တမင်တကာကို ခြေလှမ်းတွေ နောက်ပြန်ဆုတ်နေမိ
တယ် ။ ကျွန်တော်မပါဘဲ လျှာက်လှမ်းနေတဲ့ သူ့ရဲ့
နောက်ကျောပြင်ကို ငေးမောရင်း မျက်ရည်တွေက ကျ
လာတယ် ။ တရွေ့ ရွေ့ သွားနေတဲ့ သူ့ကို ငေးကြည့်
ရင်း ကျွန်တော့်လက်ထဲက ထီးငယ်လေးကို တင်းတင်း
ဆုပ်ထားမိတယ် ။ အုံ့မှိုင်းလာတဲ့ မိုးကောင်ကင်က
လေတချက်အဝှေ့ မှာ မိုးစက်တွေ သည်းထန်လာတယ်၊
ရုတ်တရတ်ကြီး မိုးရေစက်တွေကြားကနေ လှည့်ကြည့်
လာတဲ့ သူ့ရဲ့အပြုံးတပွင့်ကို ကျွန်တော် မြင်လိုက်တယ်။မဆိုင်းမတွဘဲ နောက်ဆုတ်နေမိတဲ့ ခြေလှမ်းတွေက
ရှေ့ကို ပြန်တိုးဖို့ပြင်ဆင်တော့တယ် ။ အဲ့ဒီအချိန်ထဲက
ကျွန်တော် သိလိုက်ရတယ် ။ ကျွန်တော် သူ့ကို မေ့မ
ထားနိုင်ဘူးဆိုတာကိုပေါ့ ။-------
တတီတီ မြည်လာတဲ့ ဖုန်းသံကြောင့် ကျွန်တော့် မျက်
လုံးတွေကို မဖွင့်ချင်ဖွင့်ချင်နဲ့ ဖွင့်လိုက်တော့ အခန်းထဲ
ကို မနက်ခင်းအလင်းရောင်က တော်တော်လေး ဝင်
ရောက်နေပြီ ။ မက်မိတဲ့ အိမ်မက်ကို ပြတ်ပြတ်သား
သား မှတ်မိနေတော့ ကျွန်တော် တချက်ရယ်မိတယ် ။
သူ့အပြုံးတချက်မှာတင် နောက်ဆုတ်နေတဲ့ ခြေလှမ်း
တွေက ရှေ့ကို ဆက်တိုးသွားသတဲ့ ။ အိမ်မက်ထဲမှာ
တောင် ကျွန်တော်က အရှုံးသမားပဲ ။နှစ်ကြိမ်မြောက် ဖုန်းသံကြောင့် အိပ်ယာပေါ်ကနေ လူး
လဲထထိုင်ပြီး ဖုန်းကို ယူကြည့်လိုက်တော့ တက္ကသိုလ်
တုန်းက အတန်းလစ်ပေါ် သူငယ်ချင်းအကောင်ပဲ ။ ဖုန်း
ကိုင်လိုက်တာနဲ့ တဖက်က အသံက နားထဲ စူးခနဲ ဝင်
လာတယ် ။"ဟေ့ကောင် အသက်မှရှိသေးရဲ့လား နည်းနည်းပါးပါး
သတိတရရှိပေးဦးမှပေါ့ကွ ဟမ် "တဖက်က ဂျွန်လေးရဲ့အသံကြောင့် ဘတ်ဟျွန်း ရယ်
မောရင်း စားပွဲတင်နာရီလေးကို လှမ်းကြည့်လိုက်တော့
အချိန်က ကိုးနာရီတောင် ထိုးတော့မယ် ။" လာခဲ့ပါ့မယ်ကွာ ဒီနေ့လည် ၂ခွဲ လူအစုံမလား နား
ညီးအောင် စကားကို ပြောနေတာ "
![](https://img.wattpad.com/cover/184480288-288-k241710.jpg)