Part 20

2.4K 153 10
                                    

Part  20

Kitကိုကိုအတွက် ခရုဆန်ပြုတ်ပြုတ်ပြီး Singက "ပြီးရင်သွားရအောင် Kit!
အစ်ကိုဗိုက်ဆာနေပြီပြောတာနဲ့ . ချက်ခြင်းပဲ ထွက်လာခဲ့လိုက်သည်။  ဆေးရုံရောက်ပြီး ကိုကိုအခန်းထဲဝင်တော့ daddyက ကိုကို့ကို ပန်းသီးခွံကျွေးနေတာ တွေ့ရသည်။

" Daddy!   "

" သားတို့လာပြီလား    "

" Daddy က ဒီရောက်နေတာပဲ    "

" ဟုတ်တယ် သားလေး daddyဝန်ထမ်းရဲ့ ကျန်းမာရေး အခြေအနေ လာကြည့်တာ ပြီးတော့ Oonကို ကြိုက်သလောက် အနားယူခိုင်းနေတာ "

Daddy ပြောတော့ ကျွန်တော်ဝမ်းသာသွားပြီး

" ကျေးဇူးတင်ပါတယ်  daddy  ကိုကိုက  အရမ်းပဲနေမကောင်းဖြစ်နေတာ ကုမ္ပဏီအတွက် မပူပန်စေချင်ဘူး   "

" Oonမျက်နှာကြည့်တာနဲ့ daddy သိပါတယ် Kit   "

Daddy Kit ကိုပြောပြီး
Oonဘက်လှည့်ကာ

" ဦးသွားတော့မယ်နော်  အစာစားဖို့မမေ့နဲ့  မစားချင်လည်း စားပေးရမယ် အဲ့တာမှ ဆေးကုတာ ခံနိုင်ပြီး ဆေးဒဏ်ကို ခံနိုင်မှာ  "

" ဟုတ်ကဲ့ ဦး   "

Daddyက အစ်ကို့ကိုပြုံးပြပြီး အခန်းပြင်ထွက်သွားသည်။ မာနကြီးတဲ့အစ်ကိုက daddy ကိုတော့ အချိုသာဆုံးပြုံးပြတယ် ပြီးတော့ daddy ကို ဦး တဲ့လား   

" ကိုကို ဆန်ပြုတ်သောက်ရအောင်
ညီညီခွံမယ် ကိုကိုက သွေးသွင်းနေတာဆိုတော့   "

ကျွန်တော်အစ်ကိုကို ထူပြီး ကုတင်နောက်မှာ ခေါင်းအုံးထားပြီး ကျောကို မှီစေလိုက်သည်။

" ကျေးဇူးတင်ပါတယ်  Sing ဘာလိုထပ်လာတာလဲ အလုပ်မရှီဘူးလား.  "

" ကျွန်တော်က ပန်းချီဆရာလေ
အစ်ကိုမေ့သွားပြီလား  . "

" အော် ဟုတ်သားပဲ   "

" ကိုကိုပါးစပ်ဟ.. "

ကိုကိုပါးစပ်ဟပေးပြီး ဆန်ပြုတ်တစ်ဇွန်းသောက်ပြီး ခေါင်းရမ်းသည်

" ဘာဖြစ်လို့လဲ ကိုကို    "

" အနံက တစ်မျိုးကြီး မသောက်ချင်ဘူး.  "

ပျော်တော်ဆက်Where stories live. Discover now