူးလား "

အစ်ကိူစကားကြောင့် Daddy မျက်နှာထပ်ပျက်သွားသည်

" Daddy ကအရက်သောက်လို့မရဘူး ကျွန်တော်အဖော်အနေဖြင့် သောက်ပေးပါမယ် "

" ရတယ် Sing ညီညီက အရက်သောက်တာ လုံးဝမကြိုက်ဘူး ငါကသာအစ်ကိုအရင်းမို့လို သူမပြောရက်ပေမဲ့ မင်းသောက်ရင် ညီညီက မင်းကို ညကျရင် သူအခန်းဝင်ခွင့်မပေးပဲ နေလိမ့်မယ် "

ကိုကိုပြောပြီး Daddy ထည့်ပေးတဲ့ အရက်တစ်ခွက်လုံးကို ကုန်အောင်သောက်ပစ်သည်။

" ကိုကို! "

" ကျွန်တော်အရက်သောက်တာ ဘာထူးဆန်းလို့ ကြည့်နေကျတာလဲ ထမင်းစားကျပါ "

ကိုကိုကျွန်တော်တို့ကို ထမင်းစားခိုင်းပြီး အရက်တွေ တစ်ခွက်ပြီး တစ်ခွက်သောက်နေသည်။ Daddy က ကိုကိုအရက်ခွက်ထဲကို ရေခဲတုံးထည့်ပေးနေသည်။ ကိုကို့ကိုကြည့်ပြီး ကျွန်တော်တို့ ထမင်စားမဝင်တော့ပါ ကျွန်တော်ဆက်မကြည့်နေနိုင်လွန်းလို့  ကိုကိုဆီက အရက်ခွက်ကို ဆွဲယူကာ

" ကိုကို မသောက်နဲ့တော့ မူးနေပြီ "

ကျွန်တော် ကိုကို့ ကိုတွဲပြီး အခန်းထဲ ခေါ်လာလိုက်သည် ကုတင်ပေါ်မှာ ကိုကို့ကိုလှဲစေလိုက်သည်။ ကိုက်ို အိပ်ရာကနေထပြီး ရေချိုးခန်းထဲက ဘေစင်မှာ သွားပြေးအန်သည် ကိုကိုကျောကိုထုပေးပြီး

"ကိုကိုအရက်မသောက်တက်ပါဘူး
ဘာလိုညာရတာလဲ "

ကိုကိုအန်ပြီး အိပ်ရာပေါ်မှာ သွားလှဲသည်

" ကိုကိုဘာမှမဖြစ်ဘူး ညီညီအခန်းပြန်ပါတော့ "

" ကိုကိုနေသာရဲ့လား "

" အင်း "

ကျွန်တော်ကိုကို့ကို စောင်ခြုံပေးပြီး အခန်းထဲက ထွက်လာခဲ့လိုက်သည်။

ပျော်တော်ဆက်Where stories live. Discover now