|| ME ||

6.2K 1.1K 138
                                    


ဘတ်ဟျွန်းရဲ့ စာကြည့်စားပွဲလေးပေါ်မှာ သပ်သပ်ရပ်
ရပ်ခေါက်ပြီး တင်ထားတဲ့ ခေါက်ထီးအနက်ရောင်
လေး ရှိနေတယ် ။ ခေါက်ထီးလေးကို ဘတ်ဟျွန်းက
တယုတယကိုင်ပြီး နူတ်ခမ်းစွန်းလေးတွေ ကွေးညွှတ်
တဲ့အထိ ပြုံးကာ ကြည့်လေ့ရှိတယ် ။  အရင်ပိတ်ရက်
တုန်းက ကားပေါ်မှာ သူမေ့ကျန်ခဲ့တဲ့ ထီးလေးကို ယူ
လာခဲ့ပြီး  ရေစစ်ပြီး သပ်သပ်ရပ်ရပ်ခေါက်ထားလိုက်
တယ်  ။ နောက်ပိတ်ရက် သူ နဲ့ တွေ့ရင် ဒီထီးကလေး
ကို ပြန်ပေးပြီး  စကားတခွန်းလောက်တော့ ပြောဖြစ်
အောင် ပြောရမည် ။

စာကြည့်စားပွဲလေးမှာ  မီးအိမ်ကလေးဖွင့်ပြီး စာကြည့်
နေပေမဲ့ မျက်လုံးတွေကဒီထီးကလေးဆီရောက်ရောက်
သွားပြီး အကြောင်းမဲ့ ပြုံးတတ်၏ ။ သူ ပိုင်ဆိုင်တဲ့ အရာ
လေးတခုခု ကိုယ့်လက်ထဲ ရောက်နေတယ်ဆိုတဲ့ အသိ
က တော်တော်လေး ရင်ခုန်ဖို့ကောင်းတယ် ။ ဒီထီးက
လေးရဲ့ လက်ကိုင်ကို သူ့လက်နဲ့ ထိတွေ့ကိုင်တွယ်ဖူး
တယ်ဆိုတဲ့  အသိကြောင့်  ကျွန်တော့်လက်တွေက ထီး
လေး၏ လက်ကိုင်ကို ထိတွေ့သွားမိသည် ။

နောက်ရက်ကျရင်တော့ မင်းကို ပိုင်ရှင်ဆီ ပြန်ပို့ပေးမှာ
ပါ ။ ဒီရက်ပိုင်း ငါ့ဆီမှာ ရှိနေတဲ့အတောအတွင်း မင်းရဲ့
ပိုင်ရှင်ကတော့ မင်းကို ပျောက်လို့လိုက်ရှာနေလိမ့် မ
လား ။ မင်းကို သူက လွယ်အိတ်လေးထဲမှာ အမြဲ ထား
သလား ?

ီထီးလေးကို  ဖွင့်လျက်သား စာမျက်နှာဖြူဖြူလေးပေါ်
ကို တင်ထားလိုက်ပြီး  ဖုန်းကင်မရာနဲ့ ပုံလေးတပုံ ရိုက်
ယူလိုက်တယ် ။

အခန်းထောင့်နားမှာ အခြောက်ခံထားတဲ့ နောက်ထပ်
ထီးအနက်လေးတချောင်း ရှိနေခဲ့သေးတယ် ။ မနက်
ဖြန် ကျောင်းရောက်ရင် ဆရာမယူရာဆီသွားပြီး ဒီထီး
လေးကိုလဲ ဘတ်ဟျွန်း သွားပြန်ပေးရဦးမှာ ။ နောက်
ရက်တွေမှာ  သေချာပေါက် ထီးတချောင်းတော့ ဘယ်
သွားသွား  လွယ်အိတ်ထဲထည့်ဆောင်ထားသင့်ပြီ ။ စာ
ကြည့်စားပွဲလေးမှာ ထိုင်ပြီး စာကြည့်လိုက်၊ ပျင်းလာရင်
လိုင်းဖွင့်ပြီး  သူ့အကောင့်လေးထဲဝင်  သူ share
ထားတဲ့  သီချင်းလေးတွေ  နားထောင်ဖြစ်တယ်  ။

Sweet Memories With HimWhere stories live. Discover now