Part 31

2.1K 139 4
                                    

Part  31

Oonကျွန်တော်မျက်လုံးဖွင့်ဖွင့်ချင်း မြင်ရတဲ့သူက ကျွန်တော်လက်ကို ကိုင်ထားတဲ့  ညီညီကိုဖြစ်သည်။

" ကိုကို ..ကိုကို "

ညီညီမျက်နှာမြင်လိုက်တာနဲ့ မျက်ရည်က အလိုလိုစီးကျလာသည်။

" ကိုကို ..ကိုကို!  "

အစ်ကိုနိုးလာပြီလား ဆရာဝန်သွားခေါ်လိုက်မယ်  "

Singto ဆရာဝန်ကို သွားခေါ်သည်  P'Pem ရောက်လာတော့  

" Oon ကိုယ့်ကိုမြင်ရလား   "

ကိုကိုခေါင်းညိတ်သည်

"ဘာလို့မျက်ရည်ကျနေရတာလဲ Oon
စိတ်မဆင်းရဲ့ပါနဲ့ ရောဂါအတွက်မကောင်းဘူး   "

ကိုကို ကျွန်တော်လက်ကို ဆုပ်ကိုင်ထားသည်

" Kit Oonကို အနီးကပ် စောင့်ရှောက်စေချင်တယ် Oonကို တစ်ယောက်တည်းမနေခိုင်းပါနဲ့  "

" ဟုတ်ကဲ့   "

ဆရာဝန်က သေချာမှာပြီး ထွက်သွားသည် 

" ကိုကို ညီညီကို စကားပြောပါအုန်း ညီညီက ကိုကို့ကို အရမ်းလွမ်းနေတာ   "

" တောင်းပန်ပါတယ် ညီညီ   "

" ဘာကိုတောင်းပန်တာလဲ ကိုကို  "

" အစ်ကိုဖြစ်ပြီး ညီညီအပေါ် ဒုက္ခပဲအမြဲပေးနေလို့  ညီညီအတွက် ဒုက္ခရောက်စေမဲ့ အမွှာအစ်ကို အဖြစ်မွေးလာလို့  ကိုကို တောင်းပန်ပါတယ်  "

" အဲ့လိုမပြောပါနဲ့ ကိုကိုရှီလို့ ညီညီဘဝရပ်တည်နိုင်တာ ကိုကို က ညီညီအသက်ပါ   "

ကိုကိုသူပြောတာနားထောင်ပြီးမျက်စီမှိတ်သွားသည်  

"ကိုကိုနိုးလာပြီပဲ Sing အိမ်ပြန်လိုက်ပါ   "

" ကျွန်တော်အိမ်ပြန်ပြီး အိမ်မှာ P အတွက်အခန်းတစ်ခန်းစီစဉ်လိုက်မယ်  "

" Sing ကိုကိုအကြောင်းမသိဘူးပဲ ကိုကိုက
Singအိမ်ကို ဘယ်တော့မှ လိုက်နေမှာမဟုတ်ဘူး ကိုကိုအိမ်မှာပဲ ကျွန်တော်တို့ နေပေးမယ်  "

" နေပါမယ်  ညီညီ  "

ကိုကိုဆီကထွက်လာတဲ့စကားကြောင့်
kitအံသြသွားသည်။

" ကိုကို!  "

" ကိုကို  ညီညီနဲ့ လိုက်နေပါမယ်   "

" တကယ်လား P ! "

Singအံသြဝမ်းသာသွားပြီး မေးနေသည်။

"တကယ်လား  ကိုကို  "

" အင်း ညီညီ   "

" အဲ့ဒါဆို  ကျွန်တော် အိမ်မြန်မြန်ပြန်ပြီး
အခန်းစီစဉ်လိုက်မယ်  "

Singအခန်းထဲက မြန်မြန်ထွက်သွားသည်။ ကိုကို့ကို ထူပြီး ကျောနောက်ခေါင်းအုံးခုပြီး မှီစေလိုက်သည်။ပြီးတော့ ဖန်ခွက်မှာ ရေထည့်ပြီး ပိုက်တပ်ပေးပြီး ကိုကိုပါးစပ်နား တည့်ပေးလိုက်သည်

" တကယ်လား ကိုကို  "

" အင်း ညီညီ  "

ကိုကိုက ညီညီနားမှာလိုက်နေပြီး ညီညီဘဝကို ဖုန်းကွယ်ပြီး ညီညီကို ကာကွယ်ရမှာပေါ့  ညီညီက ပျော်တော်ဆက် မဟုတ်ဘူး  ကိုကိုကသာ ... ကိုကိုကသာလိုအပ်ရင် ညီနေရာမှာ အစားထိုးပြီး ဘဝရဲ့ အမဲစက်ကို ဖျက်ပေးချင်လိုက်တာ 

" ကိုကို ဘာဖြစ်လာတာလဲ ဘာကြောင့် ညီညီရှီနေတာတောင် အသက်မရှင်ချင်တော့ဘူးလို့ ဘာကြောင့်ပြောရတာလဲ  "

" ကိုကိုမှားသွားပါတယ်  "

ကျွန်တော် ကိုကိုဘေးနားမှာထိုင်ပြီး ကိုကို
ခန္ဓာကိုယ်ကို ကျွန်တော်ရင်ခွင်ထဲ ဆွဲသွင်းလိုက်ပြီး

" အရမ်းချစ်တယ် ကိုကို ညီညီအချစ်ဆုံးက ကိုကိုပဲ အဲ့ဒါကြောင့် နောက်အဲ့လိုမျိုးမပြောပါနဲ့ ညီညီရူးသွပ်သွားသလို ခံစားရလို့ပါ  "

" အင်း  "

ကိုကိုတောင်းပန်ပါတယ်ညီငယ်  ကိုကိုညီညီစိတ် ညီညီ အားနည်းချက်ကိုမသိပဲ သူစိမ်းအိမ်မှာ တစ်ယောက်တည်း ထားမိတဲ့ အတွက်တောင်းပန်ပါတယ် 

ပျော်တော်ဆက်Where stories live. Discover now