”|| I Love You More Than I Can Say || ”လာမဲ့ပိတ်ရက်မှာ နှစ်ယောက်ထဲ ဒိတ်လုပ်ဖို့ သူက ဆို
လာတော့ အရှိန်ပြင်းပြင်းလေး ပေါက်ကွဲသွားတဲ့ ဒီ
နှလုံးသားလေးက ထိန်းမနိုင်သိမ်းမနိုင်ပဲ ။ စာ လေး
တစောင်ပို့လာရင်း သူက ချစ်စရာကောင်းအောင်
တောင်းဆိုတတ်သည် ။ တခါတလေ ချန်းယောလ်က
ချစ်စရာကောင်းလွန်းတယ် ။ မျက်လုံးအိမ်ကြီးကြီး
လေးတွေက ပြူးကျယ်သွားတဲ့အခါတိုင်း အမြတ်တနိုး
ငေးပြီး လိုက်ပါရယ်မိသည် ။ ဂုတ်ပိုးကို လက်ဖဝါးနဲ့
ပွတ်သပ်ပြီး တခုခုပြောဖို့အားယူနေတဲ့အချိန်တိုင်း ဂနာ
မငြိမ်တဲ့ အပြုအမူတိုင်းကလဲ အမြတ်တနိုးငေးမော
စရာ ။✉ ကိုယ်တို့ ပိတ်ရက်မှာ ဒိတ်လုပ်ကြရအောင်နော် ✉
ပြန်စာလေးကို ” ချန်းယောလ် သဘော ” လို့ ပြန်ပြော
လိုက်ပြီး အောက်နူတ်ခမ်းကို သွားနဲ့ဖိကိုက်လိုက်
တယ် ။ ရင်ခုန်စိတ်လှုပ်ရှားမိတာက အခုချိန်ထဲကပဲ
ချန်းယောလ်ရဲ့ ။ အဲ့ဒီနေ့ကို ကြိုတွေးပြီး စိတ်ထဲကနေ
ကြည်နူးပြီး စိတ်လှုပ်ရှားလာမိသည် ။ ကျွန်တော်တို့
ထပ်ပြီး မနာကျင်စေရတော့သလို မဝေးကြမဲ့ကတိ
တွေ အပြန်အလှန်ပေးကြမယ် ။ နေ့ရက်တိုင်းက ပျော်ရွှင်စရာတွေဖြစ်အောင် ဖန်တီးယူရမယ် ။ အဲ့ဒီ
လိုဆိုရင်ကော အဆင်ပြေတယ်မဟုတ်လား ။သာမန်နေ့တွေထက် နှစ်ဆပိုပျော်ရွှင်ကြမယ် ။ ကတိ
တွေပေးပြီး တည်နိုင်အောင် လုပ်ကြမယ် ။ လက်တွေ
ကို ခိုင်ခိုင်တွဲကြမယ် ။ အတူတူလျှောက်လှမ်းကြမယ် ။
ပျော်ရွှင်စရာတွေ ဝေမျှကြမယ် ။ ပင်ပန်းတဲ့အချိန်တိုင်း
နာကျင်ရတဲ့အချိန်တိုင်း ကျွန်တော့်လက်နှစ်ဖက်စလုံး
နဲ့ ပွေ့ဖက်ပြီး နှစ်သိမ့်ပေးပါ့မယ် ။ အဆင်ပြေသွားမဲ့
အချိန်ထိ အနားမှာ ရှိနေပေးပြီး ကာကွယ်ပေးပါ့
မယ် ။ ချစ်ရတဲ့သူ့ကိုမြင်ရင် ငေးကြည့်ရုံနဲ့ ကျွန်တော်
ပျော်ရွှင်ရပါတယ် ။✉ ချစ်တယ် ဘတ်ဟျွန်းနီ ✉
ဒုတိယအကြိမ်ပို့လာတဲ့ စာလေးမှာ မျက်လုံးတွေ ပိတ်
သွားတဲ့ ရယ်လိုက်တယ် ။ အလုပ်ခွင်မှာဆိုတာကို
တောင်မေ့လျော့ပြီး ဖုန်းထဲကစာကိုပဲ အာရုံစိုက်နေမိ
တယ် ။ မတွေ့ကြရတဲ့အချိန်မှာ စာတွေ အပြန်အလှန်
ပို့ကြတဲ့အခါတိုင်း စိတ်လှုပ်ရှားပြီး ရင်ခုန်ရတယ် ။