|| S W E E T ||

26.6K 1.3K 66
                                    


ငါ့နှလုံးသားတစ်​ခုလုံး ​ပေါက်​ကွဲထွက်​​တော့မယ်​ထင်
တယ်​  ။  ဒီလို ကိုးရို့ ကားယားဖြစ်​​နေတာလဲ အချစ်
ဆိုတာလား ♥  

SWEET MEMORIES WITH HIM

" SWEET "

ရက်​သတ္တပတ်​တခု၏ ပိတ်​ရက်​။  ကြည်​လင်​​နေတဲ့ ​ရာ
သီဥတု​ကြောင့်​   စိတ်​ပါရွှင်​မြူးပြီး  တက်​တက်​ကြွကြွ လန်းလန်းဆန်းဆန်းရှိ​နေတယ်​  ။  ပိတ်​ရက်​အချိန်​အခါ
မို့ အိပ်​​ရေးလဲဝ​နေပြီး သူငယ်​ချင်းနဲ့ပါ​တွေ့ဖို့ ချိန်းထား
တာမို့ အပြင်​ထွက်​လာခဲ့လိုက်​သည်​  ။ ရှူးဖိနပ်​ကြိုးကို
သေချာပြင်​ချည်​လိုက်​ပြီး  ထိုးဆိုက်​လာတဲ့ ဘတ်​စ်​ကား
ပေါ် ​ပြေးတက်​လိုက်​မိထဲက လုံးဝကိုကံဆိုး​တော့တာပဲ။
ထိုင်​ခုံမရလို့ မတ်​တပ်​ရပ်​စီးရတဲ့အပြင်​  တမှတ်​တိုင်​ပြီး
တမှတ်​တိုင်​  ကြိတ်​ကြိတ်​တိုးတက်​လာတဲ့ လူအုပ်
ကြောင့်​  လက်​ကိုင်​ကွင်းကိုသာ မိမိရရဖမ်းဆုပ်​ကိုင်
ထားမိ​တော့သည်​   ။

သွားပြီ  ။   များလိုက်​တဲ့ လူ​တွေ   ပိတ်​ရက်​ကျမှ စုပြုံ
ပြီး   အပြင်​ထွက်​လာကြတယ်​လို့ ။

လုံးဝကို  လှုပ်​မသာတဲ့အ​ခြေအ​နေထိ ပြည့်​ကြပ်​သွားတဲ့
လူ​တွေ ။  ​နောက်​တမှတ်​တိုင်​မှာသာ လူထပ်​တင်​ရင်
ကားဆရာကို  ​ပြေးသတ်​မိ​တော့မလားပဲ  ။  လက်​ကိုင်
ကွင်း တင်းတင်းဆုပ်​ကိုင်​ထားတဲ့လက်​​တွေလဲ နာလှပြီ။
ဒီ​နေ့မှ ထုတ်​စီးလာတဲ့ ဖိနပ်​ဖြူဖြူ​လေးဟာလဲ အနင်းခံ
ရလို့ အ​ရောင်​​တောင်​​ပြောင်းချင်​​နေပြီ  ။

ကျောပိုးလွယ်​အိတ်​ထဲက မြည်​လာတဲ့  ဖုန်းသံ ♪ ♪ ♪

အီးယား   ဒါ   ငါ့ဖုန်းပဲ ။  မလှုပ်​သာတဲ့အ​ခြေအ​နေမှာ
လွယ်​အိတ်​ထဲက ဖုန်းကိုထုတ်​ယူဖို့ မနည်းကြိုးစား​နေရ
တဲ့အချိန်​ ။  ​ကျောက​လွယ်​အိတ်​က ကိုယ့်​​နောက်​မှာ မတ်​တပ်​ရပ်​​နေတဲ့လူ နဲ့ ကိုယ်​ကြား ညှပ်​​နေတာ​ကြောင့်
အံကြိတ်​ပြီးကို  ဆွဲထုတ်​​နေရတယ်​ ။

Sweet Memories With HimWhere stories live. Discover now