Part 28

2.2K 159 6
                                    

Part 28

Kitမေ့မြောနေတာ နှစ်ရက်ရှီပြီ
Kit  ခန္ဓာကိုယ်လည်း ပိန်ပြီ အားမရှီတော့သလို့ အားဆေးသွင်းထားရသည်။

" ကိုကို ...ကိုကို   "

" Kit ! ...Kit! "

Kit နိုးလာပြီး အားဆေးသွင်းထားတဲ့ ပိုက်ကိုဖြုတ်ပစ်လိုက်သည် ပြီးတော့ ကုတင်ပေါ်က ဆင်းမဲ့လုပ်လို့  Kit ခန္ဓာကိုယ်ကို ထိန်းထားလိုက်ပြီး

" ဘာလုပ်တာလဲ  အားမရှီသေးပဲနဲ့   "

" ကိုကိုနားမှာပဲ နေချင်တယ်   "

" P ကအရေးပေါ်ခန်းထဲမှာပဲ ရှီသေးတယ်  ပြီးတော့ လူတွေ့ခွင့်က တစ်နေ့ တစ်ကြိမ်ပဲရတာ  "

" ဘာလဲ ခင်ဗျားသွားတွေ့ ပြီးပြီလား.  "

" ကျွန်တော်မဟုတ်ပါဘူး daddy ပါ အခု daddy Pနဲ့တွေ့နေတယ်  Kit ပြန်လှဲနေလိုက်ပါ   "

ကျွန်တော်ဆရာဝန်ခေါ်တဲ့ ဘဲကိုတီးလိုက်သည်  ဆရာဝန် ပြန်ရောက်လာပြီး Kitကိုဆေးထိုးအပ် ပြန်သွင်းပေးလိုက်သည် 

" ကျွန်တော် Kitကို အစာစားချင်တယ် နည်းနည်းလောက်တော့ စားပါ ကျွန်တော် ကိုယ့်တိုင် ဆန်ပြုတ် ပြုတ်ပေးမယ်လေ  "

" ခင်ဗျားက  ကျွန်တော်ကို သနားနေတာလား ဟုတ်တယ် ကျွန်တော်ဘဝမှာ ကိုကိုမရှီရင် ကျွန်တော်ဟာ သနားစရာကောင်းလောက်အောင် ရူးသွားမလားမသိဘူး ကိုကိုက ငယ်ငယ်လေးကတည်းက ကျွန်တော်ကို အရမ်းချစ်ခဲ့တာ ကျွန်တော်အိပ်မပျော်ရင် အိပ်ပျော်အောင် သီချင်းဆိုသိပ်ပေးတယ် ကိုကိုက နည်းနည်းနေကောင်းတာနဲ့ ကျွန်တော်ကြိုက်တဲ့ဟင်းချက်ပေးတယ် ကိုကိုမှာ ပိုက်ဆံနည်းနည်းရှီရင်တောင် ကျွန်တော်အတွက်ပဲ သုံးတယ်  ကျွန်တော်အတွက် ကိုကိုက မရှီမဖြစ်ပဲ  အဲ့ဒါကို ကိုကိုသိတယ် ကိုကိုသိရဲ့သားနဲ့ ကျွန့်တော်ရှေ့ မှာ အသက်မရှင်ချင်တော့ဘူး ပြောတယ်. ..ကျွန်တော် ..."

" ဆက်မပြောပါနဲ့တော့ ဆက်မပြောပါနဲ့   Kit  Pဘာကြောင့် အဲ့လိုပြောမှန်းမသိပေမဲ့   အဲ့ဒီစကားတစ်ခွန်းကို Kit မတွေးပါနဲ့  P အသက်ရှင်မှာပါ  "

ငိုနေတဲ့ Kirt ထထိုင်လာပြီး  ကျွန်တော်ကို လာဖက်သည် ကျွန်တော် Kirst ကျောကို ပုတ်ပေးပြီး နှစ်သိမ့်လိုက်သည်

" မငိုပါနဲ့  ကျွန်တော့်Oonဒီလိုဖြစ်တာ စိတ်ဆင်းရဲတယ်  ပြီးတော့ Kirstက အစားမသောက်နဲ့ ဒီလိုနေနေတာ ပိုပြီး စိတ်မကောင်းဖြစ်တယ် ကျွန်တော်ရှီနေသေးပါတယ် ကျွန်တော်အတွက်ပဲ ဖြစ်ဖြစ် အစားလေးနည်းနည်းတော့ စားပေးပါနော် "

" စားလိုမဝင်ဘူး ဒါပေမဲ့  ကျွန်တော်ကြိုးစားပြီး စားပါမယ် Singကို ကျွန်တော်ကြောင့် စိတ်မညစ်စေချင်ဘူး  "

" ကျွန်တော်ကိုယ့်တိုင် ပြုတ်ပေးပါမယ်  အခုခဏအိပ်လိုက်နော်  "

ဖတ်ထားနေရာကနေခွာပြီး  Kirst  ကိုလှဲစေလိုက်သည်

" ကျွန်တော်ခဏပဲ အိမ်ပြန်မှာ  နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်အောင် အိပ်နော်  "

Kitခေါင်းညိတ်လိုက်ပြီး မျက်စီမှတ်သွားသည် ကျွန်တော် Kitအတွက် အစာအစားကို ကိုယ့်တိုင်လုပ်ပေးချင်လို့ အိမ်ပြန်လာခဲ့လိုက်သည်

®®®®

Kong Pov;

အရေးပေါ်ခန်းထဲ ကျွန်တော် ဝင်ခွင့်ရခဲ့ပြီး
Oon ကိုတွေ့ခွင့်ရသည်  အသက်ရှုစက်တွေနဲ့ အသက်ရှုနေရတဲ့ ကလေးကို မြင်ရတာရင်နာမိသည်.  ကလေးလက်ကိုကိုင်ပြီး ကလေး မြန်မြန်ပြန်နိုးလာဖို့ မျှော်လင့်မိသည် 

" ဦးကို ချစ်တယ်ဆို  ဦးလည်းကလေးကို အရမ်းချစ်တယ် အဲ့ဒါကြောင့် အိပ်မနေပဲ နိုးလာပေးပါ  ကလေးမနိုးလာရင် ဦးကိုမချစ်လို့ပဲ ပြီးတော့ သားလေး Kitကို  သနားတော့အားဖြင့် နိုးလာပေးပါ ကလေးရယ်   "

အိပ်နေတဲ့ ကလေးမျက်ဝန်းထောင့်က မျက်ရည်စတွေ ကျလာသည်

" ဦးပြောတာကြားမှန်းသိပါတယ် အားမွေးပြီး နိုးလာပေးပါ ကလေး လက်မလျှော့လိုက်ပါနဲ့   "

ကျွန်တော် မျက်ရည်စတွေ ကလေး လက်ပေါ်ကျသွားသည် ပြန်နိုးလာပေးပါ ကလေးရယ်

ပျော်တော်ဆက်Where stories live. Discover now