| | AGAIN | |

6.1K 1.2K 53
                                    


အားကုန်သုံးလို့ပြောလိုက်ရတဲ့  ဝန်ခံစကား ၊ နူတ်ခမ်း
တွေကို  တင်းတင်းစေ့ကာမောဟိုက်နေတဲ့  အသက်ရှူ
သံပြင်းပြင်း နဲ့ စိတ်တွေလှုပ်ရှားနေတယ်  ။  သူ့ရဲ့လက်
ကို မလွတ်မိဘဲ   ခပ်တင်းတင်း ဆုပ်ကိုင်ထားကာ သူ့
မျက်နှာကိုကြည့်ရင်း   အတိုင်းမဆမရှိ ရင်ခုန်သည် ။ဒီ
လိုနေ့အတွက်   လွန်ခဲ့တဲ့နှစ်နှစ်ထဲက ကျွန်တော် မျှော်
လင့်ပြီး   ရူးသွပ်ခဲ့ရသည်  ။ သူ့နူတ်ခမ်းတွေ ဖွင့်ဟလို့
ထွက်လာတဲ့  စကားတခွန်းကို  ကျွန်တော်  ရင်ဘတ်
တခုလုံး   ပေါက်ကွဲထွက်မတတ် စိတ်လှုပ်ရှားနေတယ်။

ကျေးဇူးပြုပြီး  မင်း ငါ့ကို  တခုခုတော့  ပြန်ပြောပေးပါ။
ဒီလိုအခြေအနေမှာ  ငါ့စိတ်က ပုံမှန် မဟုတ်တော့ဘူး။
ကြားရလား ၊ ခံစားမိလား  ။ ငါ စိတ်တွေ လှုပ်ရှားနေ
တယ်  ။ ပုံမှန်မဟုတ်တဲ့ ငါ့ရင်ခုန်သံတွေ မင်း ကြားနေ
ရလား ။ 

"  ကျွန်တော်  ချန်းယောလ်ကြောင့် ထပ်ပြီး မနာကျင်
ချင်တော့ဘူး   "  တဲ့ ။

ကျွန်တော့်လက်ထဲက လွတ်ထွက်သွားတဲ့  သူ့လက်  ၊
ကျောခိုင်းသွားတဲ့  သူ့ရဲ့ကျောပြင် ၊ အရာအားလုံးက
ပြန်လည်အသက်ဝင်လာခဲ့သည် ။ တဖြေးဖြေး ဝေးကွာ
သွားတဲ့  သူ့ကျောပြင်ကို ငေးကြည့်ရင်း  ကျွန်တော်
ကျောက်ရုပ်တရုပ် ဖြစ်ကျန်ရစ်ခဲ့သည် ။  မှုန်ဝါးလာတဲ့
သူ့ပုံရိပ် ၊  ပါးပေါ် စီးကျလာတဲ့  ပူပူနွေးနွေး မျက်ရည်
စီးကြောင်းတွေ ။

ငါ မင်းကို ဆုံးရှုံးရမှာကို သေမလောက် ကြောက်တယ်။

မိနစ် ၂၀ ၊ နာရီဝက်  ကျွန်တော်  သူထားရစ်ခဲ့တဲ့ အဲ့ဒီ
နေရာမှာပဲ  တိတ်တဆိတ် ကျန်ရစ်နေခဲ့တယ် ။ အစိတ်
စိတ်အမွှာအမွှာ ကွဲကြေနေတဲ့  နှလုံးသားက သိပ်ကို
နာကျင်ပင်ပန်းနေတယ် ။ ဖြတ်သန်းသွားလာနေတဲ့ လူ
အများကြား  ကျွန်တော်က အသက်မဲ့နေတဲ့ လူ တစ်
ယောက်လို  လှုပ်ရှားခြင်းမရှိဘဲ တိတ်ဆိတ်နေခဲ့တယ်။

တရိပ်ရိပ်သွားနေတဲ့  ဘတ်စ်ကားပေါ်မှာ  မှန်တံခါး က
နေ တဆင့်အပြင်ဘက်ကို ငေးကြည့်ရင်း အသိစိတ် မ
ကပ်တဲ့  လူတယောက်လို  ဘတ်ဟျွန်း ငြိမ်သက်နေ
သည်  ။  နီရဲနေတဲ့  မျက်ဝန်းတွေက စီးကျလာတဲ့ မျက်
ရည်တွေကိုတောင်  ဘတ်ဟျွန်း သတိထားပုံပေါ် မပေါ်
နိုင်အောင်  အသက်မရှိသလို မျက်လုံးတွေနဲ့ လှုပ်ရှားမှု
မရှိ  တိတ်ဆိတ်နေသည် ။

Sweet Memories With HimWhere stories live. Discover now