||WITH ||

7.2K 980 21
                                    


ယောလ်​ ။ဂီတာအိတ်​ကို​ကျောမှာလွယ်​ထားပြီး မတ်
တပ်​ရပ်​​နေတဲ့​ယောလ်​က ကျွန်​​တော်​နဲ့အကြည့်​ချင်းဆုံ
နေမိသည်​ ။ ကျွန်​​တော်​အကြည့်​မလွှဲနိုင်​​အောင်​ ​ငေး
ကြည့်​​နေမိတဲ့အချိန်​မှာပဲ ​ယောလ်​ဘက်​ကစလို့အကြည့်
လွှဲသွားခဲ့ပြီး အဖွားတို့ကိုပြုံးရယ်​ပြလိုက်​တဲ့ ​ယောလ်​။
ပြုံးလိုက်​တာပဲ ​ယောလ်​က ။ ရုတ်​တရတ်​ အရာအားလုံး
ရပ်​တန့်​ပစ်​လိုက်​သလိုမျိုး ။ မဟုတ်​ဘူး ကျွန်​​တော့်
ကမ္ဘာက ရပ်​တန့်​သွားခဲ့တာ ။ ​ယောလ်​က ပြုစားလိုက်
တာ  ။

"  အ​ရှေ့ထွက်​ပြီး  စာအုပ်​ဖတ်​​နေတာလား အဖွားရဲ့"

ယောလ်​ရဲ့အသံ ။ အား   ကျွန်​​တော်​ရူး​တော့မှာပဲ ။
ယောလ်​ကကျွန်​​တော့်​အနားကို​ရောက်​လာပြီး အဖွား
တွေကို စကားငုံ့​ပြောလိုက်​​တော့ ကျွန်​​တော့်​နှာ​ခေါင်းထဲ
တိုးဝင်​လာတဲ့ ကိုယ်​သင်းရနံ့ ။နီးနီးကပ်​ကပ်​ အ​နေ
အထား  ။ အိမ်​မက်​​တွေများလား ။ အ​ဝေးက​နေ​မျှော်
ကြည့်​ခဲ့ရတဲ့သူက အခု​တော့ ကျွန်​​တော့်​အနားမှာတဲ့
လား  ။

" ဘတ်​ဟျွန်း  ​ရောက်​​နေပြီပဲ ! အဖွား​တွေနဲ့​တောင်​ဆုံ
ပြီးပြီ​ပေါ့ "

အနားကို​ရောက်​လာတဲ့ ​ဂေဟာမှူး၏စကား​ကြောင့်
ယောလ်​က ကျွန်​​တော့်​အား ​ခေါင်း​စောင်းကာကြည့်​ချိန်​၊
ကျွန်​​တော်​က ​ယောလ်​အား ​ငေးကြည့်​မိချိန်​ ။ထပ်​မံ
အကြည့်​ချင်းဆုံမိသည်​က ဒုတိယအကြိမ်​​မြောက်​ ။

" မ မင်္ဂလာပါ   ​ဗြောင်​ဘတ်​ဟျွန်းပါ  "

ထစ်​ထစ်​​ငေါ့​ငေါ့နဲ့ ​ယောလ်​ရဲ့မျက်​နှာကို​ငေးကြည့်​မိ
ရင်း နူတ်​ဆက်​လိုက်​မိ​လေ​တော့ အဖွား​တွေရဲ့ရယ်​သံ
က ထွက်​​ပေါ်လာတာမို့ ရှက်​လွန်းလို့ ​ခေါင်းကိုငုံ့ပစ်
လိုက်​မိ​တော့သည်​။ ​သေလိုက်​ပါလား ဘတ်​ဟျွန်း​ရေ။
ရှက်​ဖို့​ကောင်း​အောင်​ကွာ  ထစ်​​ငေါ့​နေရလား ။

"  ပတ်​ချန်း​ယောလ်​ ပါ "

မျက်​စိ​ရှေ့ကို​ရောက်​လာတဲ့ ​ယောလ်​ရဲ့လက်​တဖက်​ ။
မျက်​လုံးအစုံပြူးကျယ်​သွားကာ ​ယောလ်​အား ​မော့
ကြည့်​မိသွား၏ ။ မျက်​နှာထားက မတင်း​နေ​ပေမဲ့ အ
ရယ်​အပြုံးလဲမရှိ  ။သို့​ပေမဲ့ ​ယောလ်​ကကိုယ့်​ကိုလက်​ဆွဲ
နူတ်​ဆက်​ချင်​ပုံရသည်​မို့ ​ယောလ်​ရဲ့လက်​ကိုမရဲတရဲ
ကိုင်​လိုက်​မိ​တော့သည်​ ။  ​ယောလ်​က ကျွန်​​တော့်​ကို
ရူး​အောင်​လုပ်​​နေတာ ။

Sweet Memories With HimWhere stories live. Discover now